Top News

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာရှရှိ တရုတ်စီမံကိန်းအများအပြား နှောင့်နှေး
24htopnews | November 22, 2024 9:12 AM CST

သီရိလင်္ကာရှိ လူလုပ်ကျွန်းမှသည် ဘင်္ဂလားဒေ့ရှ်မှ တံတား၊ နီပေါနှင့်အင်ဒိုနီးရှားမှ ရေအားလျှပ်စစ် စီမံကိန်းများအထိ ပါဝင်သော တရုတ်၏ ဒေါ်လာ ထရီလျံနှင့်ချီသည့် Belt and Road အစီအစဉ်သည် ကူးစက်မှု ပြင်းထန်သော ကိုရိုနာဗိုင်းရပ်စ်၏သက်ရောက်မှု အကျိုးဆက်များကြောင့် တုံ့ဆိုင်း နေပြီ ဖြစ်သည်။

ဒီဇင်ဘာ နှောင်းပိုင်းက တရုတ်တွင် စတင်ဖြစ်ပွားခဲ့သည့် ကိုုရိုနာဗိုင်းရပ်စ်သည်  အခြားနိုင်ငံ အများအပြားသို့ ကူးစက်သွား ခဲ့ပြီး အခြေခံအဆောက်အအုံ စီမံကိန်းကြီး များ လည်ပတ်ရန် လိုအပ်သော တရုတ် အ လုပ်သမားများနှင့် ကိရိယာတင်သွင်းမှုများကို ရပ်ဆိုင်းသွားစေခဲ့သည်။

တရုတ်နိုင်ငံသားများ သို့မဟုတ် တရုတ် သို့ သွားရောက်ခဲ့သူများအား နိုင်ငံ ၁၃၃ နိုင်ငံ ကျော်က ဝင်ရောက်ခွင့် ကန့်သတ်ထားကြောင်း တရုတ်အမျိုးသား လူဝင်မှု ကြီးကြပ်ရေး အေဂျင်စီက ထုတ်ပြန်ထားသည်။

တရုတ်တွင် လူ ၂၈၀၀ နီးပါး သေဆုံး စေခဲ့ပြီး လူ ၇၉၀၀၀ နီးပါး ကူးစက်ခံခဲ့ရပြီး ဖြစ်သည့်  ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် အတွက် တရုတ်ကိုယ်တိုင်ကလည်း နိုင်ငံအတွင်း ခရီးသွားလာမှုများကို ကန့်သတ်ထားသည်။

တရုတ်မှ ရောက်လာသူများအား  ၁၄ ရက်ကြာ သီးခြားခွဲထား စောင့်ကြည့်ထိန်း ချုပ်ရန် ဆောင်ရွက်နေပြီး တရုတ်နိုင်ငံသား များသည်လည်း သက်ဆိုင်ရာ လုပ်ငန်းခွင် အတွင်း၌သာ နေထိုင်ရန် စီမံကိန်းကုမ္ပဏီ များက ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထား သည်။ ကိုလံဘို ဆိပ်ကမ်းမြို့ စီမံကိန်းသည် လန်ဒန်အလယ်ပိုင်း အရွယ်အစားခန့် ရှိပြီး တောင်အာရှ၏အကြီးဆုံး ဘဏ္ဍာရေး ဗဟို ချက် ရှိမည့် လူလုပ်ကျွန်း ဖြစ်သည်။

တရုတ်နှစ်သစ်ကူး အားလပ်ရက်အ တွက် ပြန်သွားကြသည့် တရုတ်အလုပ်သမား သုံးပုံတစ်ပုံခန့်သည် သီရိလင်္ကာသို့ ပြန် မ လာခဲ့သောကြောင့် ယင်းဆိပ်ကမ်းမြို့စီမံ ကိန်းသည် ပက်ကျိအရှိန်နှင့် ရှေ့ဆက်နေရ သည်။ ကိုလံဘို မြို့လယ်တွင် တရုတ် အကူ အညီနှင့် တည်ဆောက်နေသည့်  တောင် အာရှ၏အမြင့်ဆုံး ဆက်သွယ်ရေး မျှော်စင် ကို မတ်လတွင် ဖွင့်လှစ်ရန် စီစဉ်ထားခဲ့ပြီးမှ နှစ်လ နောက်ဆုတ်ထားခဲ့ရသည်။

“သီရိလင်္ကာမှာ ရှိတဲ့ အဓိက စီမံကိန်း တွေကို တရုတ်က ငွေထောက်ပံ့ထားတာပါ။ တရုတ်အလုပ်သမားအများစုကို အလုပ်ပေး ထားပါတယ်။ အဲဒီတော့ ဒီစီမံကိန်းတွေ ထစ်ငေ့ါကုန်ပါတယ်” ဟု သီရိလင်္ကာ ဆောက်လုပ်ရေး လုပ်ငန်းများအဖွဲ့ချုပ် အတွင်းရေးမှူး နစ်ဆန်ကာဝီဂျရတ်နေက ပြောကြားခဲ့သည်။

“ကျွန်တော့် တရုတ် လုပ်ဖော်ကိုင်ဖက်တွေက ပြန်လာချင်ကြပါတယ်။ ဒါပေမဲ့ သီရိလင်္ကာတွေက သူတို့နဲ့ အလုပ်လုပ်ဖို့ ကြောက် နေကြပါတယ်” ဟု မိသားစု အမည် ရှား ဟုသာ သိရသည့် တရုတ်အလုပ်သမား ခေါင်းဆောင်က ပြောကြားခဲ့သည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း မှ အလုပ်သမားအားလုံးကို တစ်နေ့လျှင် အ ကြိမ်များစွာ အပူချိန်တိုင်းပြီး နှာခေါင်းစည်း များ၊ လက်သန့်ဆေးရည်များကို ဖြန့်ဖြူးပေး နေသည်ဟုလည်း ဆိုသည်။

ဆိပ်ကမ်းမြို့စီမံကိန်း နှေးကွေးမည်ကို စိုးရိမ်၍ လုပ်ငန်းခွင်သို့ ပြန်လာသည့် တရုတ် ထိပ်တန်း ဦးဆောင်သူ နှစ်ဦးကို ကြယ်ငါး ပွင့် ဟိုတယ်တွင် ထားပြီး ထိန်းချုပ်စောင့် ကြည့်နေကြောင်း စီမံကိန်းမန်နေဂျာ ဘီမယ် ဂိုနာဒူဝါဂီက ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုက နိုင်ငံ ရပ်ခြား ရင်းနှီးမြှုပ်နှံမှုများအတွက် အခက် အခဲများ ဖြစ်စေကြောင်း နိုင်ငံပိုင်ကုမ္ပဏီ များ စည်းမျဉ်းထိန်းချုပ်ရေး ကော်မရှင်က ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့ သည်။ အချို့နိုင်ငံပိုင်လုပ်ငန်းများသည် နိုင်ငံ ရပ်ခြားသို့ လွှတ်မည့်သူများအား တရုတ်၌ ၁၄ ရက် သီးခြားခွဲထား ထိန်းချုပ်ပြီး သွား ရောက်လုပ်ကိုင်မည့်နိုင်ငံတွင် လုပ်ငန်းခွင် မဝင်မီ နောက်ထပ် ၁၄ ရက် ထပ်မံစောင့် ကြည့်ခံရကြောင်း တရုတ်အစိုးရ၏ Assets Supervision and Adminstration Commission မှ အတွင်းရေးမှူးချုပ် ဖိန်ဟွာကန်က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်က တရုတ်အလုပ်သမား များအပါအဝင် တရုတ်ခရီးသွားများအား ဗီဇာထုတ်ပေးခြင်းကို ရပ်ဆိုင်းထားပြီဖြစ် သည်။ ဘင်္ဂလားဒေ့ရှ်တောင်ဘက် ပေရာ ဆိပ်ကမ်းတွင် ၁၃၂၀ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံကို Bangladesh China Power ကုမ္ပဏီက တည်ဆောက်နေသည်။ ဒေါ်လာ ၂.၅ ဘီလျံ ရင်းနှီးမြှုပ်နှံမှု ရှိသည့် ထိုစီမံကိန်း ကို တရုတ်က ငွေကြေးထောက်ပံ့ထားပြီး တရုတ်အလုပ်သမား ၃၀၀၀ ခန့် လုပ်ကိုင်နေ သည်။ ထိုအထဲမှ သုံးပုံနှစ်ပုံခန့်သည် ဇန်န ၀ါရီက နှစ်သစ်ကူးအားလပ်ရက်အတွက် တရုတ်သို့ ပြန်သွားခဲ့ကြောင်း စီမံကိန်း မန် နေဂျာ အဗ္ဗဒူမူလာက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အစီအစဉ်က ရှေ့လမှာ အပြည့်အဝ လည်ပတ်မှု စတင်ဖို့ပါ။ ဒါပေမဲ့ တရုတ်အလုပ်သမား ၃၀၀ လောက် ဒီလထဲ ပြန်မလာဘူးဆိုရင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုက နှောင့်နှေးနိုင်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံပိုင် China Major Rail way Bridge  ကုမ္ပဏီက တည်ဆောက်နေ သော ဒေါ်လာ ၃.၅ ဘီလျံ Padma ဘက်စုံသုံး တံတားစီမံကိန်းမှ တရုတ်အလုပ်သမား ၉၈၀ အနက် သုံးပုံတစ်ပုံနီးပါးသည် ပြန် မလာသေးကြောင်း စီမံကိန်းမန်နေဂျာ ဒေဝမ်အဗ္ဗဒူကာဒါက ပြောကြားခဲ့သည်။

အင်ဒိုနီးရှား၏ဆူမတ်တြားကျွန်းမှ တရုတ်ကျောထောက်နောက်ခံပြု Batang Toru ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသည် တရုတ်အလုပ်သမားများ မရှိသော ကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားရသည်။ အင်ဒိုနီးရှားအစိုးရသည် တရုတ်နှင့် လေ ကြောင်း ဆက်သွယ် ပျံသန်းမှုများကို ရပ် ဆိုင်းထားသည်။ ဒေါ်လာ ၆ ဘီလျံရင်းနှီးမြှုပ် နှံထားသည့် ဂျကာတာ-ဘန်ဒေါင်း အမြန် ရထား စီမံကိန်းလည်း ကြန့်ကြာနေကြောင်း အင်ဒိုနီးရှား ရင်းနှီးမြုပ်နှံမှု ဝန်ကြီးက ပြော ကြားခဲ့သည်။

တရုတ်က ထောက်ပံ့ထားသည့် ရေ အား လျှပ်စစ်စီမံကိန်း တစ်ဒါဇင်ကျော်ရှိ သော နီပေါတွင်လည်း တရုတ်အလုပ်သမား များ ပြန်မလာကြသေးပေ။

“တရုတ်အလုပ်သမားအများစုက အထူးပြုကျွမ်းကျင်သူတွေပါ။ သူတို့နေရာ မှာ ဒေသခံတွေနဲ့ အစားထိုးဖို့က မလွယ်ပါဘူး” ဟု နီပေါတာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။

စရိတ်လျှော့ချရန်နှင့် သဘာဝပတ်ဝန်း ကျင်နှင့် လိုက်လျောညီထွေရှိရန် စီမံကိန်း များအား ပြန်လည်စေ့စပ်ညှိနှိုင်းနေမှု ကြောင့် တရုတ်၏ Belt and Road  စီမံကိန်း များ တု့ံဆိုင်းနေစဉ် ကိုရိုနာဗိုင်းရပ်စ်က ထိ ခိုက်မှု ဖြစ်ခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီက ဗိုင်းရပ်စ်ကြောင့် ကာလ ရှည်ကြာ ကြန့်ကြာမှုများသည် အာရှတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ နှေးကွေး နိုင်သည်ဟူသော စိုးရိမ်မှုများကို ပယ်ချထား ပြီး အပျက်သဘော သက်ရောက်မှုများ မရှိနိုင်ဟု ပြောကြားထားသည်။      

 

 

 


READ NEXT
Cancel OK