တရုတ်နိုင်ငံမှ အလိုရှိနေသည့် တရားခံပြေး ချန်တာဝေ့ အပါအဝင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသော တရုတ်နိုင်ငံသား ၂၀ ဦးအား ဖမ်ဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးနှင့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများတိုက်ဖျက်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံပြည်သူ့ လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့ကြား သတင်းဖလှယ်မှုများဆောင်ရွက်၍ တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်သည်။
ထိုသို့နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြား သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် တရုတ်နိုင်ငံမှ အလိုရှိတရားခံပြေး ချန်တာဝေ့ ဦးဆောင်သော ဒုစရိုက်သမားများရောက်ရှိနေပြီး အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သတင်းအရ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား ချန်တာဝေ့နှင့် ရန်လျန့် အပါအဝင် တရုတ်နိုင်ငံသား တရားခံ ၂၀ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။
အဆိုပါ ဖမ်းဆီးရမိသော ချန်တာဝေ့ ပါ တရုတ်နိုင်ငံသား ၂၀ ဦးတို့အား တရုတ်နိုင်ငံ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် လုံလောက်သော အစောင့်အရှောက်များဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ တရုတ်နိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အား စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများ တားဆီးကာကွယ် တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများမှ တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။
-
ကလောမြို့ သောက်သုံးရေလုံလောက်စွာပေးဝေနိုင်ရေး ရေအေးကန်ဆည် ကြံ့ခိုင်မှုရှိရန်နှင့် ရေစစ်ကန် ကောင်းမွန်စွာ လည်ပတ်နိုင်ရေး လုပ်ဆောင်
-
နေပြည်တော် – တပ်ကုန်း – ပင်လောင်း ဖိုင်ဘာကေဘယ်လ်ဆက်ကြောင်း ပုံမှန်ပြန်ဖြစ်စေရေး ဒုတိယဝန်ကြီး ဆွေးနွေး
-
တာချီလိတ်မြို့တွင် လျှပ်စစ်ဓာတ်အားခ သတ်မှတ်ရက်ကျော်လွန် ဒဏ်ကြေးပေးဆောင်ရခြင်းအတွက် ကင်းလွတ်ခွင့်ပြု
-
နစက၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုသည် အပြုသဘောဆောင်သည့်အတွက် အပြည့်အဝထောက်ခံကြောင်း နိုင်ငံရေးပါတီ (၂၆) ပါတီ ပူးတွဲသဘောထား ထုတ်ပြန်
-
နီပေါတွင် ရေကြီးရေလျှံမှုကြောင့် လူ ၁၇၀ သေဆုံး