Top News

သီတဂူဆရာတော်ကြီးမှ ရေဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ(၁၀၀၀၀)လှူဒါန်း
24htopnews | September 25, 2024 11:12 AM CST

သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိ ဿရက နေပြည်တော်၊ တိုင်းနှင့်ပြည်နယ်(၉)ခုရှိ မြို့နယ်(၅၄)မြို့နယ်မှ ရေဘေးသင့်ပြည်သူများ ၏ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဂရုဏာအလှူတော်ငွေ အမေရိကန်ဒေါ်လာ(၁၀၀၀၀)အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သီတဂူဆရာတော်ကြီးမှ ယမန်နေ့ စက်တင်ဘာ ၂၄ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ ဂရုဏာအလှူတော်ငွေအား အခမ်းအနားဖြင့်ပေးအပ်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဝန်ကြီးချုပ်၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကလက်ခံရယူ၍ အနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ဆက်ကပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရေဘေးသင့်ပြည်သူများအတွက် “ကွန်းခိုရာ”ကုမ္ပဏီမိသားစုမှလည်း အလှူတော်ငွေကျပ်သိန်း (၁၀၀၀)ကိုပေးအပ်လှူဒါန်းခဲ့သည်။

အခမ်းအနားတွင် သီတဂူဆရာတော်ကြီးနှင့်ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာ တော်များအား နစက ဒု-ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး နစက ဒု-ဥက္ကဋ္ဌကရရှိထားသည့် အလှူငွေများအား သဘာဝဘေးဒဏ်များ ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ အမြန်ဆုံးပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ ရေဘေးသင့်ဒေသများ၌ ပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများကိုလည်း အောက်တိုဘာလအတွင်း ဖြစ်နိုင်သည့်နေရာမှန်သမျှ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး ထိခိုက်ပျက်စီးခဲ့သော ပညာရေးအဆောက်အဦများကိုလည်း အမြန်ဆုံးပြန်လည်ပြင်ဆင်တည်ဆောက်ပေးသွားမည်ဟု လျှောက်ထားခဲ့သည်။

ထို့ပြင် ယခုကဲ့သို့ လှူဒါန်းမှုကိုလည်း နစက အနေဖြင့်အထူးကျေးဇူးတင်ရှိသည်ဟုလည်း လျှောက်ထားခဲ့သည်။

ထို့နောက် သီတဂူဆရာတော်ကြီးမှ မုန်တိုင်းကာ လအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ရေ ကြီးရေလျှံတောင်ပြိုခြင်းဒုက္ခဒဏ်ခံစားခဲ့ရပြီး အကြောင်းအမျိုးမျိုးကြောင့် ‌ေ-သဆုံးသွားခဲ့ရသူများအပေါင်းတို့အား ကျွတ်လွတ်ပါစေရန် ဖိတ်ခေါ်၍ မေတ္တာပို့သခြင်း၊ ရေစက်ချအမျှပေးဝေခြင်းများကိုပြုလုပ်ပေးတော်မူခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK