Top News

ဆလိုဗက်ကီးယားတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဗိုင်းရပ်စ်စစ်ဆေးမှုကြီးကို ကမ္ဘာ့ပထမဆုံးအဖြစ် စတင်လုပ်ဆောင်
24htopnews | October 15, 2024 1:12 PM CST

ဆလိုဗက်ကီးယားနိုင်ငံသည် အောက်တိုဘာ ၃၁ ရက်မှစတင်၍ တစ်နိုင်ငံလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိ antigen စစ်ဆေးမှုကြီးလုပ်ဆောင်နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကမ္ဘာ့ပထမဆုံး ဗိုင်းရပ်စ်စစ်ဆေးမှုကြီး ဖြစ်သော်လည်း ယင်းစစ်ဆေးမှုကြီးသည် ဆိုးရွားညံ့ဖျင်းသည့် အစီအစဉ်ဖြစ်သည်ဟု ဝေဖန်သူများက ပြောကြားခဲ့သည်။

လူ ၅.၄ သန်းရှိသည့် ဆလိုဗက်ကီးယားတွင် ကျန်းမာရေးဝန်ထမ်း၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့အစရှိသည့် အင်အား ၄၅,၀၀၀ ခန့်ကို စစ်ဆေးသည့် နေရာငါးထောင်ဝန်းကျင်တွင် ဖြန့်ကျက်တာဝန်ချထားပြီး နှာခေါင်းတို့ဖတ်များကို စုဆောင်းနေကြသည်။

“ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေပြီး ဒီစစ်ဆေးမှုကြီးဟာ လူပေါင်းရာချီရဲ့ အသက်တွေကို ကယ်တင်နိုင်လိမ့်မယ်” ဟု ဝန်ကြီးချုပ် အိုင်ဂေါမာတိုဗစ်က ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။

Antigen စစ်ဆေးမှုသည်ရလဒ် လျှင်မြန်စွာထုတ်ပေးနိုင်သော်လည်း PCR စမ်းသပ်မှုမှာ ဓာတ်ခွဲအတည်ပြု၍ ရလဒ်ကို ထုတ်ပေးသော်ကြောင့် Antigen စစ်ဆေးမှုထက် ရလဒ်ပိုမိုတိကျစွာ ထုတ်ပေးနိုင်သည်။

ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးမှုတွင် မဖြစ်မနေဝင်ရောက်စစ်ဆေးရမည်ဟု မထုတ်ပြန်ထားသော်လည်း ရဲတပ်ဖွဲ့ကစစ်ဆေးရာ၌ ဗိုင်းရပ်စ်ကူးစက်ခံရခြင်း မရှိကြောင်း အသိအမှတ်ပြု လက်မှတ်မရရှိထားလျှင် ကြီးလေးသည့် ဒဏ်ကြေး ချမှတ်ခံရနိုင်ခြေရှိသည်။

ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိသူတိုင်းသည် ၁၀ ရက် အသွားအလာ ကန့်သတ်နေထိုင်ရမည်ဖြစ်သည်။

“ ဒါဟာကျွန်တော်တို့ လွတ်လွတ်လပ်လပ်နေထိုင်နိုင်ဖို့ လမ်းဖြစ်တယ်” ဟု မာတိုဗစ်က ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊ မရှိ အပြီး သတ်ဆောင်ရွက်ပြီးနောက် ကန့်သတ်ချက်များ ဖြေလျှော့ပေးနိုင်ဖွယ်ရှိကြောင်း အရိပ်အမြွက်အနေဖြင့် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြို့အများအပြားကို တစ်မြို့လုံးအနှံ့ ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးမှုကြီး လုပ်ဆောင်ခဲ့သော်လည်း ဆလိုဗက်ကီးယားသည် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဗိုင်းရပ်စ်စစ်ဆေးမှု လုပ်ဆောင်သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာလိမ့်မည်။

လူဇင်ဘတ်နှင့် မိုနာကိုနိုင်ငံများကဲ့သို့ သေးငယ်သည့် ဥရောပနိုင်ငံများကလည်း ဗိုင်းရပ်စ်စစ်ဆေးမှုကြီး လုပ်ဆောင်သွားမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဆလိုဗက်ကီးယားနိုင်ငံသည် အခြားဥရောပသမဂ္ဂနိုင်ငံများ၏ ပျှမ်းမျှဗိုင်းရပ်စ် ကူးစက်မှုနှုန်းအောက် လျော့နည်းသော်လည်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ပိုမိုမြင့်တက်နေသည်။

အောက်တိုဘာ ၃၀ ရက်၌ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၃၆၃ ဦးရှိပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၅၅,၀၉၁ ဦး မြင့်တက်ခဲ့ပြီး သေဆုံးသူပေါင်း ၂၁၂ ဦးရှိသည်။

အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဗိုင်းရပ်စ်စစ်ဆေးမှုကို နှစ်ရက်ကျော်ကြာ လုပ်ဆောင်သွားနိုင်ရန် နှင့် လာမည့်သတင်းပတ်ကုန်တွင် နောက်ထပ်တစ်ကြိမ် ဗိုင်းရပ်စ်စစ်ဆေးမှုကြီးလုပ်ဆောင်သွားနိုင်ရန် မျှော်လင့်ထားသည်။

သို့သော် စစ်ဆေးမှုပြုလုပ်သည့်နေရာများတွင် ဆေးဘက်ဝန်ထမ်းများ တာဝန်ချထားရန် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းရှာဖွေရာတွင် ခက်ခဲမှုရှိနေပြီး ဆရာဝန်များအား အပိုဆုကြေးပေး၍ ကမ်းလှမ်းရန် တွန်းအားသဖွယ်ဖြစ်နေသည်။


READ NEXT
Cancel OK