Top News

စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်
24htopnews | September 20, 2024 3:12 PM CST

နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် ‌စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

သို့သော် မည်သည့်ရက်တွင် ရောင်းချပေးမည်ကို ဖော်ပြထားခြင်းမရှိပေ။ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း စက်သုံးဆီလုပ်ငန်းရှင်နှင့် စားသုံးဆီလုပ်ငန်းရှင်များအား ဒေါ်လာ ၁၇ သန်းရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ဩဂုတ်လ၌ စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်ခဲ့သည့်အတွက် ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ကန်ဒေါ်လာ သန်း ၁၀၀ ထုတ်ရောင်းပေးခဲ့သည်။

ဩဂုတ်လ ၁ ရက်မှ စက်တင်ဘာ ၁၉ ရက်အထိ တစ်လခွဲကျော်အတွင်း ဗဟိုဘဏ်မှ ထိုင်းဘတ်သန်း ၁၇၀ နီးပါးအထိ ရောင်းချပေးထားသလို ဒေါ်လာသန်း ၂၃၀ ခန့်နှင့် တရုတ်ယွမ်သန်း ၂၀ ကျော် ရောင်းချပေးထားပြီးဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK