Top News

■ ၂၀၂၆ ကမ္ဘာ့ဖလား တောင်အမေရိကဇုန်ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်
24htopnews | November 20, 2024 2:12 PM CST

◘ ဘရာဇီးလ် - ဥရုဂွေး (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် နံနက် ရး၁၅ နာရီ)

ဘရာဇီးလ်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နိုင်ပွဲပြန်ဆက်လာပြီးမှ သရေပြန်ကျသွားတယ်။ ဒါပေမဲ့ ဗင်နီစီယပ်စ် ပြန်ပါလာတဲ့ တိုက်စစ်ပိုင်းကတော့ ပိုပြီးမြိုင်မြိုင်ဆိုင်ဆိုင်ရှိလာတာ တွေ့ရတယ်။ ဘရာဇီးလ်အသင်းနည်းပြ ဒေါ်ရီဗယ်ဂျူနီယာအနေနဲ့ ပြီးခဲ့တဲ့ ခြေစစ်ပွဲပထမအကျော့နဲ့ ကိုပါအမေရိကပြိုင်ပွဲ ကွာတားဖိုင်နယ် နှစ်ပွဲဆက် အရေးနိမ့်ထားခဲ့လို့ ပရိသတ်ကျေနပ်အောင် ရလဒ်ကောင်းဖို့ လိုနေပြီ။ ဥရုဂွေးအသင်းကလည်း အာဂျင်တီးနားနိုင်ငံသားနည်းပြ ဘီယဲလ်ဆာလက်ထဲရောက်မှ ဘရာဇီးလ်ကို ပခုံးချင်းယှဉ်လာနိုင်တာ တွေ့ရတယ်။ ခြေစစ်ပွဲလေးပွဲဆက် နိုင်ပွဲပျောက်မှုကို ကိုလံဘီယာအသင်းအား အနိုင်ယူပြီး အဆုံးသတ်ထားတဲ့အပြင် သွင်းဂိုးပါ ပြန်ရထားခဲ့တယ်။ ဒါပေမဲ့ တိုက်စစ်ပိုင်းက နူးနက်ဇ်တော့ ဂိုးပေါက်မတွေ့သေးဘူး။  ဘရာဇီးလ်ပဲ ရွေးချယ်တာပိုကောင်းမယ်။

◘ အာဂျင်တီးနား - ပီရူး (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် နံနက် ၆း၃၀ နာရီ)

အာဂျင်တီးနားအသင်းက ခြေစစ်ပွဲ နောက်ဆုံး(၄)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့တယ်။ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ဖို့ ဖိအားမရှိတဲ့ အနေအထားကလည်း အာဂျင်တီးနားရဲ့အာရုံစူးစိုက်မှုကို မှန်းဆရခက်စေတယ်။ အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီကတော့ ဒီပွဲမှာ မက်ဆီ၊ လော်တာရိုမာတီနက်ဇ်နဲ့  အယ်လ်ဗာရက်ဇ်တို့ သုံးဦးစလုံးကို ထုတ်သုံးတော့မယ် မထင်ပါဘူး။ ပီရူးအသင်းကတော့ လုံးဝအနိုင်ရထားမှဖြစ်မယ့် အနေအထားမျိုး ရောက်နေတယ်။ ဒါပေမဲ့ အာဂျင်တီးနားမြေမှာတော့ ဘာမျှော်လင့်ချက်မှ မရှိနိုင်ပါဘူး။ အာဂျင်တီးနားအသင်း ဂိုးပြတ်လိမ့်မယ်။

◘ ကိုလံဘီယာ - အီကွေဒေါ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် နံနက် ၅း၃၀ နာရီ)

ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ကိုလံဘီယာအသင်းရဲ့ အိမ်ကွင်း Form က အတော်လေးချီးကျူးစရာကောင်းပါတယ်။ ဥရုဂွေးနဲ့တစ်ပွဲသာ နာကျင်အချိန်ပို ပယ်နယ်တီဂိုးနဲ့ သရေကျခဲ့ပြီး ဘရာဇီးလ်၊ အာဂျင်တီးနားအသင်းတွေကိုတောင် အနိုင် ကစားထားနိုင်ခဲ့တယ်။ အခုပွဲမှာတော့ အသင်းခေါင်းဆောင် ဟာမီးရိုဒရီဂွက်ဇ်ကို ပြန်ပွဲထုတ်လာနိုင်တယ်။ အီကွေဒေါကလည်း ခြေစစ်ပွဲ လေးပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားထားပြီး ပေးဂိုးလည်း မရှိခဲ့ဘူး။ အီကွေဒေါခံစစ် မာကျောမှုရှိတာကလည်း အိမ်ရှင်အတွက် စမ်းသပ်မှုဖြစ်နေတယ်။ ကိုလံဘီယာ နိုင်ရင်တောင် ဂိုးမပြတ်လောက်ဘူး။

◘ ဘိုလစ်ဗီးယား - ပါရာဂွေး (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် နံနက် ၂း၃၀ နာရီ)

ပါရာဂွေးအသင်းက စက်တင်ဘာလကစပြီး ခြေစစ်ပွဲတွေမှာ အားရစရာအတော်ကောင်းလာတယ်။ ဒီပွဲလည်း အမှတ်ရဦးမယ်ထင်တယ်။

◘ ချီလီ - ဗင်နီဇွဲလား (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက် နံနက် ၆း၃၀ နာရီ)

ချီလီအသင်းက ခြေစစ်ပွဲ (၈)ပွဲဆက် နိုင်ပွဲပျောက်နေပြီး ဗင်နီဇွဲလားကလည်း (၇)ပွဲဆက်တိုက် ရှိလာပါပြီ။ သရေကျဖို့ များပါတယ်။


READ NEXT
Cancel OK