Top News

ချန်ပီယံလိဂ်နှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်
24htopnews | September 19, 2024 6:12 PM CST

ဖီယင်နု နှင့် လေဗာကူဆင် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ)

လေဗာကူဆင်က အရင်တစ်ပတ်က ဘွန်ဒစ်လီဂါမှာ ပထမဆုံးအကြိမ် ရှုံးပွဲတွေ့ခဲ့ပေမဲ့ ဒီတစ်ပတ်ပွဲစဉ်မှာတော့ ဟော်ဖန်ဟင်မ်ကို ဂိုုးပြတ်သွင်းပြီး ကောင်းကောင်းတုံ့ပြန်နိုင်ခဲ့တယ်။ ချာကာ ဦးဆောင်တဲ့ ကွင်းလယ်က ပုံစံကောင်းပြနေဆဲဖြစ်သလို ဖလော်ရီယန်ဗက်ဇ် ဦးဆောင်တဲ့တိုက်စစ်ကလည်း ကစားပုံတော်တော်လေးကောင်းတာတွေ့ရတယ်။ ဖီယင်နုက အာနယ်ဆလော့ကို ဆုံးရှုံးခဲ့ပြီးနောက် ပုံစံကောင်းပြနိုင်ဖို့ ခက်ခဲနေပါတယ်။ လေဗာကူဆင်ကိုပဲ ကြိုက်တယ်။ 

အတ္တလန်တာ နှင့် အာဆင်နယ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

အတ္တလန်တာက ဒီရာသီ စီးရီးအေ ၄ ပွဲမှာ ၂ ပွဲနိုင် ၂ ပွဲရှုံးထားတယ်။ ဂတ်စ်ပါရီနီရဲ့အသင်းက လက်ရှိ ယူရိုပါလိဂ်ချန်ပီယံဖြစ်ပြီး ဥရောပမှာ အဆိပ်ရှိတဲ့အသင်းပါ။ အာဆင်နယ်အသင်းကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပြီး စပါးကို ခက်ခက်ခဲခဲ အနိုင်ကစားခဲ့တယ်။ ဒီပွဲမှာတော့ ကွင်းလယ်မှာ ဒက်ကလန်ရိုက်စ်ပြန်ပါလာမှာဖြစ်လို့ ပိုအားကောင်းလာပါတယ်။ ဒါပေမဲ့ အတ္တလန်တာကွင်းမှာတော့ အာဆင်နယ် သရေတစ်မှတ်ဆိုကျေနပ်ရမယ်။ 

အက်သလက်တီကို နှင့် လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

အက်သလက်တီကိုက လာလီဂါ အဆင့် ၅ နေရာမှာ ရှိနေပြီး လိုက်ပ်ဇစ်ကတော့ ဘွန်ဒစ်လီဂါ အဆင့် ၃ နေရာမှာ ရှိနေတယ်။ နှစ်သင်းစလုံး ဒီရာသီပြည်တွင်းလိဂ်မှာ ရှုံးပွဲမရှိကစားထားကြတယ်။ ခြေစွမ်းချင်း သိပ်မကွာသလို၊ ဥရောပအတွေ့အကြုံကလည်း နောက်ပိုင်းနှစ်တွေမှာ နှစ်သင်းစလုံးများပြားပါတယ်။ ကစားသမားအင်အားပိုင်းကို ကြည့်ရင်တော့ အက်သလက်တီကိုမက်ဒရစ်ကို ပိုကြိုက်သလို ကစားမှာကလည်း အိမ်ကွင်းဖြစ်နေတယ်။ တီကို ကပ်နိုင်မယ်ထင်တယ်။ 

မိုနာကို နှင့် ဘာစီလိုနာ (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

မိုနာကိုအသင်းက ပြင်သစ်ပြည်တွင်းလိဂ်မှာ ၄ ပွဲကစား ၁၀ မှတ်ရထားတယ်။ ထုံးစံအတိုင်း အသင်းမှာ လူငယ်ကြယ်ပွင့်တွေက ဒီအသင်းမှာ ဆက်လက်ထွက်ပေါ်နေတယ်။ ဘာစီလိုနာအသင်းကလည်း ဒီရာသီ ဟန်ဆီဖလစ်ခ်လက်ထက်မှာ ခြေစွမ်းပိုင်းတည်ငြိမ်နေသလို တိုက်စစ်ကလည်း ထက်မြက်ပါတယ်။ အဝေးကွင်းပွဲစဉ်တွေမှာလည်း ပုံစံကောင်းပြနေသလို လူငယ်ကြယ်ပွင့်တွေကိုလည်း အသုံးချနိုင်တာတွေ့ရတယ်။ ဘာစီလိုနာကိုပဲ ကြိုက်တယ်။ 

-------------------------------------------------

လီဟာနက်စ် နှင့် ဘီလ်ဘာအို (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)

ဘီီလ်ဘာအိုအသင်းရဲ့ ဒီရာသီရှုံးပွဲ(၂)ပွဲက ဘာစီလိုနာ၊ အက်သလက်တီကိုအသင်းတွေကို အရေးနိမ့်ထားတာဖြစ်ပါတယ်။ ဒီပွဲမှာ ဘီလ်ဘာအိုပဲ ရွေးချယ်ချင်တယ်။


READ NEXT
Cancel OK