Top News

တူရကီကန့်ကွက်မှုကြောင့်ဆွီဒင်မပါဘဲ နေတိုးမဟာမိတ်အဖွဲ့ကို ဖင်လန်ဝင်ရောက်ရန် ပိုမိုနီးစပ်လာ
24htopnews | September 25, 2024 9:12 AM CST

ရုရှားနှင့်အတူ ဥရောပ၏အရှည်ဆုံး နယ်နိမိတ်များထဲက နယ်နိမိတ်တစ်ခုကိုပိုင် ဆိုင်ထားသောဖင်လန်သည် နေတိုးမဟာမိတ်အဖွဲ့ထဲဝင်ရောက်ရန်ကြိုးပမ်းမှုကို အရှိန်မြှင့်တင်ရန်ရည်ရွယ်သည့် ပါလီမန်ဆွေးနွေးမှုကို ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင် လိုက်ရာ အိမ်နီးချင်းနိုင်ငံလည်းဖြစ် စစ်ရေးမဟာမိတ်လည်းဖြစ်သောဆွီဒင် ကျန်ရစ်ရန် ဖြစ်နိုင်ခြေများလာသည်။

ရုရှား၏ ယူကရိန်းကျူးကျော်မှု ခြောက်လှန့်ခံထားရသော ဖင်လန်နှင့်ဆွီဒင်တို့သည်   စစ်ရေးမဟာမိတ်အဖွဲ့ကိုမဝင်ဟူသော ၎င်းတို့၏ဆယ်စုနှစ်ချီ မူဝါဒများကို စွန့်လွှတ်လိုက်ကြပြီး နေတိုးမဟာမိတ်အဖွဲ့ထဲဝင်ရန် ၂၀၂၂ ခုနှစ် မေလထဲတွင် လျှောက်ထားခဲ့ကြ သည်။

သို့သော်လည်း ဆွီဒင်ထက် သံတမန်ရေးဆိုင်ရာအခက်အခဲ အနည်းငယ်ကို ရင်ဆိုင်နေရသည့် ဖင်လန်သည် နေတိုးအဖွဲ့ ဝင်ဖြစ်ရေးအတွက် ပြည်သူ့သဘောထားခံယူချက် ထောက်ခံမှုရရှိထားသောကြောင့် ဧပြီအထွေထွေရွေးကောက်ပွဲမတိုင်မီ ဖင်လန်သည် ရှေ့တိုးဆောင်ရွက်ရန် စီစဉ်ထားသည်။

ဧပြီ ၂ရက်ရွေးကောက်ပွဲများ မတိုင်မီ ဖင်လန်ကနေတိုးသဘောတူစာချုပ်ပါ အချက်များကို လက်ခံကြောင်း အတည်ပြုသည့် ဥပဒေအတွက် ဖင်လန်လွှတ်တော်အမတ်အများစုက တွန်းအားပေးထားသည်။

ဝန်ကြီးချုပ်ဆန်နာမာရင်နှင့် သမ္မတဆောလီနီးနစ်စတိုတို့နှင့် တွေ့ဆုံမည့် နေတိုးအတွင်းရေးမှူးချုပ်ဂျန်စတိုလ်တင်ဘတ်၏ ခရီးစဉ်နှင့် တိုက်ဆိုင်လျက် ဖင်လန်သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဥပဒေကြမ်းကိစ္စ ဆွေးနွေးမည်ဖြစ်သည်။

မတ်လ ၁ ရက်တွင် မဲခွဲမည်ဟု မျှော်လင့်ရပြီး ဥပဒေကြမ်းအတည်ပြုခြင်းက အစိုးရအဖွဲ့သစ်မဖွဲ့မီ  အတည်ပြုချက်များရယူမည် ဆိုလျှင်တောင် ဖင်လန်သည်  မြန်ဆန်စွာလုပ်ဆောင်နိုင်မည့်သဘောဖြစ်သည်။

မေလတွင် ကနဦးအဖွဲ့ဝင် လျှောက်ထားမှုကို လွှတ်တော်အမတ် ၂၀၀ အနက် အမတ် ၁၈၈ ဦးက ထောက်ခံခဲ့သောကြောင့်ကန့် ကွက်သူ များများစားစားမရှိဘဲ ဥပဒေကို အတည်ပြုမည်ဟု မျှော်လင့်ရသည်။

နေတိုးအဖွဲ့ကို ဆွီဒင်နှင့်အတူ ဝင်ရောက်ရန် လိုလားသည်ဟု ဖင်လန်ကလက်ရှိအချိန်ထိ ပြောကြားနေသည့်တိုင် ဖင်လန်သည် တစ်နိုင်ငံတည်း ရှေ့ဆက်သွားရန်အသင့်ဖြစ်နေကြောင်းအရိပ်ပြမှုအဖြစ် ဥပဒေကြမ်းကို အချို့ ကအဓိပ္ပာယ်ကောက်ကြသည်။

ယင်းသို့သောအနေအထားတွင် နေတိုးအဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းမှုများကို တူရကီက ပိတ်ဆို့ထားသည်။ အထူးသဖြင့် တူရကီက အကြမ်းဖက်သမားများဖြစ်သည်ဟု သတ်မှတ်ထားသော ကာ့ရှ်အလုပ်သမားများပါတီ (PKK) ၏အဖွဲ့ဝင်များအတွက် ဘေးကင်းရာ နေရာတစ်ခုကို ဆွီဒင်က ပံ့ပိုးပေးထားသည်ဟု တူရကီက စွပ်စွဲထားသည်။

သို့သော် တူရကီသည် ဖင်လန်၏ ကြိုးပမ်းမှုကို ကောင်းကောင်းမွန်မွန်ရှုမြင်ထားသည်ဟု ဖေဖော်ဝါရီ ၂၇ ရက်တွင် တူရကီ နိုင်ငံခြားရေးဝန်ကြီး မေဗလုကာဗူဆိုလာက ပြောကြားသည်။

“ဆွီဒင်နဲ့ ဖင်လန်တို့ရဲ့ အဖွဲ့ဝင်လုပ်ငန်း စဉ်ကို ကျွန်တော်တို့ ခွဲခြားထားနိုင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဆွီဒင်က ဖင်လန်၏ရပ်တည်ချက်ကို ထောက်ခံသည်ဆိုသော်လည်း ဆွီဒင်မှာနေတိုးအကာအကွယ်ပေးမှုပြင်ပတွင် တစ်နိုင် ငံတည်းကျန်ရစ်ဖြစ်နေသောကြောင့် ဖင်လန်တစ်နိုင်ငံတည်း နေတိုးအဖွဲ့ထဲဝင်ရောက်ခြင်းက နော်ဒစ်နိုင်ငံများဖြစ်သော ဖင်လန်နှင့် ဆွီဒင်တို့၏ နီးကပ်သောစစ်ရေးပူးပေါင်း ဆောင်ရွက်မှုကို ရှုပ်ထွေးစေနိုင်သည်ဟုဆွီ ဒင်ဝန်ကြီးချုပ်အုဖ်ခရစ္စတာဆင်က ပြောကြားသည်။

ဥပဒေကြမ်းကို ပါလီမန်က အတည်ပြု ပြီးနောက် သမ္မတက ၎င်းကို လက်မှတ်ရေးထိုးရန် အမြင့်ဆုံးသုံးလအထိ စောင့်ရနိုင် သည်ဟု ဖင်လန်အစိုးရ၏ တရားဝန်ကြီးချုပ် တူမက်စ်ပွိုင်စတီက ပြောကြားသည်။ ဖင်လန် သမ္မတကလည်း ဥပဒေကို အမြန်ဆုံးလက် မှတ်ရေးထိုးပေးမည်ဟု ပြောထားသည်။

                                      


READ NEXT
Cancel OK