ဗီယန်ကျင်း၊အောက်တိုဘာ ၁၀
ကမ္ဘောဒီးယားသည် တီမောလက်စတီနိုင်ငံက အာဆီယံအဖွဲ့ဝင်ဖြစ်ရေးကို ထောက်ခံကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က လာအိုနိုင်ငံ၌ကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင်ပြေကြားခဲ့သည်။
၄၄ ကြိမ်မြောက် အာဆီယံနှင့် ၄၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ ကိုယ်စားလှယ်အဖွဲ့များစေလွှတ်ရင်းဖြင့် ဝန်ကြီးချုပ်က ယခုကြေငြာချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မစ္စတာဟွန်မာနက်က တီမောလက်စတီနိုင်ငံသည် အာဆီယံ၏တင်းပြည့်အဖွဲ့ဝင်ဖြစ်လာရေးအတွက် ကမ္ဘောဒီးယားက အပြည့်အဝထောက်ခံကြောင်း ထပ်မံအတည်ပြုကာ အဖွဲ့ဝင်ဖြစ်ရေးလုပ်ဆောင်ချက်မှန်သမျှကိုထောက်ခံကြောင်းပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်မှစ၍ တီမောသည် အာဆီယံအဖွဲ့ဝင်ဖြစ်ရေးလျှောက်ထားခဲ့သဖြင့် လေ့လာသုံးသပ်နေရာမှ ၂၀၂၂ ခုနှစ် ကမ္ဘောဒီးယားအာဆီယံဥက္ကဌဖြစ်ချိန်တွင် လေ့လာသူအဖြစ် တီမောကို သတ်မှတ်ပေးခဲ့သည်။တီမောသည် ၂၀၂၅ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်ဖြစ်ရေး မျှော်မှန်းထားသည်ဟုလည်းသိရသည်။
Source : ခမာတိုင်းမ်စ်
-
အိန္ဒိယက နျူစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောနှစ်စင်း တည်ဆောက်မည်
-
နိုင်ငံခြားငွေလဲကောင်တာများ ဗဟိုဘဏ်၏ FX Trading rate အတိုင်း ဝယ်ယူရောင်းချကြရန် ညွှန်ကြားထား
-
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရန်ကင်းစစ်ဒေသတွင် PNA ၏ စစ်သင်တန်းဆင်းပွဲကို အင်အားနှစ်သောင်းကျော်ဖြင့် ပြုလုပ်
-
ရာဖေးလ်နာဒယ်လ် တင်းနစ်ကစားသမားဘဝမှအနားယူ
-
မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ ၎င်းတို့၏ကားပေါ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ