ရေဘေးသင့်ပြည်သူများအတွက် မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်က ယန်း(၃)သိန်းလှူဒါန်း
24htopnews | September 20, 2024 2:12 PM CST
မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်မှ ယမန်နေ့ စက်တင်ဘာ ၁၉ ရက်က ယန်း(၃)သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် နာဂိုယာမြို့ရှိ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန် Mr. Toshio Nishimura က ဂျပန်နိုင်ငံဆိုင်ရာ၊ မြန်မာသံရုံး၊ တိုကျိုမြို့သို့လာရောက်၍ လှူဒါန်းခဲ့ခြင်းဖြစ် သည်။
အဆိုပါ အလှူငွေအား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံအမတ်ကြီးဦးစိုးဟန်က လက်ခံရယူခဲ့ပြီး အလှူငွေများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
READ NEXT
-
အက်တမ် (ATOM) မှ ရေဘေးသင့်ဒေသများသို့ ပံ့ပိုးကူညီရန်နှင့် ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်းပေါင်း ၁၀,၀၀၀ လှူဒါန်းခဲ့
-
ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်း ၏ ခါးပတ် ကျပ်သိန်း(၅၀၀)ဖြင့် လေလံအောင်
-
■ မီလန်ဒါဘီတွင် ရှုံးနိမ့်လျှင် အေစီမီလန်နည်းပြ ဖွန်ဆီကာ နည်းပြရာထူးမှထုတ်ပယ်ခံရမည်
-
■ အလွန်ဆိုနေရာ အစားထိုးရန် ရာအူးလ်ကို လေဗာကူဆင်အသင်း လျာထား
-
■ အမေရိကန်အသင်း၏ ကမ္ဘာ့ဖလားပစ်မှတ်ကို နည်းပြသစ် ပိုချက်တီနို ဖွင့်ဟပြောကြား