Top News

ရက်ရက်စက်စက် ထိုးနှက်ခဲ့သည့် ကိုဗစ်မျိုးကွဲ ဒယ်လ်တာနှင့် နောက်ဆက်တွဲ ဖြစ်ရပ်များ
24htopnews | October 11, 2024 1:12 AM CST

မြန်မာနိုင်ငံအတွင်း ၂၀၂၁ ခုနှစ် မေ၂၇ ရက်မှစတင်ကာ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှု သိသိသာသာပြန်လည်မြင့် တက်လာခဲ့ပြီး စိုးရိမ်ဖွယ်ရာ COVID-19 ရောဂါ တစ်ကျော့ပြန် ကူး စက်ပျံ့နှံမှုဖြစ်လာကာ COVID-19 တတိယလှိုင်း စတင်ဖြစ်ပွားခဲ့ သည်။

၂၀၂၁ခုနှစ် မေလ တတိယပတ်မှစတင်၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်ဘက်မှ စတင်၍ ကူးစက်မှုများပြန်လည်မြင့် တက်ခဲ့သည်။

ထို့ပြင် ရောဂါပိုးများကို မျိုးရိုးဗီဇများ စစ်ဆေးကြည့်ရာ မျိုးရိုး ဗီဇအသွင်ပြောင်း ရောဂါ ပိုး ကူးစက်မှု များပါဝင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး  အဆိုပါ မျိုးရိုးဗီဇအသွင်ပြောင်း ရောဂါပိုးသည် ပထမလှိုင်းနှင့် ဒုတိ ယလှိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ကူးစက်မှုထက်မြန်နှုန်းမြင့်ပြီး ရောဂါပြင်း ထန်မှုနှင့်ဆေးရုံတက်ရောက်ရမှုနှုန်း မြင့်မားခဲ့သည်။ယင်းမှာကူးစက်မြန် ဒယ်လ်တာမျိုးကွဲဗိုင်းရပ်စ်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု ပထမလှိုင်း နှင့် ဒုတိယလှိုင်းတို့ကိုခံစားရပြီး တ တိယလှိုင်းတွင် ကူးစက်မှု မြန်ဆန်သော မျိုးရိုးဗီဇကွဲရောဂါပိုးအန္တရာယ်များက စိုးရိမ်ဖွယ်ဖြစ်ခဲ့သည်။

မေ ၂၇ ရက်မှ စတင်ကာ COVID-19 ရောဂါပိုး ၁၇၀၀ ကျော် ကို စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိမှု ငါးရာ ခိုင်နှုန်းကျော် ရှိလာခဲ့ပြီး နေ့စဉ် ဆက်လက်စစ်ဆေးနိုင်မှု အခြေအအနေအပေါ်မူတည်ပြီး ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာအမြင့်ဆုံး ၁၂ ရာခိုင် နှုန်းကျော်အထိတိုးတက် လာခဲ့သည်။

အိမ်မှာပဲ ဆေးကုခဲ့ရသည့် ဒယ်လ်တာပိုး

မြန်မာ့နိုင်ငံရေးအပြောင်းအ လဲတွင်တစ်ခုဖြစ်သည့် CDM လှုပ်ရှားမှုကြောင့် ဆေးရုံနှင့် ကိုဗစ်စင် တာများတွင် ဆရာဝန်မလုံလောက် မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ကိုဗစ်ရောဂါကူးစက်မှု အဆိုး ရွားဆုံးခံစားရသည့် ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းကလေးမြို့တွင်မိမိနေအိမ်မှာပင် ဆေးကုသမှုခံယူ ခဲ့ရသည့်ဖြစ်စဉ် အများအပြားရှိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင်လည်း နေအိမ်မှာပင်ဆေးကုသမှုခံ ယူခဲ့ရသည့်ဖြစ်စဉ်များရှိခဲ့ပြီး ကိုဗစ်စင်တာများတွင်လည်း လိုအပ်ချက်များရှိခဲ့သည်ကို တွေ့ရသည်။

ကူညီကယ်ဆယ်မည့်အဖွဲ့မလုံလောက်မှုနှင့်အတူဆေးခန်းများ တွင်လည်း ကုသပေးနိုင်သည့်အ ခြေအနေမရှိသဖြင့် ရောဂါကူးစက် ခံရသူမှာ မိမိနေအိမ်တွင် ခွဲနေကာ ရောဂါကို အန်တုခဲ့ရသည်။

ကျယ်ဝန်းသည့် အိမ်အချို့ တွင် ရောဂါကူးစက်ခံရသူအတွက် အဆင်ပြေသော်လည်းတိုက်ခန်းကဲ့ သို့နေရာမျိုးတွင် မိသားစုအားလုံး မှာတစ်နေရာထဲတွင်သာနေထိုင်ရ ပြီး ဘုရားခန်းကဲ့သို့နေရာမျိုးတွင် ရောဂါကူးစက်ခံရသူကို ထားရခြင်း များ စသည့်အခြေအနေများကို ကြုံ တွေ့ခဲ့ရသည်။

အောက်ဆီဂျင် ပြတ်လတ်မှုနှင့်ဆေးစျေးနှုန်းများ မြင့်တက်မှု

COVID-19 ရောဂါ လက္ခဏာများ ဖြစ်သည့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့၊ အရသာ ပျောက်ခြင်း အပြင်သက်ကြီး ရွယ်အိုများနှင့်ဆီးချို၊သွေးတိုးစသည့် ရောဂါအခံရှိသူများတွင် ခံစားရသည့် အောက်ဆီဂျင် ၉၀ ရာခိုင်နှုန်း အောက်ကျဆင်းမှုကြောင့် အောက်ဆီဂျင်ရှူရသူ အများအပြားရှိခဲ့ပြီး အောက်ဆီဂျင် မလုံလောက်မှုများကြောင့် အသက်ဆုံးရှုံးရသူများ လည်းရှိခဲ့ပြီး စျေးကွက်အတွင်း အောက်ဆီဂျင်ပြတ်လပ်မှုများဖြစ် ပေါ်ခဲ့ကာ အောက်ဆီဂျင် ၄၀ လီ တာဆံ့ တစ်လုံးလျှင် ကျပ် ၁၀ သိန်း ကျော်အထိ ရှိခဲ့သည်။

ကိုဗစ်ပိုး ကူးစက်မှုအများဆုံး  ဖြစ်ခဲ့သည် ဇွန်လတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အောက်ဆီဂျင် ထုတ်စက်ရုံများရှေ့တွင် ညအိပ် တန်းစီစောင့်ဆိုင်းရသည့်မြင်ကွင်း မှာ မရိုးနိုင်ခဲ့သည့်ဖြစ်စဉ်များဖြစ် သည်။

ညလုံးပေါက် တန်းစီစောင့် ဆိုင်းရာတွင် အနှောင့်အယှက်များ ရှိခဲ့သော်လည်း အောက်ဆီဂျင်လို အပ်သည့် မိသားစုများမှာမူ ကြံ့ကြံ့ ခံခဲ့ရသည်။

အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရုံများတွင်လည်း လက်မလည် အောင်ထုတ်လုပ်ခဲ့ရပြီး ပရဟိတ အသင်းများကို ဦးစားပေး၊ ကိုဗစ် စင်တာများကို ဦးစားပေး၊ အခြားသူ များကို တန်းစီစနစ်တို့ဖြင့် ဝေငှပေး ခဲ့ရသည်။

အောက်ဆီဂျင်တန်းစီနေရာ ရောင်းစားမှု၊ တန်းစီထားသည့် အောက်ဆီဂျင်အိုးများအခိုးခံရမှု များအခိုးခံရမှုများ ဒုနှင့်ဒေးရှိသကဲ့ သို့ စက်မှုလုပ်ငန်းသုံး အောက်ဆီ ဂျင်များကို မှားယွင်းအသုံးပြုမှု ကြောင့် သေဆုံးမှုများလည်း ရှိခဲ့ သည်။

အောက်ဆီဂျင်အိုးများကို အ လွယ်တကူ ဝယ်ယူမရခြင်း၊စျေးနှုန်း မြင့်တက်ခြင်းများကြောင့် အောက် ဆီဂျင်ထုတ်စက်များကိုလည်း ပြည် ပမှ တင်သွင်းခဲ့ရသည်။ သာမန်ကာ လက ကျပ်ငါးသိန်းကျော်သာရှိ သည့်အောက်ဆီဂျင်ထုတ်စက် အား ကျပ် သိန်း ၂၀ ကျော်အထိပေး ဝယ်ခဲ့ရသည့်အဖြစ်များလည်း ရှိခဲ့ သည်။

အောက်ဆီဂျင် ခက်ခဲမှုနှင့်အ တူ ဆေးဝါးစျေးများမှာလည်း ယင်း ကာလက စျေးနှုန်းခုန်တက်မှုများ ဖြစ်ပွားခဲ့သည်။

သာမန်ချောင်းဆိုးပျောက် ဆေး၊ အဖျားပျောက်ဆေးများပင် လျှင် စျေးနှုန်း ၇၀ ရာခိုင်နှုန်းအထိ မြင့်တင်ခဲ့ပြီး စျေးကွက်အတွင်းပြတ် လပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

ကိုဗစ်ကုသဆေးဟုသတ်မှတ် ထားသည့် ရန်ဒီစီဗားကဲ့သို့ထိုးဆေး များ၏ စျေးနှုန်းမှာ ကျပ် ၁၂ သိန်း ကျော်အထိ စျေးနှုန်းမြင့်တက်ခဲ့ သည်။ အလားတူကိုဗစ်ကုသဆေး ဖြစ်သည့် Dexa  အစား အသုံးပြု သည့် ရောင်ရမ်းမှုကို သက်သာစေ သည့်ထိုးဆေး Tocilizumab ကို ကျပ်သိန်း ၆၀ အထိပင် ပေးဝယ်ခဲ့ရ သူများ ရှိခဲ့သည်။

မြေပြင်တွင် သေဆုံးမှုအခြေအနေ                            

COVID-19ရောဂါကို ကူး စက်ခံရပြီး ပြည်သူအများစုသည် မိမိနေအိမ်$ပင် အောက်ဆီဂျင်ရှူ ခြင်းများ လုပ်ဆောင်ခဲ့ရ ပြီး အောက် ဆီဂျင်ပြတ်လပ်သွားသည်နှင့် သေ ဆုံးမှုများက နေ့စဉ်နှင့်အမျှဖြစ်ပေါ် နေသည့် အခြေအနေကိုကြုံတွေ့ခဲ့ ရပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်နေသည့် သေဆုံးနှုန်းထက်ပင် အောက်ခြေ မြေပြင် သေဆုံးနှုန်း မြင့်မားသည် ဟု ပြောဆိုမှုများရှိခဲ့သည်။

ဇူလိုင်လကုန်ပိုင်းတွင် တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် COVID-19 ရောဂါသံသယဖြင့် သေဆုံးသူအ များအပြားရှိခဲ့ပြီး ပြည်သူ့ဆေးရုံ များတွင် ခုတင်မလုံလောက်မှု၊ အ ချို့ ပုဂ္ဂလိက ဆေးရုံများတွင် တက် ရောက်ကုသခွင့် မရရှိမှုစသည်တို့ ကြောင့် မိမိနေအိမ်တွင်ပင် ဆေးကု သရသဖြင့် သေဆုံးသူအဆမတန် မြင့်တက်ခဲ့သည်။

ဇူလိုင်လအတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်များတွင် နေ့စဉ်အမျှ မိမိနေအိမ်များတွင်ပင် ဖျားနာခြင်း၊ အောက်ဆီဂျင်ကျခြင်း စသည့် COVID-19 ရောဂါသံသယဖြင့် သေဆုံးသူများစွာရှိခဲ့ပြီး သုသာန်များတွင် သဂြုႋဟ်ရန်စောင့် ဆိုင်းရမှုများက နေ့စဉ်အမျှဖြစ် ပေါ်ခဲ့ကာ နေ့စဉ်သေဆုံးသူထောင် ဂဏန်းဝန်းကျင်ရှိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်း မြို့နယ်အသီးသီးမှ COVID-19 ကြောင့် မိမိနေအိမ်၌ပင် သေ ဆုံးနေသည့် အရေ အတွက်မှာ နေ့ စဉ် ထောင်ဂဏန်းဝန်းကျင်ခန့်ရှိ ခဲ့ပြီး ထိုသို့ သေဆုံးခဲ့သူများကို ရန် ကုန်တိုင်းအတွင်းရေဝေးသုသာန်၊ ကျီစုသုသာန်၊ ထိန်ပင်သုသာန် အစ ရှိသည့် သုသာန်များမှာ သဂြုႋဟ်ပေး ရပြီး အလောင်းသယ် မော်တော်ယာဉ်တစ်စီး၌ပင် သေဆုံးသူအ လောင်းသုံးလေးလောင်းကို သယ် ဆောင်ပေးခဲ့ရသည်။

ထို့ပြင် ပရဟိတအဖွဲ့များ၏ အလောင်းသယ်ယာဉ်များအပြင် အချို့ပြည်သူများအနေဖြင့် အဆင် ပြေသလိုတက္ကစီများ၊ ဟိုက်ဂျက် ယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များ နှင့် ဆိုက္ကားများစသည်ဖြင့် သုသာန် များသို့ရုပ်အလောင်းများကို သယ် ဆောင်လာကြပြီး သဂြုႋဟ်ရန်စောင့် ဆိုင်းနေကြရကြောင်း ပရဟိတ အဖွဲ့များ၏ပြောကြားချက်အရ သိရသည်။

ပြင်ပတွင်COVID-19ရော ဂါသံသယနှင့်သေဆုံးသွားသည့်အရေအတွက် မြင့်တက်ခဲ့ကြောင်းပရဟိတ အသင်းအဖွဲ့များထံမှ သိရပြီး သေဆုံးနှုန်းများလာသည့် အတွက်ကြောင့် သုသာန်များမှာလည်း အလောင်းများစုပုံနေပြီး ပရဟိတအ ဖွဲ့အနေဖြင့် အခက်အခဲကြုံတွေ့ ခဲ့ကြရသည်။

သြဂုတ် ၅ ရက် နောက်ပိုင်းတွင် ပိုးတွေ့ရှိမှုရာခိုင်နှုန်း ပြန်လည် လျော့ကျပြီး၂၀ ရာခိုင်နှုန်းကျော် တွေ့ရှိလာပြီး သေဆုံးသူများအနေ ဖြင့် နေ့စဉ် ၁၀၀ ကျော်မှ ၂၀၀ ဝန်း ကျင်အထိရှိခဲ့ကာ သြဂုတ်လ တစ် လအတွင်း သေဆုံးသူ ၆၀၀၀ ကျော် ရှိခဲ့သည်။

မိသားစုလိုက် ကိုဗစ်ဖြစ်သဖြင့် အလံထောင်အကူအညီတောင်း

ကိုဗစ်ကူးစက်မှုပြင်းထန်သည့် ဇူလိုင်၊ သြဂုတ်စသည့် လပိုင်းများ တွင် မိသားစုလိုက်ကူးစက်ခံရသည့် ဖြစ်စဉ်များရှိခဲ့ပြီး အကူအညီလိုအပ် သဖြင့် အလံထောင်ပြီး အကူအညီ တောင်းခံခဲ့ရသည့်ဖြစ်စဉ်များရှိခဲ့ သည်။

ဆေးဝါးအကူအညီအတွက်အ ၀ါရောင်အလံ၊ အစားအသောက်အ ကူအညီအတွက် အဖြူရောင်အလံ များမှာ ရန်ကုန်တိုင်းဒေသကြီးရှိ တိုက်ခန်းအချို့တွင် မြင်တွေ့ခဲ့ရ သည်။

အကူအညီတောင်းသည့်အလံကိုတွေ့ရှိပါက အပြန်အလှန်အကူ အညီပေးခြင်း၊ လူငယ်များက စက် ဘီးတစ်စီးဖြင့် ဆေးဝါးဝယ်ယူပေး ခြင်း၊ အစားအသောက်ပို့ဆောင်ပေး ခြင်းများမှာ စိတ်ဆင်းရဲနေသည့်အ ချိန်တွင် ကြည်နူးခဲ့ရသည့် မြင်ကွင်း များဟု ဆိုနိုင်သည်။ သို့သော်ကူညီ သူများအတွက် အနှောင့်အယှက်အ ချို့လည်း ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ် များလည်းရှိခဲ့သည်။

ကာကွယ်ဆေးများ စထိုးပြီ

မြန်မာနိုင်ငံသို့ အိန္ဒိယမှ COVID-19 ကာကွယ်ဆေး အလုံးရေ တစ်သန်းခွဲ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စတင် ရောက်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှစ၍ တစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်း များကို စတင်ထိုးနှံခဲ့သည်။

ယင်းနောက် ကာကွယ်ဆေး များကို အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့မှ ဝယ်ယူမှုလှူဒါန်း မှုများဖြင့် ဦးတည် အုပ်စုများ သတ် မှတ်ကာဆက်လက်ထိုးနှံပေးခဲ့ သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် COVID-19ရောဂါ ကာကွယ် ဆေးဝယ်ယူမှုအနေဖြင့် ၄၄ ဒသမ ၄ သန်းနှင့် လှူဒါန်းမှုမှ ၁၁ ဒသမ ၉၆ သန်းခန့် စုစုပေါင်း ၅၆ ဒသမ ၃၆ သန်းခန့်ရရှိပြီးဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်အထိ ကာကွယ်ဆေးနှစ်ကြိမ် ပြည့်ထိုးနှံပြီးစီးသည့်လူဦးရေ  ၁၅၀ ၆၂၂၅၁ ဦး(၁၅ ဒသမ ၆ သန်း) ၊တစ် ကြိမ်ထိုးနှံပြီးစီးသည့် လူဦးရေ ၅၅၅ ၅၅၆၄ ဦး(၅ဒသမ၅၅ သန်း)၊ ထိုးနှံမှု ရရှိသူ စုစုပေါင်း၂၀၆၁၇၈၁၅ ဦး (၂၀ ဒသမ ၆၁ သန်း)နှင့် ကာကွယ် ဆေး အကြိမ်ရေစုစုပေါင်း ၃၅ ဒသ မ ၆၈သန်းရှိပြီးဖြစ်သည်။

နှစ်ကုန်ပိုင်းတွင်မူ မြန်မာနိုင်ငံသို့ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှ Relief Flight ဖြင့် ပြန်လည်ဝင် ရောက်လာသူ မြန်မာနိုင်ငံသား လေးဦးတွင် COVID-19 ဗီဇပြောင်း အိုမီခရွန်ပိုးတွေ့ရှိခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကိုဗစ်တတိယလှိုင်း ကြောင့် နိုင်ငံရေးအပြောင်းအလဲဖြစ် နေသည့် မြန်မာနိုင်ငံမှာ အခြားနိုင်ငံ များထက် အကျပ်အတည်းများကို ပို မိုခက်ခဲစွာ ရင်ဆိုင်ခဲ့ရသည်မှာ မ ငြင်းနိုင်သည့် အမှန်တရားဖြစ်သည် ဟု ဆိုရမည်သာဖြစ်သည်။


READ NEXT
Cancel OK