Top News

■ UEFA Nations League ပွဲစဉ်-၆ ပွဲကြိုသုံးသပ်ချက်
24htopnews | November 20, 2024 2:12 PM CST

◘ ဘော့စနီးယား - နယ်သာလန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် နံနက် ၂း၁၅ နာရီ)

ဂျာမနီကို ရှုံးခဲ့တဲ့ပွဲမှာတော့ ဘော့စနီးယားက ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဂျာမနီရဲ့ခြေအဆင့်အတန်းနဲ့ ကွာခြားလွန်းခဲ့တာကို တွေ့ရတယ်။ အိမ်ကွင်းမှာတော့ ဘော့စနီးယား ကစားတာမဆိုးဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ လက်ရှိ နယ်သာလန်အသင်းက ပုံစံကောင်းပြန်ရနေတဲ့အသင်းဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ဟန်ဂေရီနဲ့ပွဲမှာလည်း ဂိုးပြတ်နိုင်ပွဲ ယူနိုင်ခဲ့တယ်။ ဒီပွဲက ဘော့စနီးယားကွင်းဆိုပေမဲ့ နယ်သာလန်က ထိန်းချုပ်ထားမယ့်ပွဲဖြစ်ပြီး နယ်သာလန်ခံစစ်ကိုလည်း အားနည်းနေတဲ့ ဘော့စနီးယား ဂိုးပြန်သွင်းနိုင်ဖို့ ခက်ပါတယ်။ နယ်သာလန် ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမယ်။

◘ ဟန်ဂေရီ - ဂျာမနီ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် နံနက် ၂း၁၅ နာရီ)

ဂျာမနီက နာဂယ်စ်မန်းလက်ထက်မှာ ကစားပုံက ပေါ့ပါးပြီး သွက်လက်တယ်။ တိုက်စစ်လမ်းကြောင်းပေါင်းများစွာကို မြင်ရတယ်။ ခံစစ်တောင်ပံကစားသမားတွေရဲ့ Overlap တွေ၊ တောင်ပံတိုက်စစ်ကစားသမားတွေရဲ့ ကွင်းလယ်ဇုန်ကို ဝင်ရောက် မွှေနှောက်တာတွေ၊ ကိုင်ဟာဗက်ဇ်ရဲ့ ပြေးလမ်းကြောင်းတွေက ဂျာမနီကို နောက်တစ်ဆင့်ကို ပို့ပေးခဲ့တယ်လို့ ပြောရမယ်။ ဟန်ဂေရီက လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတော့ ဂျာမနီကို ကောင်းကောင်း ဒုက္ခပေးခဲ့တဲ့အသင်းပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ အရမ်းကွာသွားခဲ့ပြီး ပထမအကျော့တုန်းကလည်း ဂျာမနီ ဂိုးပြတ်ခဲ့တယ်။ ဒီပွဲလည်း ဂျာမနီပဲ နိုင်မယ်။

◘ အယ်လ်ဘေးနီးယား - ယူကရိန်း (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် နံနက် ၂း၁၅ နာရီ)

ယူကရိန်းက ဂျော်ဂျီယာနဲ့ ကစားခဲ့တဲ့ပွဲမှာ ဦးဆောင်ဂိုး တစ်ဂိုးရခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဂျော်ဂျီယာရဲ့တိုက်စစ်ကို မထိန်းချုပ်နိုင်ဘဲ ချေပဂိုး ပြန်ပေးခဲ့ရတယ်။ တကယ်တော့ ယူကရိန်းနဲ့ ဂျော်ဂျီယာ၊ အယ်လ်ဘေးနီးယားတို့က အဆင့်တူအသင်းတွေလို့ ပြောလို့ရနေပြီ။ အယ်လ်ဘေးနီးယားက သိသိသာသာ ခြေတက်လာတဲ့အသင်းလည်းဖြစ်တယ်။ အရင်က အယ်လ်ဘေးနီးယားဟာ ထည့်တွက်စရာအသင်းမဟုတ်ပေမဲ့ အခုကတော့ ပထမအကျော့မှာတောင် ယူကရိန်းကို နိုင်ထားတယ်။ ဒီပွဲလည်း အယ်လ်ဘေးနီးယားပါပဲ။

◘ ချက် - ဂျော်ဂျီယာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် နံနက် ၂း၁၅ နာရီ)

ပထမအကျော့ ဂျော်ဂျီယာကွင်းမှာတုန်းကတော့ ခွာရတ်စကယ်လီယာ ဦးဆောင်တဲ့ ဂျော်ဂျီယာက ချက်ကို ဂိုးပြတ်သွင်းခဲ့တယ်။ အခုအချိန်မှာ ဂျော်ဂျီယာတို့လိုအသင်းတွေက ဥရောပမှာ နောက်တစ်ဆင့်ကိုတက်ဖို့ အားယူနေတဲ့အသင်းတွေဖြစ်ပြီး ဒီပွဲမှာသာ ချက်ကို အနိုင်ရခဲ့ရင် League A ကို တက်ခွင့်ရပါပြီ။ ချက်ကလည်း သရေဆိုရင် League A ကိုတက်ဖို့ မသေချာတဲ့အနေအထားဖြစ်လို့ အနိုင်ကိုပဲ ဦးတည်ကစားရလိမ့်မယ်။ လက်ရှိခြေစွမ်းအရ ဂျော်ဂျီယာကို ပိုသဘောကျပေမဲ့ သရေပဲကျမှာပါ။

◘ ဆွီဒင် - အဇာဘိုင်ဂျန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် နံနက် ၂း၁၅ နာရီ)

ဆွီဒင်လို အင်အားကြီးအသင်းက ပြီးခဲ့တဲ့ Nations League မှာ အမှားအယွင်းများစွာနဲ့ League C အထိ တန်းဆင်းခဲ့ပေမဲ့ League C မှာ ကစားရတဲ့အသင်းတွေက ဆွီဒင်ရဲ့ ပြိုင်ဘက်အဆင့်မှာ ရှိမနေပါဘူး။ အရမ်းခြေကွာလွန်းတာကို တွေ့ရတယ်။ အဇာဘိုင်ဂျန်ကလည်း ဥရောပအောက်အသင်းတွေထဲမှာ ခြေအရည်အသွေးမဆိုးတဲ့အသင်းဆိုပေမဲ့ ဒီနှစ်သင်းကြားမှာ ခြေစွမ်းကွာဟချက် ကြီးမားလွန်းတယ်။ ကစားရမှာကလည်း ဆွီဒင်ကွင်းဖြစ်နေတယ်။ ယိုကယ်ရက်စ်၊ အီဆက်ခ်တို့ ဂိုးတွေ သွင်းကြလိမ့်မယ်။

◘ ဝေးလ်စ် - အိုက်စလန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် နံနက် ၂း၁၅ နာရီ)

ဝေးလ်စ်က သရေဆိုရင်တောင် တူရကီက မွန်တီနီဂရိုးကွင်းမှာ သရေကစားခဲ့တာနဲ့ တူရကီက အုပ်စုဗိုလ်နေရာရပြီး League A ကို တက်သွားမှာဖြစ်တယ်။ ဒါပေမဲ့ ဝေးလ်စ်အတွက် မျှော်လင့်ချက်က တူရကီရှုံးဖို့ ဖြစ်ပြီး သူတို့ကလည်း နိုင်ပွဲကို မဖြစ်မနေ ရှာဖွေနိုင်ဖို့ လိုနေတယ်။ အိုက်စလန်ကလည်း ဝေးလ်စ်ဆီက ၃ မှတ်ရမှ ဝေးလ်စ်ကို ကျော်တက်ပြီး အုပ်စုဒုတိယနေရာကို ရယူနိုင်မှာပါ။ သရေဆိုရင် ဝေးလ်စ်က အုပ်စုဒုတိယနေရာ ရသွားလိမ့်မယ်။ အိုက်စလန် ဖွင့်ကစားရလိမ့်မယ်။ ဒါပေမဲ့ အဲဒါကပဲ ဝေးလ်စ်နိုင်ဖို့ အခွင့်အရေး ဖြစ်ပါတယ်။

◘ မွန်တီနီဂရိုး - တူရကီ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် နံနက် ၂း၁၅ နာရီ)

တူရကီက ဝေးလ်စ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ခြေစွမ်းပိုင်းအသာစီးက ကစားနိုင်ခဲ့ပေမဲ့ သရေတစ်မှတ်ပဲ ယူနိုင်ခဲ့တယ်။ ဒီပွဲက မွန်တီနီဂရိုးကွင်းဆိုပေမဲ့ မွန်တီနီဂရိုးက အိမ်ကွင်း၊ အဝေးကွင်းမရှောင် ရှုံးထားတဲ့အသင်းပါ။ တူရကီက လက်ရှိဥရောပရဲ့အကောင်းဆုံး စာရင်းဝင်အသင်းတွေထဲက တစ်သင်းဖြစ်ပြီး ဒီပွဲလည်း တူရကီကိုပဲ ကြိုက်တယ်။

◘ ဆလိုဗက်ကီးယား - အက်စ်တိုးနီးယား (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် နံနက် ၂း၁၅ နာရီ)

ဆလိုဗက်ကီးယားက အုပ်စုဗိုလ်လည်း မရ၊ အုပ်စုတတိယလည်း မဆင်းတော့ပါဘူး။ ဒုတိယနေရာ သေချာသွားခဲ့ပြီ။ ဒါပေမဲ့ အိမ်ကွင်း အုပ်စုနောက်ဆုံးပွဲကို နိုင်ပွဲနဲ့ပဲ ပိတ်သိမ်းလိမ့်မယ်။ ခြေလည်း ကွာပါတယ်။

◘ မော်လ်တာ - အန်ဒိုရာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် နံနက် ၂း၁၅ နာရီ)

မော်လ်တာက အုပ်စုဗိုလ်နေရာအတွက် အန်ဒိုရာကို ဂိုးပြတ်အနိုင်ကစားရင်တောင် မော်လ်ဒိုဗာကို မမီတော့ပါဘူး။ ဒါပေမဲ့ အိမ်ကွင်းဖြစ်နေတယ်။ ခြေကွာနေတယ်။ နောက်ဆုံး ပွဲလည်း ဖြစ်တယ်။ မော်လ်တာပဲ ဂိုးပြတ်သွင်းမယ်။


READ NEXT
Cancel OK