Top News

ဆိပ်ဖြူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂွေးပင်ချောင်ချောင်း ရေလျှံကာ ယာဉ်တစ်စီး မျောပါမှုဖြစ်ပွား
24htopnews | October 11, 2024 12:12 PM CST

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂွေးပင်ချောင်ချောင်းတွင် ရေလျှံကာ ယာဉ်တစ်စီး ရေစီးနှင့် မျောပါမှုဖြစ်ပွားခဲ့ရကြောင်း ဆိပ်ဖြူမြို့နယ်မီးသတ်စခန်းထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာ (၁၀)ရက်၊ ည (၉)နာရီခွဲအချိန်ခန့်က ဆိပ်ဖြူမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂွေးပင်ချောင်ရွာနှင့် သံဇလုံရွာကြား ဂွေးပင်ချောင်ချောင်းမှ ရေများမြင့်တက်လာ ယာဉ်(၁)စီးမှာ မျောပါသွားခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကို ဆိပ်ဖြူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။

၎င်း ယာဉ်မှာ ရေစီးဖြင့် မျောပါပြီး လမ်းဘေးရှိ ဓါတ်တိုင်နှင့် အုတ်တံတိုင်းတို့ကြားရောက်ရှိကာ ရပ်တန့်သွားခဲ့ကြောင်းနှင့် လူထိခိုက်မှု တစ်စုံတစ်ရာ မရှိသော်လည်း ယာဉ်မှာ ထိခိုက်ပျက်စီးမှုတချို့ရှိခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK