Top News

ကမ္ဘာ့ဝတ်စားဆင်ယင်မှုပြပွဲတွင် မြန်မာတိုင်းရင်းသား (၈)မျိုး၏ ဝတ်စားဆင်ယင်မှုများကို တင်ဆက်ပြသ
24htopnews | September 30, 2024 1:12 PM CST

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် International Cultural Diversity Organization (ICDO) က ကြီးမှူး၍ ကမ္ဘာ့ဝတ်စားဆင်ယင်မှုပြပွဲ (Costumes of the World) တွင် မြန်မာနိုင်ငံ၏ အဓိက တိုင်းရင်းသား လူမျိုး (၈)မျိုး၏ ဝတ်စားဆင်ယင်မှုများအား တင်ဆက်ပြသခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

၎င်းကမ္ဘာ့ဝတ်စားဆင်ယင်မှုပြပွဲကို စက်တင်ဘာ (၂၇)ရက်က ဗီယင်နာမြို့တော်ခန်းမ (Festsaal Rathaus) ၌ ကျင်းပခဲ့ရာ ဗီယင်နာ ဒုတိယမြို့တော်ဝန်နှင့် ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Christoph Wiederkehr၊ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းနှင့် ဝတ်စားဆင်ယင်မှုတင်ဆက်သည့် နိုင်ငံများမှ သံအမတ်ကြီးများ/ ယဉ်ကျေးမှုသံအရာရှိများနှင့် ပရိသတ် ရာပေါင်းများစွာ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဝတ်စားဆင်ယင်မှုပြပွဲတွင် မြန်မာသံရုံး/ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ ဗီယင်နာမြို့က မြန်မာနိုင်ငံ၏ အဓိကတိုင်းရင်းသားလူမျိုး (၈)မျိုး ဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်နှင့် ရှမ်းတိုင်းရင်းသားဝတ်စုံများဖြင့် တင်ဆက်ပြသခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၃၂) နိုင်ငံက ၎င်းတို့၏ ရိုးရာ ဝတ်စားဆင်ယင်မှုများ၊ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ပြသခဲ့ကြောင်းလည်း သိရသည်။


READ NEXT
Cancel OK