Top News

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက် Fx Trading Platform တွင် စက်သုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာသန်း ၃၀ ထုတ်ရောင်းမည်
24htopnews | September 21, 2024 2:12 AM CST

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် Fx Trading Platform တွင် ‌စက်သုံးဆီလုပ်ငန်း ရှင်များ အား ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၁၉ တွင် ဗဟိုဘဏ်က Fx Market Online Trading Platform  တွင် ဒေါ်လာ ၈ ဒသမ ၅ သန်းကျော်(၈၅၁၈ -ဝ၇၂ ဒသမ ၂၉ )နှင့်ထိုင်းဘတ်နှစ်  သန်း ကျော်(၂၀၅၂၀၄၇ ဒသမ ၈၇ )ထုတ်ရောင်း ခဲ့သည်။

စက်တင်ဘာ ၁၈ တွင် ဗဟိုဘဏ်က Fx Market Online Trading Platform  တွင် ထိုင်းဘတ်သုံးသန်းကျော် ထုတ်ရောင်း ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်  စက်တင်ဘာ ၁၈ ရက်က နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း Fx Trading Platform တွင် သွင်းကုန်လုပ်ငန်းရှင်များအား ထိုင်း ဘတ် ၁၀ သန်း ရောင်းချပေးမည်ဟု ထုတ် ပြန်ခဲ့သည်။ စက်တင်ဘာ ၁၈ ရက် Fx Market Online Trading Platform  တွင် ဘတ် သုံးသန်းကျော်(၃၂၅၄၀၁၇ ဒသမ ၂၇ ) ရောင်းချပေးခဲ့သည်။

စက်တင်ဘာ ၁၇ ရက်တွင် တစ်ဒေါ်လာ လျှင် ၃၅၁၂ ကျပ်ဖြင့် ဒေါ်လာ ၃ဝဝဝဝ ထပ်မံထုတ် ရောင်းခဲ့သည်။

စက်တင်ဘာ ၁၆ တွင် ဗဟိုဘဏ်က နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၃၅၁၁ ကျပ်ဖြင့် ဒေါ်လာ ငါးသန်းထပ်မံထုတ် ရောင်းခဲ့သည်။

ဗဟိုဘဏ်က  နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၃၅၀၇ ကျပ်ဖြင့် ဒေါ်လာ ၂၃ဝဝဝဝ၊ တရုတ်ယွမ် ၁ ဒသမ ၅ သန်းကျော်( ၁၅၂၄၄၄၇ ဒသမ ၈၄)နှင့် ထိုင်းဘတ် ၉၅၆၉၃၀ ကို စက်တင်ဘာ ၁၃ ရက်က ထပ်မံထုတ်ရောင်းခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ‌စက်သုံး ဆီအတွက် ဒေါ်လာ ၁၀ သန်းနှင့် စားသုံးဆီ အ တွက် ဒေါ်လာ ၇ သန်းတို့အား  Fx Trading Platform မှတစ်ဆင့် ရောင်းချ ပေးမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၂ ရက်က ထုတ်ပြန်လိုက်သည်။

စက်တင်ဘာ ၄ ရက်တွင် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၃၅၀၂ ကျပ်ဖြင့် ဒေါ်လာ ၁၂ ဒသမ ၄ သန်း၊ စက်တင်ဘာ ၅ ရက်က တစ်ဒေါ်လာ ၃၅၀၂  ကျပ်ဖြင့် ဒေါ်လာ ၉ဝဝဝဝ ၊ စက်တင်ဘာ၆ ရက်တွင် ဒေါ်လာ တစ်သိန်း ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်  နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံး ဆီလုပ်ငန်းရှင်များအား ဒေါ်လာ သန်း ၁ဝဝ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း ဩဂုတ် ၁၄ ရက်က ထုတ်ပြန်ခဲ့သည်။ ယင်းနောက် ဩ ဂုတ် ၁၅ ရက်က တစ်ဒေါ်လာလျှင် ကျပ် ၃၄ဝဝ နှုန်းဖြင့် ဒေါ်လာ ၉သန်းကျော် (၉၄၉၈၆၀၇ ဒသမ ၂၄) ထုတ်ရောင်းခဲ့ သည်။ ဩဂုတ် ၁၉ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၄၁၀ နှုန်းဖြင့် သန်း ၉ဝနီးပါး(၈၉၉၇၅၃၅၀ ဒသမ ၇၆)ဖြင့် နှစ်ရက်အတွင်း ဒေါ်လာ ၉၉ သန်းကျော်(၉၉၄၇၃၉၅၈)ထုတ်ရောင်းပေး ခဲ့ခြင်းဖြစ်ကြောင်း ၊ ဩဂုတ် ၂၂ ရက်တွင် တစ်ဒေါ်လာ လျှင် ကျပ် ၃၄၄၀ ဖြင့် ဒေါ်လာ ၃၁ သန်း၊ဩဂုတ် ၂၆ ရက်တွင် တစ်ဒေါ် လာ လျှင် ကျပ် ၃၄၆၀ ဖြင့် ဒေါ်လာ ၃၅ သန်းကျော်၊  ဩဂုတ် ၂၈ ရက်တွင် တစ်ဒေါ် လာ ၃၄၇၂ ကျပ်ဖြင့် ၁၆ ဒသမ ၉ သန်းထုတ် ရောင်းခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် တစ်ပတ် စက်သုံးဆီ၊ စား သုံးဆီနှင့် အခြားအရေးကြီးကုန်စည်များ အတွက် Fx Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၆ သန်း၊ တရုတ်ယွမ် ၅ သန်းနှင့် ထိုင်းဘတ် ၁၀ သန်းတို့အား ရောင်း ချပေးခဲ့ကြောင်း ဩဂုတ် ၉ ရက်က ထုတ်ပြန် ထားသည်။

ဩဂုတ် ၂ ရက်ထုတ်ပြန်ချက်အရ စက် သုံးဆီကဏ္ဍ၊ စားသုံးဆီကဏ္ဍနှင့် ဆေးဝါး ကဏ္ဍများအတွက် FxTrading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်းနှင့် တရုတ်ယွမ် ၅ သန်း ရောင်းချခဲ့သည်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့်လုပ်ငန်း(AD)လိုင်စင်ရ ဘဏ်များအနေဖြင့် ၂၀၂၄ ခုနှစ် ဩဂုတ် ၁ ရက်တွင် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ‌စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများ၊ ဆေး ဝါးနှင့် ဆေးဝါးနှင့်ဆက်စပ်သောပစ္စည်းများ တင်သွင်းသည့်ကုမ္ပဏီများနှင့် ဓာတ်မြေဩဇာတင်သွင်းသည့်ကုမ္ပဏီများသို့  Fx Trading Platform မှတစ်ဆင့် ထိုင်းဘတ် ၆၉ သန်းနှင့် တရုတ်ယွမ် ၉ သန်းတို့အား ရောင်း ချခဲ့သည်။

ဇူလိုင်လအတွင်း ရောင်းချမှုအနေဖြင့်  ဇူလိုင် ၂ ရက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင် များအား  FX Trading Platform မှတစ်ဆင့် ဒေါ်လာ ငါးသန်း၊ ဇူလိုင် ၃ ရက် တွင် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက် ကားသည့်လုပ်ငန်း(AD)လိုင်စင်ရဘဏ် များမှတစ်ဆင့် နိုင်ငံခြားငွေဝယ် ယူလို ကြောင်း တင်ပြလာသည့် စားသုံးဆီ၊ ဓာတ် မြေဩဇာနှင့် ဆေးနှင့် ဆေးပစ္စည်း များတင်သွင်းသည့်  ပို့ကုန်သွင်းကုန်လုပ် ငန်းရှင်များ အား ဒေါ်လာ ၅ ဒသမ ၄ သန်း ၊ ဇူလိုင် ၁၀ ရက်တွင်  ဒေါ်လာငါးသန်း၊ ဇူလိုင် ၁၅ ရက် တွင် Fx Trading Platform မှတစ်ဆင့် တ ရုတ်ယွမ်ငါးသန်း ဗဟိုဘဏ်က ရောင်းချခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်   ဇူလိုင် ၃ ရက်က Online Trading Platform တွင် နိုင်ငံခြားသုံးငွေများ ရောင်း ဝယ်ဖောက်ကားသည့်လုပ်ငန်း(AD) လိုင်စင်ရဘဏ်များမှတစ်ဆင့် နိုင်ငံခြားငွေဝယ် ယူလိုကြောင်း တင်ပြလာသည့် စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် ဆေးနှင့် ဆေးပစ္စည်းများတင်သွင်းသည့်  ပို့ကုန်သွင်းကုန်လုပ် ငန်းရှင်များအား ဒေါ်လာ ၅ဒသမ ၄ သန်း ရောင်းချပေးခဲ့သည်။

ဇူလိုင် ၂ ရက်က ဗဟိုဘဏ်အနေ ဖြင့်  နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်များအား  Online Trading Platform မှတစ်ဆင့် ဒေါ်လာ ငါးသန်း ရောင်းချပေးခဲ့သည်။


READ NEXT
Cancel OK