မုန်တိုင်းတိုက်ခတ်ခဲ့သည့်အရှိန်ကြောင့် နေပြည် တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၉)ခု၌ ရေ ကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့၍ ေ-သဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ၊ ပျောက်ဆုံးမှုများနှင့်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည်။
ထိုသို့ ဖြစ်ပေါ်ခဲ့ရမှုများအနက် ရေဘေးကြောင့်ေ-သဆုံးခဲ့ရသူများဖြစ်သည့် ပုဗ္ဗသီရိမြို့နယ်မှ (၁၁)ဦး၊ ပျဉ်းမနားမြို့နယ်မှ (၇)ဦး၊ ဇေယျာသီရိမြို့နယ်မှ (၄)ဦး(စုစုပေါင်း ၂၂ ဦး)တို့အတွက် ထောက်ပံ့ငွေများကို တာဝန်ရှိသူများမှ ယမန်နေ့ စက်တင်ဘာ ၂၄ ရက်က ၎င်းတို့၏ မိသားစုဝင်များထံ လက်ရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ေ-သဆုံးသူတစ်ဦးလျှင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ (၅) သိန်းကျပ်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ (၃)သိန်းကျပ်နှင့် နေပြည်တော်ကောင်စီမှ (၂)သိန်းကျပ်(စုစုပေါင်း ၁၀ သိန်းကျပ်)ကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ရေဘေးကြောင့်ေ-သဆုံးခဲ့ရသူများအ တွက် ထောက်ပံ့ငွေများကိုလည်း ၎င်းတို့၏ မိ သားစုဝင်များထံ ဆက်လက်ပေးအပ်သွားမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေနှင့် အိုး အိမ်များပျက်စီးဆုံးရှုံးမှုအခြေအနေများအပေါ် မူတည်၍ နိုင်ငံတော်အစိုးရမှ လိုအပ်သည့်ထောက်ပံ့ကူညီမှုများဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
-
ရုရှားနိုင်ငံအတွင်း တိုက်ခိုက်ရန်ကိစ္စ ဘိုင်ဒင်နှင့် ဇယ်လင်စကီး တွေ့ဆုံဆွေးနွေးမည်
-
နောက် (၄၈) နာရီအတွင်း တိုင်းနှင့် ပြည်နယ်အနှံ့ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်
-
ဖမ်းဝရမ်းအတွက် ကြားနာစစ်ဆေးမှုမလုပ်မီ အဆိုတော်ဂျောင်းဂျွန်ယောင်းက စွဲချက်အားလုံးကို ဝန်ခံခဲ့
-
Westlife အဖွဲ့ စင်ကာပူတွင် ဖျော်ဖြေပွဲပြုလုပ်မည်
-
ဟောလိဝုဒ်ထိပ်တန်းသရုပ်ဆောင် Nicolas Cage ပါဝင်မည့် Jiu Jitsu သိပ္ပံအက်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့ မြန်မာနိုင်ငံတွင် လာရောက်ရိုက်ကူးမည်