Top News

■ မြန်မာ့လက်ရွေးစင်အသင်းနည်းပြဟောင်း ဂတ်ဖရိုင်းဒရစ်ကို ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ် ခန့်အပ်
24htopnews | September 19, 2024 7:12 PM CST

ရန်ကုန်ယူနိုက်တက်အသင်းသည် လစ်လပ်လျက်ရှိသည့် နည်းပြချုပ်နေရာအတွက် မြန်မာ့လက်ရွေးစင်အသင်းနည်းပြဟောင်းဖြစ်သူ ဂျာမနီနိုင်ငံသား ဂတ်ဖရိုင်းဒရစ်ကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ 

ဂတ်ဖရိုင်းဒရစ်သည် မြန်မာ့ဘောလုံးလောကတွင် နာမည်ရခဲ့သူဖြစ်ပြီး မြန်မာ ယူ-၁၉ အသင်းကို ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။ 

ထို့ပြင် မြန်မာ့လက်ရွေးစင်အသင်းကို ၂၀၁၅ နှစ်ကုန်ပိုင်းမှ ၂၀၁၈ ခုနှစ်အထိ ကိုင်တွယ်ခဲ့သည်။ 

ဂတ်ဖရိုင်းဒရစ်သည် သြဂုတ်ပထမပတ်မှ ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ် သောကြောင့် ဇူလိုင် (၃၁)ရက်တွင် ကစားရမည့် MNL ပွဲစဉ် (၁၄) ဖြစ်သော ရခိုင်ယူနိုက်တက် အသင်းနှင့်ပွဲကို ယာယီနည်းပြချုပ်အဖြစ် ဦးတင်မောင်ထွန်းက ကိုင်တွယ်သွားမည်ဖြစ်သည်။ 

ရန်ကုန်ယူနိုက်တက်အသင်းသည် ဇူလိုင် (၂၅)ရက်တွင် ယခင်နည်းပြချုပ်ဟောင်း ဦးကျော်ဒွန်းနှင့် နှစ်ဦးသဘောတူလမ်းခွဲခဲ့ခြင်းဖြစ်သည်။

 


READ NEXT
Cancel OK