Top News

ဘောလုံးသမားဘဝမှ အနားယူပါက မော်ဒယ်လုပ်နိုင်သည်ဟု ဒက်ကလန်ရိုက်စ် ဖွင့်ဟ
24htopnews | September 19, 2024 6:12 PM CST

အာဆင်နယ်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်က ဘောလုံးသမားဘဝမှ အနားယူပါက မော်ဒယ်လုပ်နိုင်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

အင်္ဂလန်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်(၂၅ နှစ်)သည် စက်တင်ဘာ (၁၆) ရက်က အီးမရိတ်စ်ကွင်းတွင် ပြုလုပ်သည့် လန်ဒန်ဖက်ရှင်ပွဲတွင် မော်ဒယ်အဖြစ် ပါဝင်ခဲ့သည်။

ယင်းလန်ဒန်ဖက်ရှင်ပွဲတွင် ပါဝင်ပြီးနောက် ဒက်ကလန်ရိုက်စ်က ''ဒီအလုပ်က အခုအချိန်မှာ ကျွန်တော် ဘောလုံးသမားဘဝက အနားယူရင် လုပ်နိုင်တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ မော်ဒယ်အလုပ်နဲ့ ပတ်သက်ပြီး ကျွန်တော် သေချာမသိပါဘူး။ ဒါပေမဲ့ အခုလိုလုပ်ရတာကို ကျွန်တော် သဘောကျပါတယ်။ ဖက်ရှင်ကိုလည်း ကျွန်တော် နှစ်သက်ပါတယ်''ဟု ပြောကြားခဲ့သည်။

ဒက်ကလန်ရိုက်စ်သည် အာဆင်နယ်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်သည်။


READ NEXT
Cancel OK