Top News

မနက်ဖြန်မှစတင်၍ ရန်ကုန်-သာစည်ရထားလမ်းပိုင်းတွင် ရထားများစတင်ပြေးဆွဲမည်
24htopnews | September 21, 2024 1:12 AM CST

ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် ရ ထားလမ်းပိုင်းနေရာများအားပြန်လည်ပြင်ဆင်လျက်ရှိရာမှ ပြင်ဆင်ပြီးဖြစ်သည့် ရန်ကုန်-သာစည်ရထားလမ်းပိုင်းတွင် မနက်ဖြန် စက်တင်ဘာ ၂၁ ရက်မှစတင်၍ ရထားများပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရေကြီးရေလျှံမှုကြောင့် အချို့ရထားလမ်းတာဘောင်နေရာများနှင့်တံတားများရေတိုက်စားပျက်စီးခဲ့သဖြင့် ရထားခရီးစဥ်များအား စက်တင်ဘာ ၁၆ ရက်မှစတင်ကာ ယာယီရပ်ဆိုင်းပြီး မြန်မာ့မီးရထားမှကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်ပြုပြင်မှုများပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ရန်ကုန်-သာစည်ရထားလမ်းပိုင်း၏ အဆန်ရထားလမ်းပိုင်းကိုပြုပြင်ပြီးဖြစ်၍ စက် တင်ဘာ ၂၁ ရက်မှစတင်၍ လူစီးရထားများနှင့်ကုန်တင်ရထားများကို ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြေးဆွဲပေးရာ၌ မနက်ဖြန်နံနက် ၅ နာရီတွင် ရန်ကုန်ဘူတာကြီးမှသာစည်ဘူတာသို့ အ မှတ် ၁၁ အဆန်လူစီးရထား၊ အမှတ် ၁၂ အစုန်လူစီးရထားသည် သာစည်ဘူတာမှ နံနက် ၆ နာရီတို့တွင် စတင်ထွက်ခွာပေးမည်ဖြစ်ကာ လမ်းခရီးဘူတာစဥ်အားလုံး၌ ရပ်တန့်ပေးသွားမည်ဖြစ်ကာ အထက်တန်းလက်မှတ်ခအဖြစ် တစ်ဦးလျင် ၁၇၀၀၀ ကျပ်နှင့်ရိုးရိုးတန်းလက်မှတ်ခအဖြစ် တစ်ဦးလျင် ၉၀၀၀ ကျပ်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားမှကျွမ်းကျင်ဝန်ထမ်းများက ရေ တိုက်စားမှုကြောင့်ပျက်စီးသွားသည့် ရထားလမ်းပိုင်းများနှင့်တံတားများအား ပြန်လည်ပြင် ဆင်မှုများပြုလုပ်လျက်ရှိ၍ ရန်ကုန်-မန္တလေး ရ ထားခရီးစဥ်များနှင့်သာစည်-မန္တလေးရထားခရီးစဥ်များကို ပြန်လည်ပြေးဆွဲပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK