Top News

မြန်မာနိုင်ငံတွင်းရေကြီးရေလျှံမှုကို ပံ့ပိုးကူညီရန်နှင့် ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုများအတွက် အက်တမ် (ATOM) မှ ကယ်ဆယ်ရေးပြန်လည်ထူထောင်ရေးမတည်ငွေ မြန်မာငွေကျပ်သိန်းပေါင်း ၁၀,၀၀၀ လှူဒါန်း
24htopnews | September 20, 2024 3:12 PM CST

အက်တမ် (ATOM) က လက်တလောတွင်ဖြစ်ပေါ်နေလျက်ရှိသော ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့ခံစားခဲ့ရသည့် မြန်မာနိုင်ငံအတွင်းမှ လူမှုအသိုင်းအဝိုင်းများ ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ လျင်မြန်စွာပေးအပ်နိုင်ရန်အတွက် ကယ်ဆယ်ရေးပြန်လည်ထူထောင်ရေးမတည်ငွေ မြန်မာငွေကျပ် သိန်းပေါင်း ၁၀,၀၀၀ လှူဒါန်းခဲ့ကြောင်း ကြေညာခဲ့သည်။ ယခုလှူဒါန်းမှုသည် သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့ခံစားရသည့် ယခုလိုအချိန်မျိုးတွင် မြန်မာနိုင်ငံတွင်းရှိ လူမှုအသိုင်းအဝိုင်းများကို လိုအပ်သော အကူအညီပေးအပ်နိုင်ရန် အစဉ်အမြဲကြိုးစားနေလျက်ရှိသည့် အက်တမ် (ATOM) ၏ ကတိကဝတ်ကို အကောင်းမွန်ဆုံး ထင်ဟပ်ပြသလိုက်ခြင်းဖြစ်သည်။ 

ယာဂီ တိုင်ဖုန်းမုန်တိုင်း၏ နောက်ဆက်တွဲမိုးသည်းထန်စွာရွာသွန်းမှုကြောင့်  မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူပေါင်းထောင်ချီ အိုးအိမ်မဲ့အခြေအနေသို့ ရောက်ရှိခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုပမာဏကြီးမားခဲ့ရသည့် အခြေအနေတွင် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ လျင်မြန်စွာ ရောက်ရှိပေးပို့နိုင်ရန်အတွက် ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အကူအညီလိုအပ်သည့်နေရာများသို့ အလှူပစ္စည်းများ အဆင်ပြေချောမွေ့စွာ ရောက်ရှိစေနိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်တွင်းအဖွဲ့အစည်းများ၊ တာဝန်ရွိသူများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

“အခုလို ရေကြီးမှုကြောင့် ဖြစ်ပွားခဲ့ရတဲ့ ထိခိုက်ဆုံးရှုံးမှုတွေအတွက် ကျွန်တော်တို့ အက်တမ် (ATOM) က များစွာစိတ်မကောင်းဖြစ်ရပြီး ပြည်သူများနဲ့အတူ တစ်သားတည်းရပ်တည်သွားမယ့်အပြင် လိုအပ်သလို ကူညီထောက်ပံ့မှုတွေပေးသွားဖို့လည်း ရည်မှန်းထားပါတယ်။ အက်တမ် (ATOM) ရဲ့ မြန်မာငွေကျပ် သိန်းပေါင်း ၁၀,၀၀၀ လှူဒါန်းမှုကနေတစ်ဆင့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးအပ်နိုင်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ကြီးမားတဲ့အကူအညီတစ်ခုဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုလိုခက်ခဲတဲ့အခြေအနေမှာ မြန်မာပြည်သူနဲ့အတူ ကျွန်တော်တို့ အက်တမ် (ATOM) က တစ်သားတည်း အမြဲအတူရှိနေမှာပါ” ဟု အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။

■ ရေဘေးသင့်ဒေသများမှ လူမှုအသိုင်းအဝိုင်းများအတွက် အခမဲ့ ကျန်းမာရေးဆွေးနွေးတိုင်ပင်နိုင်သည့် ဝန်ဆောင်မှု

ယခုကဲ့သို့ ငွေသားလှူဒါန်းမှုအပြင် ရေဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများဆက်လက်ပေးအပ်နိုင်ရန်အတွက် အကူအညီများကိုလည်း တိုးချဲ့ထားသည်။ အက်တမ် (ATOM) သည် ၂၀၂၂ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အက်တမ် (ATOM) အသုံးပြုသူ ကာစတမ်မာ များအတွက် အခမဲ့ ကျန်းမာရေးဆွေးနွေးတိုင်ပင်နိုင်သည့် ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။ ဖုန်းနံပါတ် ၇၈၈၇ ကို ဆက်သွယ်ရုံဖြင့် အက်တမ် (ATOM) အသုံးပြုသူ ကာစတမ်မာများသည် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး ကျွမ်းကျင်ဆရာဝန်များ၏ ကျန်းမာရေးဆိုင်ရာအကြံဉာဏ်များကို ရယူနိုင်ပါသည်။ ယခုဝန်ဆောင်မှုသည် ဒဏ်ရာအနာတရများ၊ ရောဂါပိုးဝင်ရောက်မှုများနှင့် စိတ်ကျန်းမာရေးပြဿနာများအစရှိသည့် ရေဘေးသင့်ပြည်သူများ၏ အရေးတကြီး ရေရှည်ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ယခုကဲ့သို့ အခမဲ့ဝန်ဆောင်မှုပေးအပ်ရခြင်းဖြစ်သည်။

■ "အက်တမ်နှင့်အတူနှစ်ဆလှူ" (Double the Donation with ATOM)

အက်တမ် (ATOM) သည် ရေဘေးသင့်ဒေသများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထပ်မံပံ့ပိုးနိုင်ရန် 'အက်တမ်နဲ့အတူနှစ်ဆလှူ' (Double The Donation with ATOM) ဟု အမည်ပေးထားသည့် အစီအစဉ်ကို စတင်လိုက်သည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့မှစတင်ကာ အက်တမ် (ATOM) မှ အသုံးပြုသူ ကာစတမ်မာများအနေဖြင့် ရေဘေးအတွက် မိမိပါဝင်လှူဒါန်းလိုသည့်ပမာဏကို အက်တမ် (ATOM) ဖုန်းဘေလ်နှင့် ၆၆၆၆ ကို စာတို SMS ပေးပို့လှူဒါန်းနိုင်ကြောင်း တိုက်တွန်းဖိတ်ခေါ်ထားပါသည်။ ထိုနည်းတူ အက်တမ် (ATOM) ကလည်း အသုံးပြုသူ ကာစတမ်မာများ လှူဒါန်းမှုပမာဏ၏ ဆတူထပ်ဆောင်း အင်အားဖြည့်ပါဝင်လှူဒါန်းသွားမည်ဖြစ်သည့်အတွက်ကြောင့် အကူအညီလိုအပ်သူများထံသို့ လှူဒါန်းမှု ၂ဆ ရောက်ရှိသွားမည်ဖြစ်သည်။

"ကျွန်တော်တို့အနေနဲ့ ရေကြီးမှုကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ လူမှုအသိုင်းအဝိုင်းတွေ ရင်ဆိုင်နေရတဲ့ကြီးမားတဲ့စိန်ခေါ်မှုကို နားလည်သဘောပေါက်တာကြောင့်  ဒီလိုအချိန်မှာ ပြည်သူတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးပေးဖို့ ကျွန်တော်တို့ ခိုင်မာစွာဆုံးဖြတ်ထားပါတယ်။ ကျွန်တော်တို့ အနေနဲ့ မြန်မာငွေကျပ် သိန်းပေါင်း ၁၀,၀၀၀ လှူဒါန်းမှုအပြင် ကျွန်တော်တို့ရဲ့ အသုံးပြုသူ ကာစတမ်မာ တွေကို လူမှုအသိုင်းအဝိုင်းတွေ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုမှာ ပါဝင်ပြီးကူညီပေးနိုင်ဖို့လည်း ဖိတ်ခေါ်လိုက်ရပါတယ်။ လှူဒါန်းမှုတိုင်းက အကောင်းဆုံးသက်ရောက်မှုရှိလာနိုင်ပြီးတော့ အက်တမ် (ATOM) အနေနဲ့ အသုံးပြုသူ ကာစတမ်မာ တွေရဲ့ စာတိုပေးပို့လှူဒါန်းငွေတိုင်းရဲ့နောက်ထပ် တစ်ဆ ကိုလည်း ပေါင်းထည့်လှူဒါန်းပေးအပ်သွားမှာဖြစ်ပါတယ်” ဟု အက်တမ် (ATOM) ၏  ကော်ပိုရိတ်ရေးရာ အမှုဆောင်အရာရှိချုပ် ဦးသိန်းဟုတ် က ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်နေ့က အက်တမ် (ATOM) သည် မြန်မာနိုင်ငံတွင်းရှိ ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့ခံစားခဲ့ရသည့် ဒေသများမှ အက်တမ် (ATOM) အသုံးပြုသူ ကာစတမ်မာများအတွက် ၎င်းတို့၏ ချစ်ခင်ရသူများနှင့် အဆက်အသွယ်မပြတ် ရှိနေစေရန်နှင့် လိုအပ်ပါက လွယ်ကူစွာ အကူအညီတောင်းခံနိုင်ရန် ရည်ရွယ်၍  အခမဲ့ဖုန်းခေါ်ဆိုမှု (၅၀၀) မိနစ်များနှင့် အခမဲ့စာတို SMS (၅၀၀) ပေးပို့ခွင့်ကို ပေးအပ်ခဲ့သည်ဟု ကြေညာခဲ့သည်။ ယခုအခါ ထပ်မံ၍ အခမဲ့ဖုန်းခေါ်ဆိုခွင့် မိနစ် (၃၀၀) နှင့် စာတို့ SMS ပေးပို့ခွင့် အစောင် (၃၀၀)ကို  စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ထိ သုံးရက်တိုင်တိုင် တိုးမြင့် ပံ့ပိုးပေးသွားမည်ဖြစ်သည်။

  

အက်တမ် (ATOM) သည် “မျှဝေခံစား အက်တမ်၏နှလုံးသား" ဆောင်ပုဒ်အောက်၌ လူမှုဘဝနှင့်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်းများစသည့် အက်တမ် (ATOM) ၏ ချမှတ်ထားသော အဓိကဦးတည်ချက် (၃) ရပ် နှင့်အညီ လူမှုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်နေလျက်ရှိသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လမှစတင်၍ အက်တမ် (ATOM) အနေဖြင့် ထိုလူမှုအကျိုးပြုလုပ်ငန်းများအတွက် စုစုပေါင်း မြန်မာငွေကျပ်သိန်းပေါင်း ၄၀,၀၀၀ (မြန်မာငွေကျပ် လေး ဘီလီယံ) ကို ပံ့ပိုးကူညီပေးခဲ့ရာ မြန်မာပြည်သူပြည်သားပေါင်း (၅) သိန်းကျော်၏ လူနေမှုဘဝများကို ကောင်းကျိုးများသက်ရောက်စေခဲ့ပါသည်။

ထို့အတူ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၂ ရက်နေ့က အက်တမ် (ATOM) သည် ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့ခံစားရသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဘားအံမြို့တို့တွင်ရှိသော ထောင်ပေါင်းများစွာသော ရေဘေးသင့်ပြည်သူများအတွက် မြန်မာငွေကျပ်သိန်းပေါင်း ၁,၀၀၀ တန်ဖိုးရှိ အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းများကိုပေးအပ်လှူဒါန်းခဲ့ရာ အဆိုပါ လှူဒါန်းမှုသည် ရေဘေးသင့်အိမ်ထောင်စုပေါင်း (၂,၀၀၀) ကျော်နှင့် ခန့်မှန်းခြေ လူဦးရေပေါင်း (၁၀,၀၀၀) ကျော်အတွက် အထောက်အကူဖြစ်စေခဲ့ပြီးဖြစ်ပါသည်။

 

■ Sponsored Post

 


READ NEXT
Cancel OK