Top News

လက်နက်ကိုင်အဖွဲ့အစည်းများ၏ အဖျက်အမှောင့် လုပ်ငန်းများကြောင့် ဒေသတွင်း ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုးဘဲ နိုင်ငံတော်၏ဘဏ္ဍာငွေများလည်း ဆုံးရှုံးနေရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
24htopnews | November 22, 2024 4:12 AM CST

မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးရရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများက အဖျက်အမှောင့်လုပ် ငန်းများ ဆောင်ရွက်နေခြင်းကြောင့် ဒေသတွင်း ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဘဲ နိုင်ငံတော်၏ဘဏ္ဍာငွေများ ဆုံးရှုံးနေရသည်ကို တွေ့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၅ ရက်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗန်းမော်တပ်နယ်ရှိ အရာရှိ၊စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

လက်နက်ကိုင်ပဋိပက္ခများမရှိမှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိစေရန်အတွက် ဆောင်ရွက်နေပြီး ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများပြုလုပ်နိုင်ရန် ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်အထိ အပစ်အခတ်ရပ်စဲပေးထားကာ တွေ့ဆုံဆွေးနွေးမှုများ အမြန်ဆုံးပြုလုပ်ရန် လိုအပ်ကြောင်းနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်များအား လက်မှတ်ထိုးရန်လိုအပ်ပြီး ကတိကဝတ်များ တည်ရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးခန့်နေထိုင်ကြပြီး ယခုအခါ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံအဖြစ် လျှောက်လှမ်းနေကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဒေသအသီးသီးတွင် တိုင်းရင်းသားလူမျိုးစု တစ်ခုတည်းသာ နေထိုင်ခြင်းမဟုတ်ဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသည့် နိုင်ငံဖြစ်ကြောင်းနှင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်လိုမှုများရှိပါက ငြိမ်းချမ်းရေးကို ရရှိနိုင်မည်မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် နိုင်ငံတိုင်းတွင် တပ်မတော်တစ်ခုတည်းသာရှိပြီး မြန်မာ့တပ်မတော်တွင် တိုင်းရင်းသားပေါင်းစုံ တာဝန်ထမ်းဆောင်နေ ကြောင်း၊ ငြိမ်းချမ်းရေးအားမဖြစ်နိုင်သော တစ်ဖက်သတ် တောင်းဆိုမှုများဖြင့် မစဉ်းစားဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တစ်နိုင်ငံလုံးအတွက် မျှတစွာစဉ်းစားပြီး ညီညွတ်သော ပြည်ထောင်စုနိုင်ငံဖြစ်ရန်အတွက် ရည်မှန်းချက်ထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ကချင်ပြည်နယ်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး ယခုခရီးစဉ်အတွင်း ခေါင်လန်ဖူး ဒေသခံများနှင့်လည်းကောင်း၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့ရှိ ရပ်မိရပ်ဖများနှင့် လည်းကောင်း၊ မိုးကောင်းတပ်နယ်နှင့် မိုးညှင်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်များဖြင့် လည်းကောင်း၊ အင်းတော်ကြီးဒေသရှိ ဒေသခံများနှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။


READ NEXT
Cancel OK