Top News

ရေဘေးအတွက် လှူဒါန်းမည့် ထွန်းထွန်းမင်း၏ ချန်ပီယံခါးပတ် ကျပ်သိန်း ၅၀၀ ဖြင့် လေလံအောင်
24htopnews | September 21, 2024 12:12 AM CST

ရေဘေးအတွက်လှူဒါန်းမည့် ထွန်းထွန်းမင်း၏ ချန်ပီယံခါးပတ် ကျပ် သိန်း ၅၀၀ ဖြင့်လေလံအောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေလံပွဲနောက်ဆုံးရက်အား စက်တင်ဘာ ၂၀ ရက်တွင် ရန်ကုန်မြို့၊ သိမ်ဖြူလက်ဝှေ့ရုံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမည်မဖော်လိုသူတစ်ဦးက မြန်မာငွေကျပ် သိန်း ၅၀၀ ဖြင့် လေလံတင်ဝယ်ယူသွားခဲ့ကြောင်း သိရသည်။

"အမည်မဖော်လိုသူတစ်ဦးက ကျွန်တော်တို့ လေလံခေါ်ထားတဲ့ သိန်းငါးရာကို ပေးသွားပါတယ်။ သိန်းငါးရာထက် ပိုပေးတဲ့သူမရှိတဲ့အတွက် သူတို့က ခါးပတ်ရသွားပါတယ်။ကျွန်တော်တို့ သတ်မှတ်ထားတဲ့စျေးကို ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်" ဟု ထွန်းထွန်းမင်းက ပြောကြားသည်။

အမည်မဖော်လိုသူတစ်ဦးမှ ငွေကျပ်သိန်းငါးရာဖြင့် ဝယ်ယူသွားခြင်းဖြစ်ပြီး ဝယ်ယူသွားသည့် ငွေကြေးများအား လက်ရှိရေဘေးသင့်ပြီး အကူအညီလိုအပ်နေသူများထံသို့ ထွန်းထွန်းမင်းကိုယ်တိုင် သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းမင်းမှာ စက်တင်ဘာ ၂၂ ရက်တွင် ကျော်စွာဝင်းနှင့်  မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲMLWC 9 အား ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK