Top News

တာချီလိတ်မြို့တွင် လျှပ်စစ်ဓာတ်အားခ သတ်မှတ်ရက်ကျော်လွန် ဒဏ်ကြေးပေးဆောင်ရခြင်းအတွက် ကင်းလွတ်ခွင့်ပြု
24htopnews | October 1, 2024 1:12 AM CST

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် လျှပ်စစ်ဓာတ်အားခ ပေးဆောင်ရာ၌ သတ်မှတ်ရက်ထက်ကျော်လွန်ပါက ဒဏ်ကြေးပေးဆောင်ရခြင်းကို စက်တင်ဘာလတစ်လတာအတွက် ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ယနေ့တွင် မြို့မီးလင်းရေးဦးဆောင်ကော်မတီက အသိပေးထားသည်။

ယခုလအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရေကြီးရေလျှံဖြစ်ပွားခြင်း၏ နောက်ဆက်တွဲများအဖြင့် မြေနိမ့်ပိုင်း ရပ်ကွက်နေရာအချို့တွင် ရွှံ့နွှံများနှင့်အပျက်အစီးများ ရှိနေဆဲဖြစ်ပြီး သွားရေးလာရေးအတွက်အခက်အခဲများဖြစ်ပေါ်နေခြင်းကြောင့် ဓာတ်အားသုံးစွဲသူများ ဓာတ်အားခ လာရောက်ပေးဆောင်ရာတွင် သွားလာရေးအခက်အခဲဖြစ်ပေါ်နေကြကြောင်း သိရှိရသည့်အတွက် ဖြေလျှော့ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယခင် လစဉ်(၂၅)ရက်နေ့ နောက်ဆုံးပေးသွင်းရန် သတ်မှတ်ချက်အား ကင်းလွတ်ခွင့်ပြုမည်ဖြစ်သည့်အပြင် ဓာတ်အား ဖြတ်တောက်ခြင်းများကိုလည်း တစ်လတာအတွက် ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်းသိရသည်။

ထို ကင်းလွတ်ခွင့်ပေးခြင်းသည် စက်တင်ဘာ တစ်လတာအတွက်သာဖြစ်ပြီး၊ နောက်လများတွင် ယခင်သတ်မှတ်ရက်အတိုင်းသာ ပေးဆောင်သွားရမည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့မီးလင်းရေးဦး ဆောင်ကော်မတီက အသိပေးထားခြင်းလည်းဖြစ်သည်။

ပုံစာ-တာချီလိတ်မြို့အတွင်း ရှင်းလင်းရေးဆောင်ရွက်နေသည့်မြင်ကွင်း


READ NEXT
Cancel OK