Top News

ဖီဖာ ဒုဥက္ကဋ္ဌ ရာထူးမှ ဂရက်ကလက်ခ် ထပ်မံနုတ်ထွက်ခဲ့ရ
24htopnews | September 30, 2024 11:13 AM CST

မကြာသေးမီက အသားအရောင်ခွဲခြားမှု၊ လိင်ခွဲခြားဆက်ဆံမှု စသည့် ခွဲခြားဆက်ဆံသောစကားလုံးများကို သုံးစွဲခဲ့ခြင်းကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) ၏ ဥက္ကဋ္ဌ ရာထူးက နုတ်ထွက်ခဲ့ရသူ ဂရက်ကလက်ခ်သည် ယခုအခါ ကမ္ဘာ့ဘောလုံးအ ဖွဲ့ချုပ် (ဖီဖာ) ၏ ဒုဥက္ကဋ္ဌ ရာထူးမှလည်း ထပ်မံနုတ်ထွက်ခဲ့ရသည်။

    

ယခုဆုံးဖြတ်ချက်သည် ကလက်ခ်နှင့် လက်ရှိ UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်တို့ ဖုန်းဖြင့် ဆွေးနွေးခဲ့ကြပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။ 

သူသည် FA ဥက္ကဋ္ဌ ရာထူးက နုတ်ထွက်ခဲ့ပြီးနောက် ဖီဖာ ဒုဥက္ကဋ္ဌရာထူးတွင်မူ ၂၀၂၁ ခုနှစ်၊ မတ်လအထိ ဆက်ရှိနေ မည်ဖြစ်ကြောင်း၊ UEFA ၏ မဲပေးပိုင်ခွင့်နှင့် ပတ်သက်ပြီး ကာကွယ်ရန် UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်၏ တောင်းဆိုမှုကြောင့်ဖြစ်ကြောင်း BBC သို့ ပြောကြားခဲ့သည်။ 

ဂရက်ကလက်ခ်သည် ဖီဖာကောင်စီတွင် UEFA ကိုယ်စားပြုအနေဖြင့် ရှိနေခြင်းကြောင့်ဖြစ်သည်။

    

သို့သော် ဂရက်ကလက်ခ်က ယင်းကဲ့သို့ ပြောကြားခဲ့ပြီး နောက်တစ်နေ့တွင်ပင် ဆယ်ဖာရင်က ဂရက်ကလက်ခ်နှင့် ဖုန်းပြောခဲ့ပြီး ယင်းဆုံး ဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK