မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏမှာ စာရင်းများအရ ဒေါ်လာ ၁၀ ဘီလျံခန့် ရှိသော်လည်း နှစ်နိုင်ငံ တရားဝင်ကုန်သွယ်မှုမှာ ဒေါ်လာ ၃ ဒသမ ၅ဘီလျံ ( ၃၅ ရာခိုင်နှုန်း )ခန့်သာရှိကြောင်း ဗဟိုဘဏ်၊ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ဖေဖော်ဝါရီ ၆ ရက်ကရန် ကုန်မြို့ရှိ ဗဟိုဘဏ်ရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“တရုတ်နဲ့ပတ်သက်ရင် ကုန်သွယ်မှုမှာ ပမာဏဘယ်လောက်ရှိလဲ၊ ဂျပန်နဲ့ဆိုရင် ပမာဏ ဘယ်လောက်ရှိတယ်။ ဒါတွေကျွန် တော် တို့ ကြည့်ပြီးသွားပြီ။ အကြိမ်ကြိမ်ဆွေးနွေးပြီးတဲ့ အချိန်မှာ လုပ်နိုင်တဲ့အနေအထားရှိတယ်။ ဘဏ်စနစ်နဲ့ လုပ်တဲ့အချိန်မှာလည်း စုစုပေါင်းက တရုတ်-မြန်မာ နယ်စပ်မှာ လေးမျိုးရှိပါတယ်။ တရုတ်ဘက်ကရော မြန်မာဘက်ကရော နှစ်ဖက်စလုံး တရားဝင်တဲ့ ပစ္စည်းအမျိုးအစားတွေ ရှိတယ်။ ကိုယ့်ဘက်က တရားဝင်တယ်။ သူ့ဘက်က တရားမဝင်ဘူး ဆိုတာလည်း ရှိတယ်။ ဟိုဘက်က တရားဝင်တယ်။ ကျွန်တော်တို့ဘက်က တရားမဝင်ဘူးဆိုတဲ့ အမျိုးအစားလည်းရှိတယ်။ ဟိုဘက်ရော ဒီဘက်ရော တရားမဝင်ဘူးဆိုတာ ရှိတယ်။ စုစုပေါင်း လေးမျိုးရှိတယ်။ အဲဒီအထဲကမှ ပထမဦးဆုံး ဘဏ်တွေအနေနဲ့ စပြီးလုပ်ဖို့ ပြင်ဆင်တာက ဟိုဘက်ရော ဒီဘက်ရော တရားဝင်တဲ့လုပ်ငန်း စလုပ်ဖို့ စီစဉ်ထားပါတယ်။ တရားဝင်စာရင်း ဇယားအရဆိုရင် တရုတ်-မြန်မာကုန်သွယ်မှုဟာ ၁၀ ဘီလျံလောက် ရှိပါတယ်။ ဟိုဘက်ရော ဒီဘက်ရော တရားဝင်တဲ့ဟာက ၃၅ ရာခိုင်နှုန်း ဝန်းကျင်လောက်ပဲရှိတယ်။ ပြောရမယ်ဆိုရင် ၃ ဒသမ၅ ဘီလျံလောက်ပဲရှိတယ်” ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောကြားသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတွင် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ ဒေါ်လာ သန်း ၈၀၀ နီးပါး ရရှိထား ပြီး တရုတ်ဘက်က သွင်းကုန်တင်သွင်းမှု တန်ဖိုးဒေါ်လာ သန်း ၅၀၀ ကျော်ဖြင့် ကုန်သွယ်မှု အသာစီးရနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုတွင် မြန်မာဘက်က ပို့ကုန်တင် ပို့မှုတန်ဖိုးဒေါ်လာ ၂၉၉ ဒသမ ၅၀၀ သန်း၊ တရုတ်ဘက်က သွင်းကုန်တင်သွင်းမှု တန်ဖိုး ဒေါ်လာ ၅၀၀ ဒသမ ၃၃၁ သန်းဖြင့် စုစု ပေါင်းကုန်သွယ်မှုကုန်သွယ်မှုပမာဏ ဒေါ်လာ ၇၉၉ ဒသမ ၈၃၁ သန်း ရရှိထားသည်။
၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွင်းက မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုတွင် မြန်မာဘက်က ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၅၆၉၉ ဒသမ ၃၄၈သန်း၊ တရုတ်ဘက်က သွင်းကုန်တင်သွင်းမှု တန်ဖိုးဒေါ်လာ ၆၀၈၆ ဒသမ ၇၈၀ သန်းဖြင့် စုစုပေါင်းကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၁၇၈၆ ဒသမ ၁၂၈ သန်း ရရှိခဲ့သည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိရန် မျှော်မှန်းထားပြီး ပို့ကုန်တိုးတက်ရေးနှင့်ကုန်သွယ်မှုလိုငွေ လျှော့ချနိုင်ရေးကို အဓိကထားဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားခဲ့သည်။
-
ဦးနိုင်ငံလင်းနှင့် NLD ပါတီဝင်အချို့ တိုက်ခိုက်ခံရမှုမှ စွပ်စွဲခံရသူ သုံးဦးအား သာကေတမြို့နယ် တရားရုံး၌ ရုံးထုတ်၍ သက်သေခံပစ္စည်း သိမ်းဆည်းရာတွင် ပါဝင်သူ တစ်ဦးကို တရားလိုပြသက်သေအဖြစ် စစ်ဆေး
-
ဧပရယ် ပြီးတော့ မေ...
-
မြန်မာ့ပန်းပု အနုလက်ရာ
-
မြောက်ဥက္ကလာပမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် ကျောင်းသူသုံးဦး ကျူရှင်သွားရာမှ ပျောက်ဆုံးနေဟု သိရ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာရှရှိ တရုတ်စီမံကိန်းအများအပြား နှောင့်နှေး