ဘဏ္ဍာရေးဝန်ကြီးဟောင်း James Marape သည် မေ ၃၀ ရက်တွင် ပါပူအာနယူးဂီနီ၏ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင် မြှောက်ခံခဲ့ရပြီးနောက် ပြည်ပရေနံဓာတ်ငွေ့ကုမ္ပဏီများကို သတိပေးသည့် အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်သည့် မိန့်ခွန်းတစ်ခုကို ချက်ချင်းပြောကြားခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီးဟောင်း Marape သည် နိုင်ငံခြားသစ်ထုတ်လုပ်သည့်ကုမ္ပဏီများကို သတိပေးခဲ့ပြီး Total နှင့် Exxon Mobil တို့နှင့် လတ်တလောချုပ်ဆိုခဲ့သည့် ဒေါ်လာ ၁၃ ဘီလျံတန်ဖိုးရှိ သဘာဝဓာတ်ငွေ့စီမံကိန်း LNG ကို ကျောထောက်နောက်ခံပြုခဲ့သည့် ရင်းမြစ်ဆိုင်ရာဥပဒေကို ပြင်ဆင်မွမ်းမံမည်ဟု ကတိပြုခဲ့သည်။
ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး နာရီအနည်းငယ်အကြာတွင် Marape က “ရင်းနှီးမြှုပ်နှံသူတွေကို မောင်းထုတ်ဖို့ ကျွန်တော် မရည်ရွယ်ပါဘူး။ ကျွန်တော်တို့ရဲ့ သဘာဝရင်းမြစ်ဥပဒေတွေက ခေတ်မမီတော့ပါဘူး” ဟု ဧရာမ LNG စီမံကိန်းကို ရည်ညွှန်းပြီး ပါလီမန်အမတ်များကို ပြောကြားခဲ့သည်။
နိုင်ငံအတွက် ရင်းမြစ်ဥပဒေများကို ပြင်ဆင်မွမ်းမံရန်အတွက် ၎င်းတွင် အခွင့်အရေး ရှိကြောင်း နိုင်ငံရှိ သဘာဝရင်းမြစ်များမှ အကျိုးအမြတ်ရရှိမှုများကို စစ်ဆေးသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။
အာရှ၏ ချွတ်ခြုံကျအဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ပါပူအာနယူးဂီနီသည် ဧရာမသဘာဝဓာတ်ငွေ့တွင်းများအပါအဝင် သဘာဝရင်းမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သည်။
ဧပြီတွင် လက်မှတ်ရေးထိုးခဲ့သည့် ExxonMobil နှင့် Total Papua LNG စီမံကိန်းသည် ပါပူအာနယူးဂီနီ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှုကို နှစ်ဆနီးပါးမြင့်တက်လာနိုင်ခြေရှိပြီး ယင်းနိုင်ငံကို ဓာတ်ငွေ့တင်ပို့မှုတွင် အရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်စေနိုင်သည်။
စွမ်းအင်ကြွယ်ဝသည့် ဟီလာပြည်နယ်တွင် ကြီးပြင်းခဲ့သည့် Marape က LNG စာချုပ်၏ အကျိုးစီးပွားသည် သာတူညီမျှ ခွဲဝေခြင်းမရှိဟု ဝေဖန်ခဲ့ပြီး ဧပြီတွင် အစိုးရအဖွဲ့မှ နုတ်ထွက်ခဲ့သည်။
နိုင်ငံ၏အကျိုးအမြတ်များသော သစ်တင်ပို့သည့်ကဏ္ဍတွင် ပြည်ပကုမ္ပဏီများစီမံခန့်ခွဲမှုကို ပါပူအာနယူးဂီနီနိုင်ငံသားများက မလိုလားဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ပိုမိုတင်းကျပ်သည့်ကမ္ဘာလုံးဆိုင်ရာ သစ်ဥပဒေများနှင့် အင်ဒိုနီးရှားတွင် ပျ့ံနှ့ံလာသည် သစ်တောပြုန်းတီးမှုကြောင့် တရုတ်နိုင်ငံမှ အများစုပါဝင်သည့် သစ်ထုတ်လုပ်သည့် ကုမ္ပဏီများက ပါပူအာနယူးဂီနီရှိ ကျယ်ပြန့်သောသစ်တောများကို အာရုံစိုက်လာသည်။
ဝန်ကြီးချုပ်အဖြစ် ရှစ်နှစ်ကြာ တာဝန်ယူခဲ့သည့် ပီတာအိုနေးလ်ကို ရာထူးမှ နုတ်ထွက်စေသည့် နိုင်ငံရေးလှုပ်ရှားမှု သီတင်းပတ်များစွာ ဖြစ်ပေါ်ခဲ့ပြီးနောက် Marape သည် မေ ၃၀ ရက် အစောပိုင်းတွင် ပါလီမန် အဖွဲ့ဝင်များ၏ အပြတ်အသတ်ထောက်ခံမှုကို ရရှိခဲ့သည်။
အိုနေးလ်၏ ရာထူးသက်တမ်းအတွင်း ပါပူအာနယူးဂီနီနိုင်ငံသည် ခြစားမှုနှင့် စီးပွားရေးမဖွံ့ဖြိုးမှု နာတာရှည်ခဲ့ပြီး အမေရိကန်-တရုတ် ယှဉ်ပြိုင်မှုအတွက် နေရာတစ်ခု ဖြစ်လာခဲ့သည်။ Ref ; AFP
-
ဇွဲကပင်တောင်တက်လမ်းခုလတ်တွင် ပျောက်ဆုံးခဲ့သည့် လူငယ်တစ်ဦးအား တောင်ခြေတွင် အသက်ရှင်လျက်ပြန်လည်တွေ့ရှိ
-
သောင်ရင်းမြစ်ကို ဖြတ်ကာ မြန်မာဘက်မှ ထိုင်းဘက်သို့ ဝင်ရောက်လာသည့် နိုင်ငံခြားသား ၃၉ ဦးကို ထိုင်းတာဝန်ရှိသူများက နေရပ်ပြန်ပို့မည်ဟုဆို
-
နေပြည်တော် သပြေကုန်းအဝိုင်းအနီး ဆန္ဒပြသူများအား ပစ်ခတ်ဖြိုခွဲမှုတွင် ဒဏ်ရာရရှိသူများအနက် အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိ
-
နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှုအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်လာမှုများကို ဖော်ထုတ် အရေးယူရမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
-
မန္တလေးမြို့တွင် ဆန္ဒထုတ်ဖော်နေသူများအား ရဲတပ်ဖွဲ့က စတင်ဖမ်းဆီးရာ ယမန်နေ့ ညနေပိုင်းအထိ ဖမ်းဆီးခံရသူ ၇၀ ဝန်းကျင်ရှိခဲ့