Top News

နီပေါတွင် ရေကြီးရေလျှံမှုကြောင့် လူ ၁၇၀ သေဆုံး
24htopnews | October 1, 2024 12:12 AM CST

နီပေါနိုင်ငံတစ်ဝန်းတွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၇၀ ထက်မနည်းရှိလာချိန်တွင် ရေဘေးသင့်မြို့တော်ရှိ ဒေသခံများသည် ရေကြီးမှုကြောင့် ပေါ်ပေါက်ခဲ့သော အပျက်အစီးများကို ကြည့်ရှုစစ်ဆေးရန် စက်တင်ဘာ ၂၉ ရက်တွင် ၎င်းတို့၏ ရွှံ့နွံများဖုံးလွှမ်းနေသော နေအိမ်များသို့ ပြန်လာခဲ့ကြသည်။

နီပေါနိုင်ငံတစ်ဝန်းတွင် ဇွန်လမှ စက်တင်ဘာလအထိ မုန်သုံရာသီအတွင်း မိုးရွာသွန်းမှုနှင့် ဆက်နွှယ်သော ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားလေ့ရှိသော်လည်း ရာသီဥတုပြောင်းလဲမှုသည် ၎င်းတို့၏အကြိမ် ရေနှင့်ပြင်းအားကို ပိုမိုမြင့်တက်လာစေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

မြစ်ရေလျှံမှုများကြောင့် မြို့တော်တစ်ဝန်းတွင် ရေကြီးရေလျှံမှုများနှင့်အတူ ကတ္တမန်ဒူမြို့တော်ရှိ ရပ်ကွက်များတွင် သီတင်းပတ်ကုန်၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကာ နီပေါ၏ကျန်မြို့များကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းများတွင်လည်း ရေကြီးရေလျှံမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်လျက်ရှိသည်။

မြစ်ကမ်းနံဘေးရှိ ဆင်းရဲသားရပ်ကွက်တစ်ခုတွင် နေထိုင်သော ကူမာတာမန်အမည်ရှိ အမျိုးသားက ၎င်းနှင့် ၎င်း၏မိသားစုသည် ရေတက်လာသောကြောင့် စက်တင်ဘာ ၂၈ ရက်ညအချိန်တွင် ထွက်ပြေးခဲ့ရကြောင်း အေအက်ဖ်ပီသတင်းကို ပြောပြခဲ့သည်။

“ဒီမနက်(စက်တင်ဘာ၂၉)တော့ ကျွန်တော်တို့ ပြန်လာပြီး အရာရာတိုင်းကအရင်နဲ့မတူ ကွဲပြားကုန်ပါပြီ” ဟု အသက် ၄၀ အရွယ် တာမန်က ပြောပြသည်။

“ကျွန်တော်တို့ အိမ်မှာ တံခါးတွေကို တောင်ဖွင့်လို့မရပါဘူူး။ ရွှံ့တွေနဲ့ ဖိကြပ်နေ လို့ပါ” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

“ စက်တင်ဘာ ၂၈ ရက်က ကျွန်တော်တို့ ရေဘေးကြောင့် အသက်အန္တရာယ်အတွက် အရမ်းစိုးရိမ်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ ဒီရွှံ့တွေကိုသန့်စင်ဖို့ ရေတောင်မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

နီပေါပြည်ထဲရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းတွင် လူ ၁၂၆ ဦး သေဆုံးခဲ့ကာ နောက်ထပ် ၆၃ ဦး ပျောက်ဆုံးနေသည်ဟု ဆိုသည်။

အဝေးပြေးလမ်းများပေါ်ရှိ အပျက်အစီးများကို ရှင်းလင်းရန်မြေ တူးစက်များ အသုံးပြုခဲ့ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရီရှီရမ်တီဝါရီက ပြောကြားခဲ့သည်။ လူပေါင်း ၃၀၀၀ ကျော်ကို ကယ်တင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ကတ္တမန်ဒူတောင်ပိုင်းရှိ အဝေးပြေးလမ်းပေါ်တွင် မြေပြိုမှုအတွင်း ဘတ်စ်ကား သုံးစီးနစ်မြုပ်ခဲ့သောကြောင့် လူ ၃၅ ဦးထက် မနည်းသေဆုံးခဲ့သည်ဟု နီပေါရဲတပ်ဖွဲ့ပြော ရေးဆိုခွင့်ရှိသူဒန်ဘာဟာဒူရာကာကီက ဆိုသည်။

ခရိုင် ၁၄ ခုရှိ ဌာနများမှ ကနဦးပေးပို့လာသည့်အချက်အလက်အရ စက်တင်ဘာ ၂၈ ရက်နံနက်ခင်းအချိန်အထိ ၂၄ နာရီအတွင်း စံချိန်တင်မိုးရေချိန်ရွာသွန်းခဲ့သည်ဟု  မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

ကတ္တမန်ဒူလေဆိပ်ရှိ မိုးလေဝသဌာနတွင် တိုင်းထွာချက်အရ မိုးရေချိန် ၂၄ဝမီလီ မီတာခန့်(၉ ဒသမ ၄ လက်မ) စံချိန်တင်ရှိခဲ့ပြီး ယင်းသည် ၂၀၀၂ ခုနှစ်နောက်ပိုင်းမိုးရေ ချိန်အမြင့်ဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကတ္တမန်ဒူကို ဖြတ်သန်းစီးဆင်းနေသည့် ဘက်မာတီမြစ်နှင့် ၎င်း၏မြစ်လက်တက်များတွင် မြစ်ကမ်းပါးများ ကျိုးပေါက်မှုကြောင့် အနီးအနားရှိ နေအိမ်များနှင့် မော်တော်ယာဉ်များ ရေနစ်မြုပ်ခဲ့သည်။

ဒေသခံများသည် ပိုမိုမြင့်သောနေရာသို့ ရောက်ရှိနိုင်ရန် ရင်ဘတ်အထိရှိသောရေများကြားမှ ရုန်းကန်သွားလာခဲ့ရသည်။ ရဟတ်ယာဉ်များနှင့် မော်တော်ဘုတ်များဖြင့်လုံခြုံရေးအရာရှိ ၃၀၀၀ ကျော်က ကယ်ဆယ်ရေးများလုပ်ဆောင်ခဲ့သည်။              


READ NEXT
Cancel OK