Top News

■  လာလီဂါပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက် 
24htopnews | November 20, 2024 10:12 PM CST

ဘာစီလိုနာ - ဆီဗီလာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၃၀ ရက် နံနက် ၁:၃၀ နာရီ)



ဘာစီလိုနာကွင်းလယ်ရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ပတ်ဒရီနဲ့ ဖရန်ကီဒီယွန်းတို့ နှစ်ဦးစလုံး ဒဏ်ရာကြောင့် မကစားနိုင်ကြတာက အသင်းအတွက်အားလျော့မှုလိုဖြစ်နေတယ်။ ဒါပေမဲ့ ဘာစီလိုနာအိမ်ကွင်းမှာတော့ ကစားအားရော၊ ဂိုးသွင်းနှုန်းပါတက်နေလို့ ဆီဗီလာကိုဖိအားပေးကစားနိုင်ဦးမှာတော့ သေချာတယ်။ ဆီဗီလာကလည်း အဝေးကွင်းမှာ နာလံမထူသေးပေမဲ့ ရာမို့စ်ရောက်လာပြီးနောက် ခံစစ်ကစားပုံတော့ အနည်း ငယ်ပိုငြိမ်လာတယ်။ ဒါပေမဲ့ အစဉ်အလာက စကားပြောနိုင်ပြီး ဆီဗီလာရဲ့ လက်ရှိခံစစ်ပိုင်းကလည်း အိမ်ကွင်းမှာအားကောင်းနေတဲ့ ဘာစီလိုနာတိုက်စစ်ကိုတောင့်ခံနိုင်စွမ်းတော့ရှိဦးမယ်မထင်ဘူး။ ဒါ့ပြင် ဘာစီလိုနာတို့ ကြားရက်ပွဲမှာ မာယော့ကာကို သရေကျပြီး အမှတ်လျော့ထားလို့ အခုပွဲကို ပိုပြီးအရှိန်တင်လာမှာပါ။ ဘာစီလိုနာနဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။


READ NEXT
Cancel OK