Top News

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလောမြို့ရှိ ဗိုလ်ချုပ်စမစ်ဒွန်း အုတ်ဂူသို့ သွားရောက်ဂါရဝပြု
24htopnews | October 11, 2024 6:12 AM CST

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ ယနေ့(ဖေဖော်ဝါရီ ၁၄ ရက်) နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ရှိ  ဗိုလ်ချုပ်စမစ်ဒွန်း အုတ်ဂူသို့ သွားရောက်ဂါရဝပြုခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကလောမြို့ အမှတ်(၁၃)ရပ်ကွက် အနောက်မြို့ပတ်လမ်းတွင် နေထိုင်သည့် မြန်မာ့တပ်မတော်တွင် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်ထိ တာဝန်ထမ်းဆောင်ခဲ့သော ပထမဦးဆုံး(ယခင်အခေါ်) စစ်ဦးစီးချုပ် (ယခုအခေါ်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်း ၏ မိသားစုဝင်များအား ဦးစွာရင်းရင်းနှီးနှီးတွေ့ဆုံပြီး လက်ဆောင်ပစ္စည်းများပေးအပ်ကာ  ဗိုလ်ချုပ်စမစ်ဒွန်း  ၏ အုတ်ဂူသို့သွားရောက်၍ ဂါရဝပြုခဲ့ကြောင်းသိရသည်။

 

 

 

 


READ NEXT
Cancel OK