Top News

NLD ပါတီခေါင်းဆောင်များနှင့် NLD အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့သူများ တရားစွဲဆိုခံရခြင်း
24htopnews | October 11, 2024 1:12 AM CST

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး နိုင်ငံတော်အာဏာကို တပ်မတော်က ထိန်းသိမ်းခဲ့ပြီးနောက် NLD အစိုးရလက်ထက် နိုင်ငံတော် တာဝန်ယူခဲ့သူများကို ဖမ်းဆီးထိန်း သိမ်းခဲ့ပြီး တရားစွဲဆိုထောင်ချမှုများ ပြုလုပ်ခဲ့သည်။

NLD အစိုးရလက်ထက် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စု ဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သည့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ တာဝန်ထမ်းဆောင်ခဲ့သည့်  NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၁) ဦးဝင်းမြင့်၊ နေပြည်တော်ကောင် စီဥက္ကဋ္ဌဟောင်းဖြစ်သူ NLD ပါတီဗ ဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာ မျိုးအောင်တို့သည် NLD ပါတီက ဖေဖော်ဝါရီ ၇ ရက်နှင့် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာ ချက်များနှင့်ပတ်သက်၍ ရာဇသတ် ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရား စွဲဆိုခံရခြင်းဖြစ်သည်။

ထို့အတူ ဒေါ်အောင်ဆန်းစု ကြည်နှင့် ဦးဝင်းမြင့်တို့သည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၀ ရက်က ကောင်စီနယ်မြေအတွင်း NLD ပါ တီ၏ ခရိုင်ပါတီဥက္ကဋ္ဌ ဦးမင်းသူ ဦးဆောင်၍ Car Campaign ပြုလုပ် ရာတွင် ဇမ္ဗူသီရိမြို့နယ်ရှိ နေအိမ်အနီးတွင် ကြိုဆိုနှုတ်ဆက်မှုများပြုလုပ် ခဲ့ခြင်းကြောင့်  COVID-19ရောဂါ ဖြစ်ပွားမှုပေါ်မူတည်၍ ထုတ်ပြန် ထားသော အမိန့်များကို လိုက်နာ ခြင်းမရှိဟုဆိုကာ သဘာဝဘေးအန္တ ရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုခံရပြီး ဒီဇင်ဘာ ၆ ရက် ရုံးချိန်း၌ သဘာဝဘေးပုဒ်မဖြင့် စွဲဆို ထားသည့်အမှုအတွက် ဒေါ်အောင် ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အား ထောင်ဒဏ် နှစ်နှစ်စီချမှတ်ခဲ့ သည်။         

ထို့အတူ ဒေါက်တာ မျိုးအောင် အပါ အဝင်  ၎င်းတို့သုံးဦးအား ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုထားသည့်အမှု အတွက် ထောင်ဒဏ်နှစ်နှစ်စီချမှတ်ခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်သည် စုစုပေါင်းထောင် ဒဏ်လေးနှစ်စီချမှတ်ခံရပြီး ယင်းနေ့ ၌ပင်  ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ချမှတ်ထားသည့် ထောင်ဒဏ်လေးနှစ်အနက် နှစ်နှစ် အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်း သက်သာခွင့်ပြုကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက အမိန့်ထုတ်ပြန်ခဲ့သည်။

ဦးဝင်းမြင့်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်လည်း တရားစွဲဆိုခံထားရပြီး အဆိုပါ အမှုမှာ ၎င်းတို့နှစ်ဦးသည် အစိုးရတာဝန်ယူခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းအသုံးပြုမှုနှင့်  နိုင်ငံပိုင် ရဟတ်ယာဉ်တစ်စင်းဝယ်ယူမှုများ တွင် ဘဏ္ဍာရေးစည်းမျဉ်းများကို မ လိုက်နာဘဲ လုပ်ခွင့်ပြုခဲ့သည့်အတွက် နိုင်ငံတော်ဘဏ္ဍာများ ထိခိုက် ဆုံးရှုံးသည်ဟုဆိုကာ  တရားစွဲဆိုခံ ရခြင်းဖြစ်သည်။

ထို့ပြင် ဦးဝင်းမြင့်သည်၂၀၂၀ အထွေထွေရွေးကောက်ပွဲလုပ်ငန်း စဉ်များ၊ မဲမသမာမှုနှင့် တရားမဲ့ပြု ကျင့်မှုဖြစ်စဉ်များ၌ ဒေါ်အောင်ဆန်း စုကြည်၊ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးလှ သိန်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဝင်ဟောင်းများဖြစ်သည့် ဦးမြင့်နိုင် နှင့်  ဦးသန်းဌေး၊  ပြည်ထောင်စုအစိုး ရအဖွဲ့ရုံးဝန်ကြီးဟောင်း ဦးမင်းသူ၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက် တာမျိုးအောင်အပါအဝင် ၁၆ ဦးနှင့် အတူ ကျူးလွန်သည်ဆိုကာ တည်ဆဲ ဥပဒေများဖြင့် အရေးယူဆောင်ရွက် လျက်ရှိသည်ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အသစ်က နိုဝင် ဘာ ၁၅ ရက်တွင်ထုတ်ပြန်ခဲ့ပြီး မည် သည့်ပုဒ်မများဖြင့် အရေးယူဆောင် ရွက်နေသည်ကို ထုတ်ပြန်မထားပေ။

အလားတူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ နေပြည်တော် ရွှေကြာပင်ရပ်ကွက်၌ မဲဆွယ်စည်းရုံးရေးဆင်းရာတွင် လူစုလူဝေး ဖြစ်ခဲ့သည်ဟုဆိုကာ ပြင်ပ ပုဂ္ဂိုလ်တစ်ဦးက သဘာဝဘေးအန္တ ရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တိုင်တန်းမှုနှင့်ပတ်သက်၍လည်း တရားရင်ဆိုင်နေရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ကို ရှာဖွေရာတွင်  Jumber တစ်စုံ၊  အနီးကပ်လုံခြုံရေး အဖွဲ့၊  ဂိတ်ကင်းနှင့် ကိုယ်ရေးအရာရှိ အဆောင်တို့မှ Icom စကားပြောစက် များတွေ့ရှိသည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့်လည်း တရားစွဲဆို ခံထားရသည်။

NLD ပါတီအစိုးရလက်ထက် စီးပွားရေးအကြံပေးဖြစ်သည့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း နှင့် ဦးကျော်ဝင်း၊ ဒုတိယဝန်ကြီး ဟောင်း ဦးဆက်အောင်တို့အား မြန် မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥ ပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံရမှု တွင်လည်း ဒေါ်အောင်ဆန်းစုကြည် သည် ပူးတွဲတရားစွဲဆိုခံထားရသည်။

ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် ရန်ကုန်တိုင်းဒေသကြီးဝန် ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ၎င်းအား ရွှေနှင့် ဒေါ်လာများပေးခဲ့သည်ဆိုသည့် ထွက်ဆိုချက်၊ ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံး ချုပ်မြေနှင့် အအောက်အအုံများကို လုပ်ထုံးလုပ်နည်းဖြင့်မညီဘဲ ငှားရမ်း သည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆို ခံထားရသည်။

နေပြည်တော်တွင် ဒေါ်ခင် ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက် မည့်စီမံကိန်းများအတွက် မြေနေရာ ရယူသည့်ကိစ္စနှင့် အဆောက်အအုံ တည်ဆောက်သည့်ကိစ္စနှင့်ပတ်သက်၍လည်း နေပြည်တော်မြို့တော် ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊  ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး၊ နေပြည်တော် စည်ပင်သာယာ ရေးကော်မတီဝင်ဟောင်း ဦးမင်းသူ တို့နှင့်အ တူ  ဒေါ်အောင်ဆန်းစုကြည် သည် အဂတိလိုက်စားမှုဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရသည်။

၎င်းတို့အနက် ဦးရဲမင်းဦးသည်  ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ ဖြင့် လည်းကောင်း၊ နေပြည်တော် ဖွံ့ဖြိုး ရေးဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် မီဒီယာစင်တာ တည်ဆောက်မှုနှင့် လုပ်ငန်းအချို့တွင် တင်ဒါစည်းမျဉ်း များလိုက်နာမှုမရှိခြင်း၊ ချေးငွေများ ထုတ်ပေးရာတွင် နိုင်ငံတော်က နစ်နာသည်ဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့်လည်း အမှု ဖွင့်ခံထားရသည်။

နေပြည်တော်ကောင်စီနယ်မြေ NLD ပါတီဥက္ကဋ္ဌလည်း ဖြစ်သည့်  နေပြည်တော် စည်ပင်သာယာ ရေးကော်မတီဝင်ဟောင်း ဦးမင်းသူသည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ဒီဇင်ဘာ ၂၂ ရက်တွင်  ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံရပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေနှင့် အဂတိဖြင့် စွဲဆိုထားသည့် အမှုများအတွက် ဆက်လက်တရား ရင်ဆိုင်နေရသည်။

ဖမ်းဆီးထိန်းသိမ်းတရားစွဲဆို ခံထားရသည့် NLD ပါတီခေါင်း ဆောင်များအနက် မကွေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် တာဝန်ထမ်းဆောင် ခဲ့သည့် NLD ပါတီဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ဒေါက်တာ အောင်မိုးညိုသည် ပထမဆုံးအဖြစ် ဇွန်လအတွင်းက ရာဇသတ်ကြီးပုဒ် မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် နှစ်နှစ်ချ မှတ်ခံရသည်။

ဒေါက်တာအောင်မိုးညိုအား  အဂတိဖြင့် စွဲဆိုထားသည့်အမှုများတွင် လုပ်ငန်းရှင်တစ်ဦးက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၅၀၀ ကို လက်ခံရယူ၍ လယ်ယာမြေတစ်ဧကကို စက်သုံးဆီ ဆိုင်ဖွင့်လှစ်နိုင်ရေး ခွင့်ပြုပေးခဲ့ခြင်း၊  ရေနံလက်ယက်တွင်းလုပ်ကွက် ၁၅ ခုမှာ မြေငှားရမ်းခကောက်ခံခဲ့မှု မရှိ ခြင်းကြောင့် ဘဏ္ဍာငွေများ နစ်နာ ဆုံးရှုံးစေခြင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ထုတ်ပြန်ခဲ့သည့် ဒေသဖွံ့ဖြိုးရေး ရန် ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ် နည်းများနှင့်အညီ လိုက်နာဆောင် ရွက်မှုမရှိခြင်း၊ ဘဏ္ဍာငွေများ နစ် နာဆုံးရှုံးစေခြင်း စသည့်ကိစ္စရပ်များ လည်း ပါဝင်သည်။

ဒီဇင်ဘာ ၃၀ ရက်တွင် ဒေါက်တာအောင်မိုးညိုသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံရသည့် အမှုများအနက် အမှုခြောက်မှုဖြင့် တစ်မှုလျှင် ထောင် ဒဏ်သုံးနှစ်ဖြင့် စုစုပေါင်းထောင် ဒဏ် ၁၈ နှစ် ချမှတ်ခံရသည်။

ဒေါက်တာအောင်မိုးညိုနှင့်အ တူ ဒီဇင်ဘာ ၃၀ ရက်တွင် အဂတိဖြင့် မကွေးတိုင်းဒေသကြီး လူမှုရေး ဝန်ကြီးဟောင်း ဒေါက်တာခင်မောင်အေးကို အဂတိအမှုနှစ်မှုဖြင့် ထောင်ဒဏ် ခြောက်နှစ်၊ ဆောက်လုပ်ရေး ဝန်ကြီးဟောင်း ဦးတင်နွယ်ဦးကို အဂတိအမှုလေးမှုဖြင့် ထောင်ဒဏ် ၁၂ နှစ်၊ သယံဇာတ၊ သဘာဝပတ် ဝန်းကျင်နှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီး ဟောင်း ဦးမြင့်ဇော်ကိုအဂတိအမှု တစ်မှုဖြင့် ထောင်ဒဏ် သုံးနှစ်၊  တိုင်း လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးတာကို အဂတိအမှုနှစ်မှုဖြင့် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရသည်။

အလားတူ ဒေါက်တာအောင်မိုးညိုကဲ့သို့ပင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကရင် ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်သည်လည်း ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံထားရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်သည် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ် မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်နှစ်နှစ်၊  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပ ဒေများဖြင့် ထောင်ဒဏ် ၇၅ နှစ်၊ ဖွဲ့ စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များကို ဖောက်ဖျက်ကျူးလွန်မှုစွဲ ချက်ဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) ဖြင့်် ထောင်ဒဏ်သုံးနှစ် စုစုပေါင်းထောင်ဒဏ်အနှစ် ၈၀ ချ မှတ်ခံထားရသည်။

ဒေါ်နန်းခင်ထွေးမြင့်ကဲ့သို့ပင် ကရင်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ဟောင်း ဦးသန်းနိုင်သည်လည်း အဂ တိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ဖြင့် ထောင်ဒဏ်အနှစ် ၉၀ နှင့် ရာဇ သတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်နှစ်နှစ် စုစုပေါင်းထောင် ဒဏ် ၉၂ နှစ်ချမှတ်ခံထားရသည်။

ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်ဝန်ကြီးဟောင်း ဦးသန်းနိုင်တို့အား အဂတိအမှုဖြင့် တရားစွဲဆိုခဲ့ရာတွင် ဘားအံမြို့ ကမ်းနားလမ်းသာယာလှပရေးနှင့် မြှင့်တင်ရေးလုပ်ငန်းစီမံကိန်း၌ ပုဂ္ဂလိကသို့ ခွင့်ပြုပေး ပိုင်ခွင့်မရှိသော ကမ်းနားလမ်း မြေ လေးဧကကျော်ကို  ပုဂ္ဂလိကသို့ မြေ ငှားဂရန် ထုတ်ပေးခဲ့ခြင်းအတွက် နိုင်ငံတော်ပိုင်မြေဆုံးရှုံးမှု၊ ၂၀၁၈ ခု နှစ် မေ ၁၄ ရက်မှ ၂၀၂၁ ခုနှစ် ဇန်န ၀ါရီ ၃၁ ရက်အထိ  စီးပွားရေးလုပ် ငန်းအသီးသီးမှ ကောက်ခံရရှိခဲ့သော ရန်ပုံငွေများကို နိုင်ငံတော်ဘဏ္ဍာ စာရင်းသို့ ပေးသွင်းခြင်းမရှိဘဲ ပုဂ္ဂ လိကဘဏ်များ၌ သီးခြားငွေစာရင်း ဖွင့်လှစ်မှု၊  ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကို ပုဂ္ဂိုလ် ၁၉ ဦးသို့ ထုတ်ချေးမှု၊ အဆင့်မြင့်စျေးဝယ်စင်တာတည် ဆောက်ရေးအတွက် တင်ဒါအောင် မြင်သောကုမ္ပဏီထံမှ လုပ်ငန်းစာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိသေးဘဲ ကျပ်သိန်း ၅၀၀၀ လက်ခံရယူမှု၊ ဒေါ်နန်းခင်ထွေး မြင့်အနေဖြင့် ၂၀၁၇ ခုနှစ် ဇူလိုင်လ အတွင်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိရာတွင်  ဘားအံ မြို့နှင့် ရန်ကုန်မြို့၌ ဆေးကုသမှုခံ ယူရာ၌ ပြည်နယ်ဖွံ့ဖြိုးရေးရန်ပုံငွေ စာရင်းမှ ကျပ် ၁၆ သိန်းခွဲကို ရယူသုံး စွဲခဲ့မှု၊ ဝန်ကြီးဟောင်း ဦးသန်းနိုင်အ နေဖြင့် ၂၀၁၈ ခုနှစ် မတ်လအတွင်း က ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက် ခွဲစိတ်ကုသမှုခံယူခဲ့ရာ ၌ လုပ်ငန်းရှင်တစ်ဦးထံမှ အမေရိ ကန်ဒေါ်လာ ၁၀၀၀၀ လက်ခံရယူမှု၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ မဲဆွယ်စည်းရုံးရေး ကုန်ကျစရိတ်ငွေ ကျပ်သိန်း ၅၀ ကို လုပ်ငန်းရှင်တစ် ဦးထံမှ တောင်းခံရယူမှု စွဲချက်များ လည်း ပါဝင်ခဲ့သည်။

NLD ပါတီ သဘာပတိအဖွဲ့ ဝင် တစ်ဦးဖြစ်သည့် ဦးဝင်းထိန်သည် လည်း ပြည်သူသို့ ပန်ကြားချက်ဆို သည့်စာ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ နိုင်ငံတော်အစိုးရကို မုန်းထားအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင်၊ အကြည်ညိုပျက် အောင်လှုံ့ဆော်ခြင်းနှင့် ရေးသားပုတ် ခတ်မှုများကြောင့်  အောက်တိုဘာ ၂၉ ရက်တွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄ (က) ဖြင့် ထောင်ဒဏ် အနှစ်၂၀ ချမှတ်ခံထားရသည်။

ထို့ပြင် NLD ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များဖြစ်သည့် ဦး ဟံသာမြင့်နှင့် ဒေါက်တာမျိုးညွန့် သည်လည်း  NLD ပါတီက ဖေဖော် ၀ါရီ ၇ ရက်နှင့် ၁၃ ရက်တွင် ထုတ် ပြန်သည့်ကြေညာချက်နှစ်ခုကြောင့် အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်ဆောင်သည်ဆို  သောစွဲချက်ဖြင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် ဒီဇင်ဘာ ၃၀ ရက်တွင် ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခံထားရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီး ချုပ်ဟောင်း  NLD ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်သည် လည်း သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဥပဒေပုဒ်မနှင့် NLD ပါတီ၏ ဖေဖော်ဝါရီလအတွင်း ကြေညာချက် ကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုခံရပြီး  ဒီဇင် ဘာ ၈ ရက်တွင် ယင်းအမှုတစ်မှုစီအ တွက် ထောင်ဒဏ်နှစ်နှစ်စီ  စုစုပေါင်း ထောင်ဒဏ်လေးနှစ် ချမှတ်ခံရသည်။

အလားတူ မန္တလေးတိုင်းဒေသ ကြီးလွှတ်တော်ဥက္ကဋ္ဌဟောင်း  ဦးအောင် ကျော်ဦးသည်လည်း ဒီဇင်ဘာ ၃၀ ရက်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ဒဏ်သုံးနှစ်နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေဖြင့် ထောင်ဒဏ်နှစ်နှစ် စုစု ပေါင်း ထောင်ဒဏ်ငါးနှစ် ချမှတ်ခံရ သည်။

ဒေါက်တာဇော်မြင့်မောင်နှင့် အတူ  သဘာဝဘေးအန္တရာယ်စီမံခန့် ခွဲမှုဥပဒေဖြင့်  မန္တလေးမြို့တော်ဝန် ဟောင်း ဒေါက်တာရဲလွင်၊ တိုင်းဝန် ကြီးဟောင်း ဦးဇာနည်အောင်နှင့်  မန္တလေးတိုင်း NLD ပါတီအတွင်း ရေးမှူး ဦးတင်ကိုကိုတို့သည် ထောင် ဒဏ်နှစ်နှစ်စီ ချမှတ်ခံရသည်။

ယင်းအပြင် ဒေါက်တာဇော်မြင့်မောင်သည် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်က အမရပူရ မြို့ပြဖွံ့ ဖြိုးရေးစီမံကိန်းအား လုပ်ကိုင်နေ သည့်ကုမ္ပဏီတစ်ခုထံမှ ဆေးကုသစရိတ်ငွေကြေးရယူမှု၊ မြင်းခြံ ခရိုင်/ မြို့နယ် NLD ပါတီရုံးနှင့် ပြင်ဦးလွင် မြို့နယ် NLD ပါတီရုံး မြေနေရာချ ထားပေးရာတွင် သတ်မှတ်ကာလ ပေါက်စျေးထက် လျော့နည်းပေးသွင်း စေမှု၊ ကုမ္ပဏီတစ်ခုထံမှ စီမံကိန်းဧရိ ယာနှင့် ဆက်စပ်သည့် လယ်ယာမြေ များကို အခြားနည်း သုံးစွဲခွင့်ရရှိရေး နှင့် စီမံကိန်းလုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်ရေး ငွေကြေးရယူမှု စွပ် စွဲချက်ဖြင့် အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့်ခံ ထားရပြီး ဝန်ကြီးဟောင်း ဦးဇာနည် အောင်သည်လည်း မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် တာဝန်ယူစဉ်က NLD ပါတီ အောင်မြေသာစံမြို့နယ် ရုံးနှင့် ချမ်းအေးသာစံမြို့နယ်ရုံး မြေ နေရာချထားပေးရာ၌ ကာလပေါက် စျေးထက် လျော့နည်းစွာ ငွေပေးသွင်း စေခဲ့မှုဖြင့် အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ခံ ထားရသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်  ဟောင်း ဦးညီပုသည်လည်း နိုင်ငံ တော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်နှစ်နှစ်ချ မှတ်ခံထားရပြီး အဂတိဖြင့်လည်း ကောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက် ၍ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀ (က) ဖြင့်ထပ်မံတရားစွဲဆိုခံရသည်။

ဦးညီပုသည် ပြည်နယ်ဝန်ကြီး ဟောင်းများဖြစ်သည့် ဦးကျော်အေးသိန်း၊  ဦးအောင်ကျော်ဇံ၊  ဦးကျော်လွင်၊ ဦးမင်းအောင်တို့နှင့်အတူ ဂွမြို့နယ်တွင် တန်ဖိုးနည်းမြေကွက်ဖော် ထုတ်ရေးလုပ်ဆောင်မှု၊ ကုမ္ပဏီ တစ်ခုအား နိုင်ငံပိုင်အဆောက်အအုံ သုံးလုံးကို အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့မှု၊ ပြည်နယ်တည် ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော် မတီရန်ပုံငွေ သုံးစွဲမှု၊ စျေးငါးစျေး တည်ဆောက်ခွင့်ပေးမှုတို့တွင် အဂ တိဖြစ်ပေါ်ခဲ့သည်ဟုဆိုကာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည်။

NLD ပါတီ ထိပ်ပိုင်းခေါင်း ဆောင်တစ်ဦးဖြစ်သည့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးထွန်းထွန်းဟိန်သည်လည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)နှင့် ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် တရားစွဲဆိုခံရပြီး တစ်မှုလျှင် ထောင်ဒဏ်နှစ်နှစ်စီဖြင့် စုစုပေါင်း ထောင်ဒဏ် လေးနှစ်ကျခံရန် ဒီဇင်ဘာ ၂၂ ရက်က အမိန့်ချမှတ်ခံရသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဟောင်းမန်းဝင်းခိုင်သန်း၊NLDပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်သည် လက်ရှိတွင် ဖမ်းဆီးခံရခြင်း မရှိသော်လည်း NUG တွင်ပါဝင်မှုဖြင့် အခြားပုဂ္ဂိုလ် ၂၄ ဦးနှင့်အတူ နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ ၁၂၂ နှင့် မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၇ (၁) တို့ဖြင့် အမှုဖွင့်လှစ်ခံရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန် ကြီးချုပ်ဟောင်း NLD ပါတီဗဟိုအ လုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မြင့်နိုင်သည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် ဒီဇင်ဘာ ၂၀ ရက် က ထောင်ဒဏ်နှစ်နှစ်၊ တိုင်းဒေသ ကြီး ဥပဒေချုပ်ဟောင်း ဦးခင်မောင် လှသည် ပုဒ်မ ၅၀၅ (ခ) ဖြင့် ဒီဇင်ဘာ ၁၇ ရက်က ထောင်ဒဏ်နှစ်နှစ် ချမှတ် ခံရသည်။

ဒေါက်တာမြင့်နိုင်သည် ဝန်ကြီး ချုပ်တာဝန်ထမ်းဆောင်စဉ်က ၎င်းကိုယ်တိုင်ဦးစီးဖွင့်လှစ်ထားသည့် အမျိုးသမီးဂေဟာအတွက် လုပ်ငန်းရှင်တစ်ဦးထံမှ မော်တော်ယာဉ်တစ်စီး အလှူခံမှု၊ တိုင်းဒေသကြီးအတွင်း တင်ဒါလုပ်ငန်းများ ချပေးသည့်ကိစ္စ၊ မြေလွတ်မြေလပ်မြေရိုင်းအသုံးချ သည့်ကိစ္စ၊ ရွှေအသေးစားလုပ်ကွက် များအား အခွန်ကောက်ခံမှုမပြုသည့် ကိစ္စများတွင် အဂတိဖြစ်ပေါ်သည် ဟုဆိုကာ တိုင်းဝန်ကြီးဟောင်းများ ဖြစ်သည့် ဦးသန်းညွန့်ဝင်း၊  ဦးစိုးဦး၊ ဦးကမ်ဇာမုံ၊ ချင်းတိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဟောင်း ဦးလာလ် ထောင်ထန်း၊ ဦးစီးအရာရှိနှစ်ဦးတို့ နှင့်အတူ အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့် လှစ်ခံရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန် ကြီးချုပ်ဟောင်း ဦးမြင့်မောင်သည် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် ထောင် ဒဏ်နှစ်နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ် မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်နှစ်နှစ်၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများအား စ နစ်တကျသုံးစွဲခြင်းမရှိဟုဆိုကာ ရာ ဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ ဖြင့် ထောင်ဒဏ်ခုနစ် စုစုပေါင်း ထောင် ဒဏ် ၁၁ နှစ် ချမှတ်ခံရသည်။

အလားတူ မွန်ပြည်နယ်ဝန်ကြီး ချုပ်ဟောင်း ဒေါက်တာအေးဇံသည် ဝန်ထမ်းများအနေဖြင့် CDM လှုပ် ရှားမှုတွင် ပါဝင်ရန်တိုက်တွန်းခဲ့သည် ဆိုသည့်စွပ်စွဲချက်ဖြင့် ဒီဇင်ဘာ ၂၀ ရက်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံထားရပြီး ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ်က သံလွင် မြစ်အတွင်း သဲများစုပ်ယူထုတ်လုပ် ခွင့်ပေးမှု၊ သဲသောင်တူးဖော်ရေးလုပ် ငန်းတွင် အခွန်လျှော့ပေါ့ပေးသွင်း စေမှု၊ COVID-19 ရန်ပုံငွေမှ ပြင်ပ ပုဂ္ဂိုလ်များအား ချေးငွေထုတ်ချေးမှု တို့တွင် အဂတိဖြစ်ပေါ်ခဲ့သည်ဟုဆို ကာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေဖြင့်လည်းကောင်း၊ ၂၀၂၀ ရွေးကောက်ပွဲ၌ မလျော်သြဇာအသုံး ပြုခြင်း၊ ရွေးကောက်ပွဲအတွင်း မသ မာမှုပြုလုပ်ခဲ့ခြင်း စသည့်စွဲချက်များ ဖြင့်  ရာဇသတ်ကြီးဥပဒေဖြင့်လည်း ကောင်း အမှုဖွင့်လှစ်ခံထားရသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဟောင်း ဒေါက်တာခက်အောင်၊ ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင် နှင့် ဝန်ကြီးဟောင်းများသည် သဘာ ဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပ ဒေပုဒ်မ ၅၅ တို့ဖြင့် တရားစွဲဆိုခံထား ရသည်။

ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးဟောင်းများဖြစ် သည့် ဦးနေဝင်း၊ ဦးဇော်ဝင်း၊ ဦးဝေ လင်း၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း (ခ) ဦး ဒါရှီလဆိုင်း၊ ဦးနော်လီ (ခ) ဇခေါင် ခမ်းရယ်၊ စည်ပင်ညွှန်ကြားရေးမှူး တစ်ဦးနှင့်အတူ  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆို ခံရသည်။

လက်ရှိတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့၌ တာဝန်ထမ်းဆောင်ခဲ့ သူများအနက ်ဝန်ကြီးဟောင်း ဦးဒါ ရှီလဆိုင်းသည် အစိုးရသစ်ဖွဲ့စည်း ပြီးသည်အထိ ပြည်နယ်အစိုးရအဖွဲ့ လက်အောက်ရှိဌာနများအား ရုံးပိတ် ရက်အဖြစ် သတ်မှတ်ကြောင်း ကြေ ညာချက်ထုတ်ပြန်မှုဖြင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ဒီဇင်ဘာ ၉ ရက်က ထောင်ဒဏ်နှစ်နှစ် ချမှတ် ခံရသည်။

ထို့အတူ သဘာဝဘေးအန္တ ရာယ်စီမံခန့်ခွဲမှုဥပဒေဖြင့် ကချင် ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝေလင်းသည် ထောင်ဒဏ်တစ်နှစ်၊ ဦနေဝင်းသည် အမှုသုံးမှုအတွက် ထောင်ဒဏ်သုံးနှစ်၊  ဦးဇော်ဝင်းသည် မတရားအသင်း ဆက်သွယ်မှုအက် ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံရပြီး ကချင်ပြည်နယ် NLD ပါတီဥက္ကဋ္ဌ ဦးမြသိန်းသည် လည်း သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဥပဒေဖြင့် ထောင်ဒဏ်တစ် နှစ်ချမှတ်ခံရသည်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဟောင်း ဒေါက်တာလင်းထွဋ်၊ ပြည် နယ်ဝန်ကြီးဟောင်း ဦးစိုင်းရှဲန်တစ် လုံနှင့် ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဟောင်း ဒေါက်တာထွန်းလှိုင်နှင့် ပြင်ပပုဂ္ဂိုလ် သုံးဦးအား အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲ ထားပြီး ၎င်းင်းတို့အား စွဲဆိုချက်များတွင် အင်းလေးဒေသဇုန် ဝင်ခွင့်ကောက် ခံရေး လုပ်ငန်းတင်ဒါနှင့် တင်ဒါ ေ<ကးကျန်များကိစ္စ၊ အခြေခံစား သောက်ကုန်ပစ္စည်းများ ဝယ်ယူ ရာတွင် တင်ဒါ စည်းကမ်းနှင့်အညီ မဆောင်ရွက်မှု စသည့်ကိစ္စရပ်များ ပါဝင်သည်။

အဆိုပါတရားစွဲဆိုခံထားရသူ များအနက် ဝန်ကြီးဟောင်း ဦးစိုးညွန့် လွင်သည် ဒီဇင်ဘာ ၃၀ ရက်တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ဖြင့် အမှုနှစ်မှုအတွက် ထောင်ဒဏ်လေး နှစ်၊ နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ (၁) အတွက် ထောင်ဒဏ်အနှစ် ၂၀၊ ပုဒ်မ ၁၂၄ (က)အတွက် ထောင်ဒဏ် ခုနစ်နှစ်၊ ပုဒ်မ ၁၂၄ (ဃ) အတွက် ထောင်ဒဏ် ခုနစ်နှစ် စုစုပေါင်း ၃၈ နှစ် ချမှတ်ခံရသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဟောင်း ဦးဝင်းသိန်းသည်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ဖြင့် အမှုဖွင့်လှစ်တရားစွဲဆိုခံထား ရပြီး ၎င်းအား စွဲဆိုချက်များတွင် လှူဒါန်းရရှိငွေများအား စာရင်းဖွင့်လှစ် မှုမရှိခြင်း၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ အား ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း နှင့်မညီဘဲ အသုံးပြုခြင်း၊  မြေအခြား နည်းအသုံးပြုခွင့်ရရှိသူများက ပေး သည့် ငွေကြေးနှင့် မော်တော်ယာဉ် တစ်စီးကို လက်ခံရယူခြင်း၊ ပဲခူးတိုင်း ဒေသကြီး တည်ဆောက်ရေးလုပ်ငန်း များကြီးကြပ်မှုအာဏာပိုင် အဖွဲ့ဖွဲ့ စည်းပြီး ဒေသတွင်းတည်ဆောက် ရေးလုပ်ငန်းများအတွက် အရည်အ သွေးစစ်ဆေးခမှ အဆိုပါအဖွဲ့က ဝန် ဆောင်ခရယူခဲ့သည့် ကြပ်မတ် ပျက်ကွက်ခြင်း၊ တင်ဒါလုပ်ငန်းငါးခု အား ကုမ္ပဏီတစ်ခုတည်းသို့ ပေးအပ် ခဲ့ခြင်းစသည့်ကိစ္စရပ်များပါဝင်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူ များအနက် ဝန်ကြီးဟောင်း ဦးနိုင်ငံလင်း၊ ဒေါ်နီလာကျော်နှင့် ဒေါ်မိုးမိုး စုကြည်တို့သည် အဂတိလိုက်စားမှု များဖြင့် တရားစွဲဆိုခံထားရသည်။ထိုသို့ အဂတိမှုဖြင့် တရားစွဲဆိုရာ တွင် ဝန်ကြီးဟောင်း ဒေါ်နီလာကျော် သည် ခင်မင်ရင်းနှီးသည့်ကုမ္ပဏီကို  အရည်အသွေးစစ်ဆေးရေးလုပ် ငန်းချပေးခြင်းနှင့် ငွေကြေးလက်ခံ ရယူခြင်းစွဲချက်ဖြင့်လည်းကောင်း၊ ဝန်ကြီးဟောင်း ဦးနိုင်ငံလင်းသည် တင်ဒါလုပ်ပိုင်ခွင့်ရသူများထံ လက် ဆောင်ခြင်းရယူခြင်း၊ ငွေကြေးရယူ ခြင်း၊ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ၎င်းင်း တို့ဝန်ထမ်းများအတွက် သီးသန့်ကွာ ရန်တင်းစင်တာ ဖွင့်လှစ်ခွင့်ပြုရန် တင်ပြသည့်နေရာသို့ သွားရောက် စစ်ဆေးစဉ် iPhone 12 Mini အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး လက်ခံရယူခြင်းစွဲချက်ဖြင့်လည်း ကောင်း၊ ဝန်ကြီးဟောင်း ဒေါ်မိုးမိုးစု ကြည်သည် ရွေးကောက်ပွဲအတွက် လှူဒါန်းကောက်ခံရရှိငွေ ၁၄၇ သိန်း ကျော်အနက် ၆၆ သိန်းကို ကိုယ်ကျိုး အသုံးပြုခဲ့ခြင်းနှင့် လှည်းကူးမြို့နယ် ကိုဗစ်စင်တာနှစ်ခုသို့ အစားအ သောက်ပေးသွင်းခွင့်ကို ရင်းနှီးသူအား ခွင့်ပြုခဲ့ပြီး ၎င်းင်းထံမှ ကျပ် ၁၆ သိန်း ကျော်တန်ဖိုးရှိ လက်ကိုင်ဖုန်းတစ် လုံးလက်ခံရယူခြင်း စွဲချက်ဖြင့်လည်း ကောင်း အမှုဖွင့်လှစ်ခံထားရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် အစိုးရအဖွဲ့များတွင် တာဝန် ထမ်းဆောင်ခဲ့သူများကဲ့သို့ပင် ပြည် ထောင်စုဝန်ကြီးအချို့ ဖမ်းဆီးခံရ ပြီး တရားစွဲဆိုခံထားရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဟောင်း ဒေါက်တာ ဝင်းမြတ်အေး သည် သဘာဝဘေးအန္တရာယ်ကိစ္စ ရပ်များနှင့် နိုင်ငံတော်၏အရေးကြီး ကိစ္စရပ်များတွင်အသုံးပြုရန် ရဟတ် ယာဉ်တစ်စင်းငှားရမ်းခြင်း၊ နိုင်ငံ တော်ပိုင် ရဟတ်ယာဉ်တစ်စင်း ဝယ် ယူခြင်းနှင့် ဝယ်ယူထားသည့် ရဟတ် ယာဉ်ကို ထိန်းသိမ်းပြုပြင်ရန် ကုမ္ပ ဏီတစ်ခုထံ လုပ်ငန်းအပ်နှံခြင်းတွင် နိုင်ငံတော်၏ ငွေကြေး၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာဆုံးရှုံးခြင်းဖြစ်ပေါ်ခဲ့ သည်ဟုဆိုကာ ၎င်းအား  အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် လည်းကောင်း၊ NUG တွင်ပါ ဝင်မှုဖြင့် ရာဇသတ်ကြီးပုဒ်မ ၁၂၂ နှင့် မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၇ (၁)နှင့် အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေတို့ဖြင့် တရားစွဲခံထား ရပြီး ၎င်းမှာ တိမ်းရှောင်နေသည်။

ထို့အတူ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုသည် ကျပ်သိန်း ၂၅၀  ကျော်တန်ဖိုးရှိ ရွှေပန်းကန် တစ်ချပ်ကို လက်ခံရယူမှုနှင့် နိုင်ငံတော်မှ လူပုဂ္ဂိုလ်များသို့ သာသနာ့ နုဂ္ဂဟဘွဲ့တံဆိပ် နှစ်စဉ်ချီးမြှင့်ပေး အပ်ခြင်းနှင့်ပတ်သက်၍ ငွေကြေး နှင့်ပစ္စည်းများလက်ခံရယူခဲ့သည်ဆို သည့်စွဲချက်ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှုသုံးမှုဖွင့်လှစ်ကာ ဖမ်းဆီးတရား စွဲဆိုခံထားရသည်။

အလားတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်းသည် စားသုံးသူရေး ရာဦးစီးဌာနပိုင် အထက်ပုဇွန်တောင် လမ်းပေါ်ရှိ  မြေဧက ၉ ဒသမ ၂၂၀ မြေနေရာကို ကုမ္ပဏီတစ်ခုသို့ ငှား ရမ်းမှုနှင့် မြေငှားရမ်းမှုများတွင် ကုမ္ပ ဏီကပေးသွင်းရမည့် မြေအသုံးချပ ရီမီယံကြေးအား လျှော့ပေါ့ပေးသွင်း စေသဖြင့် အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရသည်။

ထို့အတူ လျှပ်စစ်နှင့် စွမ်းအင်  ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဟောင်းဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဟောင်း ဒေါက်တာထွန်းနိုင်နှင့် ဦး ခင်မောင်ဝင်းတို့သည်လည်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ် မ ၅၅ အရ အရေးယူခံထားရပြီး ၎င်းတို့အား အမှုဖွင့်လှစ်ခဲ့သည့်စွဲချက် များမှာ အထက်ရဲရွာရေအားလျှပ် စစ်စီမံကိန်းမှ ရေသွယ်ဥမင်ဖောက် လုပ်ခြင်းလုပ်ငန်းကို နိုင်ငံတကာ ကုမ္ပဏီတစ်ခုက ဆောင်ရွက်ရာတွင် ပြီးစီးရမည့်ရက်အား ထပ်မံတိုးမြှင့်ပေးခဲ့သဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ များနစ်နာခြင်း၊ တနင်္သာရီတိုင်းဒေ သကြီးအစိုးရက စီမံခန့်ခွဲသည့် CGS ကုမ္ပဏီအတွက် ဓာတ်ငွေ့ဖိုး ကျပ်ခြောက်ဘီလျံကျော်အား ပြည်ထောင် စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက် ရယူမှုမရှိဘဲ လျှပ်စစ်ဓာတ်အားထုတ် လုပ်ရေးလုပ်ငန်းဌာန ဘတ်ဂျက်မှ ကြိုတင်စိုက်ထုတ်ပေးချေရန် ခွင့်ပြု ခဲ့သည့်ကိစ္စရပ်များဖြင့် ဖြစ်သည်။

သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦး အုန်းဝင်းသည် ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းက လရောင်တောစီမံကိန်း တွင် အသုံးပြုရန်အတွက် သစ် ၁၇၂ ဒသမ ၀၇၆၄ တန်ကို ရောင်းချပေး ရန် နှစ်ကြိမ်လျှောက်ထားမှုအပေါ် တင်ဒါ စနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ ၎င်း၏ဆုံးဖြတ်ချက်ဖြင့်သာ ရောင်း ချပေးမှုဖြင့် အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေပုဒ်မ ၅၅  ဖြင့် အမှု ဖွင့်လှစ်အရေးယူခံရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်း သည် မင်းကင်းမြို့နယ်တွင် ကျေး လက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ပြင် ဆင်ထိန်းသိမ်းရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့်လမ်းနှင့် တံတား များအား ၎င်းင်းသည်၂၀၂၀ ရွေးကောက် ပွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီး မင်း ကင်းမြို့နယ်မှ NLD ပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင် ရောက်ယှဉ်ပြိုင်ရန် ဆောင်ရွက်နေ သည့်အချိန်တွင် လူထုထောက်ခံမှု ရရှိစေရန်အတွက် လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန  ပြင်ဆင်ထိန်းသိမ်း ရေးရန်ပုံငွေမှ  အသုံးပြုခဲ့ခြင်း၊  မင်း ကင်းမြို့နယ်သို့ သွားရောက်သည့်ခ ရီးစဉ်များတွင် ဘုန်းကြီးကျောင်းများ သို့ လှူဒါန်းသည့် အလှူငွေများနှင့် ဆန်အိတ်များကို ဝန်ကြီးဌာနဝန် ထမ်းများက စီစဉ်ပေးပြီး တန်ဖိုးငွေ ပေးချေမှုမရှိခြင်း၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဆောက်လုပ် ရေးဝန်ထမ်းများနှင့် ကုမ္ပဏီများထံမှ  အလှူငွေလက်ခံရယူခြင်းစသည်တို့ ကြောင့် အဂတိဖြစ်ပေါ်ခဲ့သည်ဟု ဆိုကာ ၎င်းင်းအားအဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် ထားသည်။

ဦးကျော်လင်းနှင့်အတူ ထိုစဉ် က ညွှန်ကြားရေးမှူးချုပ်တာဝန်ထမ်း ဆောင်ခဲ့သူများဖြစ်သည့် ဦးအောင် မြင့်ဦး (လက်ရှိအမြဲတမ်းအတွင်း ဝန်)၊ ဦးရဲမင်းဇော်နှင့် ဦးနေအောင် ရဲဲမြင့်တို့ကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် လှစ်ခံထားရသည်။

NLD ပါတီ ထိပ်ပိုင်းခေါင်း ဆောင်များနှင့် NLD ပါတီအစိုးရ လက်ထက်တာဝန်ထမ်းဆောင်ခဲ့သူ များ အကြောင်းအရာအမျိုးမျိုးဖြင့် အမှုဖွင့်လှစ်ခံထားရပြီး တရားရင် ဆိုင်နေရသော်လည်း NLD ပါတီ  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ် သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းမှာ ၎င်း၏ဇနီးနှင့်အ တူ တပ်မတော်ရိပ်သာတစ်ခုတွင် ဖမ်းဆီးထိန်းသိမ်းခံထားရကာ ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် စွဲဆိုထားသည့်အမှုတစ်ခုတွင် တရားလိုပြ သက်သေအဖြစ် ထွက်ဆိုလျက်ရှိပြီး ၎င်းကိုမူ မည်သည့် ပုဒ်မ များဖြင့် တရားစွဲဆိုထားကို သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။


READ NEXT
Cancel OK