Top News

ကယားပြည်နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေးမမီသည့် ကုမ္ပဏီများ ရှိသော်လည်း Black List တစ်ခုမှမရှိသည့်အပြင် အစိုးရအနေဖြင့် အရေးယူမှု မရှိသည်ကို တွေ့ရကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ပြောကြား
24htopnews | October 11, 2024 6:12 AM CST

ကယားပြည်နယ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများတွင် အရည်အသွေးမမီသည့် ကုမ္ပဏီများ ရှိနေသော်လည်း Black List တစ်ခုမှမရှိသည့်အပြင် အစိုးရအနေဖြင့် အရေးယူဆောင်ရွက်ခြင်း မရှိသည်ကို တွေ့ရကြောင်း မယ်စဲ့မြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဖေဖော်ဝါရီ ၁၄ ရက်က လွိုင်ကော်မြို့ ပြည်နယ်လွှတ်တော် အစည်းအဝေး ခန်းမတွင် ကျင်းပရာ တည်ဆောက်ရေး လုပ် ငန်းများတွင် ကုမ္ပဏီများအား Black List ထုတ်ပြန်ခြင်းမေးခွန်းအား သက်ဆိုင်ရာဝန်ကြီးများက ပြန်လည်ဖြေဆိုရာ တိတိကျကျ ပြန်လည်မဖြေဆိုနိုင်သည်ကို တွေ့ရကြောင်း မယ်စဲ့မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ဝန်ကြီးတွေ ဖြေတဲ့အထဲမှာက တိတိကျကျ မှန်မှန်ကန်ကန်ဖြေတဲ့ဟာ မရှိပါဘူး။ ဖြေတဲ့အထဲမှာ ဒေါက်တာအောင်ကျော်ဌေး ကျတော့ တိတိကျကျ မှန်မှန်ကန်ကနေ ဖြတယ်ပေါ့။ ကျန်တဲ့ဝန်ကြီးကတော့ အောက်ခြေကနေ For Show ရေးတာကို တင်ပြီးတော့မှ ဖြေတာမျိုး သုံးသပ်တွေ့ရှိတယ်ပေါ့။ ဒါက ဘာပြုလဲဆိုတော့ ကက်ဘိနက်တစ်ခုတည်း ဆုံးဖြတ်ပြီးတော့ ကက်ဘိနက်ဆုံးဖြတ်တိုင်း အရာမှမရောက်တာ ထိထိရောက်ရောက်အ ရေးယူမယ်လို့ မပါကြဘူး။ ကျွန်တော်ပြော တာက ထိထိရောက်ရောက် အရေးယူရမယ်၊ ဆုံးဖြတ်ရမယ်။ နောက် ငွေပုံထုတ်သွားတဲ့ ကုမ္ပဏီတွေ မဖြစ်သင့်ဘူး။ အစိုးရဆီက ငွေကိုထုတ်ပြီး လိမ်သွားတဲ့ ကုမ္ပဏီကို Black List လုပ်သင့်ရင်လုပ်ရမှာပဲ” ဟု မယ်စဲ့မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးအောင်နိုင်ဦးက ဆိုသည်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၏ မေးခွန်းအား ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြန်လည်ဖြေဆိုရာ ကုမ္ပဏီများနှင့် သဘောတူစာချုပ်ရှိကြောင်း၊ စာချုပ်ဖောက်ဖျက်ပါက လုပ်ငန်းအပ်နှံသည့်ဌာနမှ Black List ထုတ်ပြန်ကြေညာရမည်ဖြစ်ကြောင်း၊ ကက်ဘိနက် အစည်းအဝေးအရ Black List ထုတ်ပြန်ရမည်ဖြစ်ပြီး ပြည်တောင်စုသို့ တင်ပြရမည်ဖြစ်ကြောင်း ပြန်လည်ဖြေဆိုရာတွင် ထည့်သွင်း ပြောကြားသည်ဟု သိရသည်။

“ကျွန်တော်တို့ ကယားပြည်နယ်မှာ ကုမ္ပဏီတွေ တော်တော်များများ လာလုပ်ကြတာပေါ့နော်။ လာလုပ်တဲ့အခါ တချို့က အရည်အသွေးပိုင်း လုံးဝညံ့ဖျင်းတယ်ပေါ့နော်။ ပြီးရင်ပြီးစလွယ်လောက်လုပ်တယ်။ တွေ့ရှိတဲ့ အခါကျရင် ကျွန်တော်တို့လည်း သွားစစ်တာပေါ့။ ကျွန်တော်က ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီ အတွင်းရေးမှူး တာဝန်ထမ်းဆောင်နေတာပေါ့။ အရည်အသွေးမကောင်းရင် မကောင်းတဲ့ဟာကို အစိုးရအဖွဲ့ တင်ပြတယ်ပေါ့နော်။ အစိုးရအဖွဲ့ကို တင်ပြတဲ့ဟာကို အစိုးရအဖွဲ့ကို ဒီကုမ္ပဏီတွေ မကောင်းပါဘူးလို့ ဖြစ်နေတာကိုမှ သူတို့အပေါ်မှာက ပြန်ပြီးတော့ အရေးယူဆောင်ရွက်မှု မရှိတာကိုလည်း တွေ့ရှိရတယ်။ ပူးပေါင်းဆောင်ရွက်မယ် ဆိုလို့ရှိရင် မကောင်းရင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်မယ် ဆိုလို့ရှိရင် ကျွန်တော်တို့ ကယားပြည်နယ်ကြီး တစ်ခုလုံးမှာ ပိုပြီးတော့မှ လမ်းပန်းတို့၊ အဆောက်အအုံတို့၊ တံတားတို့ ပိုခိုင်ခံ့တာပေါ့။ ဒီငွေတွေ အားလုံးကလည်း ပြည်သူ့ဘဏ္ဍာကနေကောက်တဲ့ ငွေတွေအားလုံးပါ” ဟု မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

ဆောက်လုပ်ရေး လုပ်ငန်းများတွင် QC အဖွဲ့ဖွဲ့စည်းခဲ့သော်လည်း အရည်အသွေး မမီခြင်းများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ကုမ္ပဏီဘက်မှ လိုအပ်ချက်များအား အစိုးရက ထိရောက်စွာ ဖြေရှင်းပေးရမည်ကို မဖြေရှင်းပေးသောကြောင့် လွှတ်တော်သို့ လာရောက် တိုင်ကြားခြင်းများကို ကွင်းဆင်းစစ်ဆေးကြားနာ ဆောင်ရွက်ရကြောင်းလည်း သိရသည်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဖေဖော်ဝါရီ ၁၄ ရက်က လွိုင်ကော်မြို့ ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်နယ်တွင်း ဒေသန္တရအမိန့်များ ထုတ်ပြန်ခြင်းနှင့် စပ်လျဉ်း၍ မေးခွန်းမေးရာ မေးခွန်းနှင့်အဖြေ လွဲပြီးဖြေထားသည်ကို တွေ့ရကြောင်း ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်က ပြောကြားသည်။


READ NEXT
Cancel OK