Top News

၂၀၂၂-၂၃ ရာသီ၌ ဥရောပတွင် အကယ်ဒမီထွက်ကစားသမားများကို ပွဲကစားခွင့်အပေးဆုံးအဖြစ် ချယ်လ်ဆီးနှင့် အာဆင်နယ် ဦးဆောင်
24htopnews | September 19, 2024 7:12 PM CST

ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီ၌ ဥရောပထိပ်တန်းလိဂ်များတွင် အကယ်ဒမီထွက်ကစားသမားများကို ပွဲကစားခွင့်အပေးဆုံးအသင်းများအဖြစ် ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းတို့က ထိပ်ဆုံးတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။

PA သတင်းအေဂျင်စီက ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီအတွင်း ဥရောပထိပ်တန်းလိဂ်များတွင် ကလပ်အသင်းများအနေဖြင့် အကယ်ဒမီထွက်ကစားသမားများ အသုံးပြုမှုကို တွက်ချက်ကာ စစ်တမ်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းစစ်တမ်းအရ ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီက ပရီးမီးယားလိဂ်တွင် အသင်းအကယ်ဒမီထွက်ကစားသမားများကို (၂၁၀၃၁) မိနစ်နှင့် (၄၄) စက္ကန့်အထိ နေရာပေးအသုံးပြုခဲ့ကြောင်း သိရှိရသည်။

ဒုတိယနေရာတွင် အာဆင်နယ်အသင်းက (၂၁၀၃၁) မိနစ်နှင့် (၇)စက္ကန့်ဖြင့် ရပ်တည်နေပြီး ထိပ်ဆုံးမှ ချယ်လ်ဆီးအသင်းနှင့် (၃၇) စက္ကန့်သာ ကွာဟခဲ့ကြောင်း သိရသည်။

PA သတင်းအေဂျင်စီသည် ယခုစစ်တမ်းကို ၂၀၁၈ -၁၉ ရာသီတွင် စတင်ပြုလုပ်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း အကယ်ဒမီထွက်ကစားသမားများကို ပွဲကစားခွင့်အပေးဆုံးအသင်းအဖြစ် ရပ်တည်လေ့ရှိသည့် မန်ယူအသင်းမှာ ပြီးခဲ့သည့်ရာသီက အဆင့် (၄)နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီက အကယ်ဒမီထွက်ကစားသမားများကို (၁၈၅၃၂)မိနစ်နှင့် (၃၉)စက္ကန့် အသုံးပြုခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီအတွင်း အကယ်ဒမီထွက်ကစားသမားများကို ပွဲကစားခွင့်အပေးဆုံးထိပ်ဆုံး (၁၀) သင်းတွင် ပရီးမီးယားလိဂ်မှ (၈)သင်းအထိ ပါဝင်ခဲ့ပြီး နယ်သာလန်လိဂ်နှင့် ပေါ်တူဂီလိဂ်တို့မှ (၁) သင်းစီ ပါဝင်ခဲ့ကြောင်း PA သတင်းအေဂျင်စီ၏စစ်တမ်းအရ သိရှိရသည်။ 

၂၀၂၂-၂၃ ရာသီ၌ အကယ်ဒမီထွက်ကစားသမား များကို ပွဲကစားခွင့်အပေးဆုံး (၁၀) သင်း

   အသင်း(နိုင်ငံ)    အကယ်ဒမီထွက်ပွဲကစားခွင့်ပေးမှု


ချယ်လ်ဆီး (အင်္ဂလန်)    ၂၁၀၃၁ မိနစ်၊ ၄၄ စက္ကန့်

အာဆင်နယ် (အင်္ဂလန်)    ၂၁၀၃၁ မိနစ်၊ ၇ စက္ကန့်

မန်စီးတီး (အင်္ဂလန်)    ၁၉၄၅၇ မိနစ်၊ ၅၀ စက္ကန့်

မန်ယူ (အင်္ဂလန်)    ၁၈၅၃၂ မိနစ်၊ ၃၉ စက္ကန့်

ဆောက်သမ်တန် (အင်္ဂလန်)    ၁၆၅၆၉ မိနစ်၊ ၃၉ စက္ကန့်

အေဂျက်စ် (နယ်သာလန်)    ၁၃၄၃၈ မိနစ်၊ ၃ စက္ကန့်

လီဗာပူးလ် (အင်္ဂလန်)    ၁၂၇၃၅ မိနစ်၊ ၃၈ စက္ကန့်

စပါး (အင်္ဂလန်)    ၁၂၂၆၈ မိနစ်၊ ၃၅ စက္ကန့်

နော်တင်ဟမ်ဖောရက်စ် (အင်္ဂလန်)    ၁၁၅၂၂ မိနစ်၊ ၁၇ စက္ကန့်

ဘင်ဖီကာ (ပေါ်တူဂီ)    ၁၁၃၆၄ မိနစ်၊ ၃၇ စက္ကန့်


READ NEXT
Cancel OK