အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသားများအား ပြည်ဝင်ခွင့်ဗီဇာကြေး တိုးမြှင့်မှုအား ယခင်နှုန်းသို့ လျှော့ချပေးခဲ့သော်လည်း သက်တမ်းလျှော့ချထားမှုကိုမူ ယခင်တိုင်း ပြန်လည်ပေးအပ်ရန် နှစ်နိုင်ငံဆွေးနွေးနေကြောင်း သင်္ဘောသား စုဆောင်းခြင်းနှင့် အလုပ်နေရာချထားခြင်း ဝန်ဆောင်မှုကုမ္ပဏီများထံမှ သတင်းရရှိသည်။
၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်မှ စတင်ကာ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာအနေဖြင် D Visa ဖြစ်သည့် Working visa အား ဗီဇာကြေး အမေရိကန်ဒေါ်လာ ၁၆၀ နှင့် သက်တမ်းတစ်နှစ်သို့ ပြန်လည် ပြောင်းလဲသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
“တိုးမြှင့်ခဲ့တဲ့ အမေရိကန်ဗီဇာကြေးကို အခုလို ပြန်လည်လျှော့ချပေးလိုက်တာကတော့ မြန်မာသင်္ဘောသားတွေ အလုပ်အကိုင် အခွင့်လမ်းရရှိနိုင်ဖို့ ပိုပြီးအခွင့်အရေး ရှိလာတာပေါ့။ အမေရိကန်ဘက်က ဗီဇာကြေးနဲ့သက်တမ်းကို ပြောင်းလဲသတ်မှတ် လိုက်တာရဲ့ အဓိကအချက်က မြန်မာနိုင်ငံဘက်က အမေရိကန်နိုင်ငံသား တစ်ယောက်ကို ပေးအပ်တဲ့ဗီဇာကြေးနဲ့ ခွင့်ပြုသက်တမ်းအတိုင်း ပြန်လည်သတ်မှတ်ပေးတာဖြစ်တယ်။ ဒါကြောင့်မို့ မြန်မာဘက်က ဗီဇာ ဖြေလျှော့မှုတွေ အရင်စပြီး ပေးအပ်မှသာလျှင် မြန်မာနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ရာရောက်မှာဖြစ်ပါတယ်” ဟု Myanmar Aurora Manning Agency မှ Managing Director ဖြစ်သူ Captaing ဦးသတိုးကျော်က The Daily Eleven သတင်းစာသို့ ပြောပြခဲ့သည်။
၂၀၁၈ ခုနှစ် ဧပြီမတိုင်ခင်က မြန်မာသင်္ဘောသားများအနေဖြင့် အမေရိကန် ပြည်ဝင်ခွင့် ဗီဇာအနေဖြင် D Visa ဖြစ်သည့် Working visa အား ဗီဇာကြေး အမေရိကန် ဒေါ်လာ ၁၆၀ နှင့် သက်တမ်းနှစ်နှစ်ခွင့် ပြုပေးခဲ့ပြီး၊ ၂၀၁၈ ခုနှစ် ဧပြီ ၉ ရက်မှ စတင် ကာ ဗီဇာကြေး အမေရိကန်ဒေါ်လာ ၆၀၀ နှင့် ခွင့်ပြုသက်တမ်းတစ်နှစ်သို့ လျှော့ချလိုက်ခြင်းဖြစ်သည်။
“၂၀၁၈ ဧပြီမတိုင်ခင်က ဗီဇာကြေး ၁၆၀ နဲ့သက်တမ်း နှစ်နှစ် ရခဲ့တယ်။ ဧပြီ ၉ ရက်ကစပြီး သက်တမ်းတစ်နှစ်လျှော့လိုက် တဲ့အပြင် ဗီဇာကြေးကလည်း ဒေါ်လာ ၆၀၀ ဖြစ်သွားတယ်။ ကျွန်တော်တို့လို SRPS နဲ့ သင်္ဘောပိုင်ရှင်တွေအတွက် အခက်အခဲဖြစ်သွားတယ်။ ဗီဇာကြေးတိုးတာက နည်းနည်း လုပ်သာကိုင်သာ ရှိသေးတယ်။ သက်တမ်း လျှော့ချလိုက်တာကတော့ အခက်အခဲရှိတယ်။ အခု ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်ကစပြီး အရင်နှုန်းဖြစ်တဲ့ D Visa ဖြစ်တဲ့ Working Visa ကို ဗီဇာကြေး အမေရိကန် ဒေါ်လာ ၁၆၀ ကို ပြန်လျှော့ပေးလိုက်ပါတယ်။ သက်တမ်းကိုတော့ အရင်လို နှစ်နှစ် ပြန်ခွင့်မပြုသေးဘဲ တစ်နှစ်အတိုင်းဘဲ ခွင့်ပြုထားသေးတယ်။ အရင်လို သက်တမ်း နှစ်နှစ် ပြန်ဖြစ်ဖို့နဲ့ အခြားနိုင်ငံတွေလို D Visa နဲ့ C1 နှစ်ခုပေါင်းကို ဗီဇာကြေး အမေရိကန်ဒေါ်လာ ၁၆၀ နဲ့ သက်တမ်းငါးနှစ် ပြန်လည်ခွင့်ပြုဖို့ကိုလည်း နှစ်နိုင်ငံဆွေးနွေးနေပါ တယ်” ဟု SRPS ကုမ္ပဏီတစ်ခုဖြစ်သည့် Trade Win သင်္ဘောကုမ္ပဏီမှ ဦးဆန်းဦးက ပြောကြားသည်။
၂၀၁၈ ဧပြီ ၉ ရက်မှ စတင်ကာ ယင်းကဲ့သို့ ဗီဇာကြေးတိုးမြှင့်ခဲ့မှုနှင့် ပတ်သက်၍ အမေရိကန်သံရုံးနှင့် ပြန်လည်ညှိနှိုင်း တိုင်ပင်ပေးပါရန် မြန်မာသင်္ဘောသားများမှငြိမ်းချမ်းစွာ လက်မှတ်ရေးထိုး တောင်းဆိုမှုပြုလုပ်သည့် ဗီဇာကမ်ပိန်းအား၂၀၁၈ခုနှစ်၊ မေ ၂ ရက်မှ မေ ၄ ရက်အထိ သုံးရက်တာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
-
ဦးနိုင်ငံလင်းနှင့် NLD ပါတီဝင်အချို့ တိုက်ခိုက်ခံရမှုမှ စွပ်စွဲခံရသူ သုံးဦးအား သာကေတမြို့နယ် တရားရုံး၌ ရုံးထုတ်၍ သက်သေခံပစ္စည်း သိမ်းဆည်းရာတွင် ပါဝင်သူ တစ်ဦးကို တရားလိုပြသက်သေအဖြစ် စစ်ဆေး
-
ဧပရယ် ပြီးတော့ မေ...
-
မြန်မာ့ပန်းပု အနုလက်ရာ
-
မြောက်ဥက္ကလာပမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် ကျောင်းသူသုံးဦး ကျူရှင်သွားရာမှ ပျောက်ဆုံးနေဟု သိရ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာရှရှိ တရုတ်စီမံကိန်းအများအပြား နှောင့်နှေး