Top News

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်၊ (၅)ဦး ထိခိုက်ဒဏ်ရာရ
24htopnews | October 11, 2024 12:12 PM CST

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၃၄/၅)နှင့်(၂၃၄/၆)ကြားတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားရာ ယာဉ်ပေါ်ပါသူများအနက် (၅)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း ဘုရားတောင်အမြန်လမ်းနယ်မြေမီးသတ်စခန်းထံမှ သိရသည်။

ယနေ့ အောက်တိုဘာ (၁၁) ရက်၊ နံနက်အစောပိုင်း (၄)နာရီခွဲအချိန်ခန့်က ၎င်းနေရာတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဘုရားတောင်အမြန်လမ်းနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် (၂၅)ဦးအနက် ထိခိုက်ဒဏ်ရာရသူအမျိုးသား (၄)ဦးနှင့် အမျိုးသမီး(၁)ဦး(မစိုးရိမ်ရ) တို့အား ဘုရားတောင်အမြန်လမ်းမကြီး ရဲစခန်းပိုင် သူနာတင်ယာဉ်ဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK