Top News

လာမည့်နွေရာသီတွင် ဘွန်ဒစ်လီဂါ၌ ယိုဗစ်ပြန်လည်ကစားဖွယ်ရှိနေ
24htopnews | November 20, 2024 1:12 PM CST

ရီးယဲလ်မက်ဒရစ်အသင်း၏ ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူး လူကာယိုဗစ် (၂၄ နှစ်)သည် လာမည့်နွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းမှထွက်ခွာကာ ၎င်းကစားသမားဘဝ ဖြတ်သန်းခဲ့ဖူးသည့် ဂျာမန်ဘွန်ဒစ်လီဂါတွင် ပြန်လည်ခြေချကစားဖွယ်ရှိနေကြောင်းသိရသည်။

ရီးယဲလ်အသင်းတွင် ကာလရှည်ပုံမှန်ခြေစွမ်းပျောက်ဆုံးနေသည့် ယိုဗစ်သည် လာမည့် ၂၀၂၂ ကမ္ဘာ့ဖလားတွင် ဆားဘီးယားအသင်းနှင့် ပါဝင်ကစားခွင့်ရရန်အတွက် အသင်းပြောင်းလိုနေခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ဘွန်ဒစ်လီဂါတွင်သာ ပြန်လည်ကစားရန် ဆန္ဒရှိနေကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

ယိုဗစ်သည် ရီးယဲလ်အသင်းတွင် (၃)ရာသီအတွင်း ပြိုင်ပွဲစုံ (၄၉)ပွဲသာ ကစားခွင့်ရပြီး (၃)ဂိုးသာ သွင်းယူထားနိုင်ကြောင်း သိရသည်။


READ NEXT
Cancel OK