Top News

အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်နေပြီး သေဆုံးမှုများရှိနေသဖြင့် ယင်းမျိုးကွဲဗိုင်းရပ်စ်ကို မပြင်းထန်ဟု သဘောမထားသင့်ကြောင်း WHO အကြီးအကဲသတိပေး
24htopnews | October 11, 2024 9:12 AM CST

 အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်းတွင် လူများကို သေဆုံးစေခဲ့ပြီး ၎င်းဗိုင်းရပ်စ်ကို မပြင်းထန်သော ဗိုင်းရပ်စ်အဖြစ် ပေါ့ပေါ့တန်တန် သဘောမထားသင့်ကြောင်း ဇန်နဝါရီ ၆ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ဖော်ပြောကြားခဲ့သည်။

နိုင်ငံအများအပြားတွင် ယခင်ကအဖြစ်များခဲ့သော ဒယ်တာကို ကျော်တက်ရန် လျင်မြန်စွာပြိုင်ဆိုင်နေပြီဖြစ်သော အိုမီခရွန် ကူးစက်ခံရသူ စံချိန်တင်နေပြီဟု WHO အ ကြီးအကဲတက်ဒရိုအက်ဒါနွန်ဂေဘရီယေဆု က ပြောကြားခဲ့သည်။ အိုမီခရွန်ကူးစက်ခံရ သူ စံချိန်တင်များပြားလာခြင်းမှာ ဆေးရုံများ မနိုင်မနင်းဖြစ်စေမည့် သဘောဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

“အရင်ကိုရိုနာမျိုးကွဲဗိုင်းရပ်စ်တွေလိုပဲ အိုမီခရွန်ဟာ လူတွေကို ဆေးရုံတက်ရစေပါတယ်။ လူတွေလည်း သေဆုံးနေပါတယ်”ဟု ၎င်းကရှင်းလင်းပြောကြားခဲ့သည်။

“အမှန်တကယ်တော့ ကူးစက်မှုလှိုင်းဟာ အလွန်ကြီးမားပါတယ်။ အလွန်လျင်မြန်ပါတယ်။ ဒါဟာ ကမ္ဘာတစ်ဝန်းက ကျန်းမာရေးစနစ်တွေကို ဒုက္ခပေးနေပါတယ်”ဟု ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ထပ်မံကူးစက်ခံရသူ ၉.၅ သန်းအောက်သာရှိသည်ဟု လွန်ခဲ့သော သီတင်းပတ်တွင် WHO သို့ သတင်းပို့ခဲ့ရာ ထိုအရေအတွက်မှာ ယခင်သီတင်းပတ်ကထက် ၇၁ ရာခိိုင်နှုန်း စံချိန်တင်မြင့်တက်လာ ခြင်းဖြစ်သည်။

အထက်ပါစာရင်းမှာ လျှော့တွက်ထားသည် စာရင်းဖြစ်သည်ဆိုသော်လည်း စာရင်းသည် ခရစ္စမတ်နှင့်နှစ်သစ်ကူးအားလပ်ရပ်ကာလများတွင် စစ်ဆေးရန်ကျန်နေခြင်း၊ မှတ်တမ်းမယူထားသည့် ကိုယ်တိုင်စစ်ဆေးမှု ရလဒ်များ၊ ကူးစက်မှုဖြစ်စဉ်များကို မတွေ့ခဲ့သည့် စောင့်ကြည့်ရေးစနစ် ဝန်ပိခြင်းတို့ကို ထင်ဟပ်ခြင်းမရှိဟု တက်ဒရိုကပြောကြားခဲ့သည်။

ချမ်းသာသော နိုင်ငံများသည် လွန်ခဲ့သောနှစ်တွင် ကာကွယ်ဆေးများကို လက်ဝါးကြီးအုပ်ထားခဲ့ခြင်းက မျိုးကွဲဗိုင်းရပ်စ်များ ထွက်ပေါ်လာစေရေးအတွက် ပြည့်စုံသည့် ပေါက်ပွားရာနေရာကို ဖြစ်ပေါ်စေခဲ့သည်ဟု ၂၀၂၂ ခုနှစ်၏ ပထမဆုံးမိန့်ခွန်းတွင် တက်ဒရိုက ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးမှုများနှင့် ထိခိုက်မှုများ အဆုံးသတ်စေရေးအတွက် ၂၀၂၂ ခုနှစ်တွင် ကာကွယ်ဆေးများကို ပိုမိုမျှတစွာ မျှဝေရန် ၎င်းက ကမ္ဘာကို တိုက်တွန်းခဲ့သည်။

နိုင်ငံတိုင်းသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် မိမိလူဦးရေ၏ ၁၀ ရာ ခိုင်နှုန်းကိုလည်းကောင်း၊ ဒီဇင်ဘာလကုန်ပိုင်းတွင် ၄၀ ရာခိုင်နှုန်းကိုလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးစေချင်ခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

WHO အဖွဲ့ဝင် ၁၉၄ နိုင်ငံထဲက ၉၂ နိုင်ငံသည် ၂၀၂၁ ခုနှစ် နှစ်ကုန်အထိ ချမှတ်ထားသော ရည်မှန်းချက်ကို ပြည့်မီခဲ့ခြင်းမရှိသည့်အပြင် ၎င်းတို့ထဲက ၃၂ နိုင်ငံမှာ ပထမဆုံး လူဦးရေ ၁၀ ရာခိုင်နှုန်းကိုပင် ကာကွယ် ဆေးထိုးနှံပေးနိုင်ခဲ့ခြင်းမရှိဟုဆိုသည်။ ယင်းသို့ုဖြစ်ရခြင်းမှာ အဓိကအားဖြင့် ကာကွယ် ဆေးမရနိုင်သောကြောင့် ဖြစ်သည်ဟု တက်ဒရိုက ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းလောက်တွင် နိုင်ငံတိုင်း ကိုဗစ်ကာကွယ်ဆေး ၇၀ ရာခိုင်နှုန်း ထိုးနှံပြီးစီးစေချင်ကြောင်း ၎င်းကဆက် လက်ပြောကြားခဲ့သည်။

                                                


READ NEXT
Cancel OK