Top News

မော်ရင်ဟိုကို အလဲထိုးခဲ့တဲ့ ဘရန်ဒန်ရော်ဂျာ
24htopnews | September 18, 2024 8:13 PM CST

စပါး ၀-၂ လက်စတာ

ကွင်းလယ်လူတစ်ဦးက တကယ်ကောင်း ကောင်းကစားနေပြီဆိုရင် တစ်သင်းလုံးက ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တယ်။ ဒီပွဲမှာ အန်ဒီဒီ ကစားသွား တာက ဒီအချက်ကို သက်သေပြပြီး လက်စတာ ရဲ့ နို်င်ပွဲအတွက် အရေးအပါဆုံးကစားသမားလို့တောင် ပြောနိုင်တယ်။ လက်စတာခံစစ်အတန်းရဲ့ရှေ့မှာနေပြီး စပါးတိုက်စစ်ကစားသမားတွေကို တစ်ဦးချင်း ကပ်ကစားတယ်။ လမ်းကြောင်းပြတ်တောက်တယ်။ Tactical Foul တွေလုပ်တယ်။ ကွင်းလယ်ထိန်းချုပ်တယ်။ တိုက်စစ်လမ်းကြောင်းတွေကို ပြန်စတင်ပေးတယ်။ အီဗန်စ်လည်း အကောင်းဆုံးပုံစံပြန်ရခဲ့တာတွေ့ရတယ်။ 

မော်ရင်ဟိုရဲ့အသင်းက စိတ်ပျက်စရာကောင်းတဲ့ ပုံစံနဲ့ ကစားခဲ့တာ တွေ့ရတယ်။ နိုင်ခြင်း၊ ရှုံးခြင်းထက် ကိုယ်မရှုံးမချင်း ပွဲအပေါ် ဆာလောင်စိတ်နည်းပါးတာမျိုးက ဆိုးပါတယ်။ အထူးသဖြင့် ကစားသမားတွေအတွက်၊ အသင်းအတွက်ဆိုတာထက် မော်ရင်ဟိုက သူ့အတွက်ပဲ သူကြည့်တတ်တဲ့ နည်းပြ မျိုးဖြစ်နေတယ်။ အရမ်းလက်တွေ့ဆန်လွန်းပြီး ကွင်းထဲက ခြေစွမ်းတွေ၊ အချက်အလက်တွေကို စိတ်မဝင်စားတဲ့သူဖြစ်နေတော့ ဒီလိုပွဲမျိုးတွေမှာ စပါးကို ကြည့်ရတာ စိတ်ပျက်စရာဖြစ်နေတယ်။ နောက်တစ်ချက်ကတော့ နည်းဗျူဟာပိုင်းပဲ။ မော်ရင်ဟိုကလည်း ခံစစ်ကို အသားပေးတည်ဆောက်ရတဲ့ ပွဲတွေမှာ ပိုကောင်းလာတာကိုတွေ့ရတယ်။ 

လီဗာပူးလ်နဲ့ ပွဲတုန်းက ခြေစွမ်းနဲ့တောင် ဒီပွဲမှာ မတူတာက လက်စတာက လီဗာပူးလ်လို ကစားတဲ့အသင်းမဟုတ်ဘဲ သူတို့ကိုယ်တိုင်လည်း ခံစစ်ကို လုံခြုံအောင်တည်ဆောက်ပြီး စပါးရဲ့တန်ပြန်တိုက်စစ်ကို ကြောက်တဲ့စိတ်နဲ့ သတိကြီးကြီးထားပြီး ကစားခဲ့တယ်။ မော်ရင်ဟိုရဲ့စပါးက ဒီလိုပွဲမျိုးမှာ ဂိုးရဖို့ ခက်လေ့ရှိတယ်ဆိုတာ အကြိမ်ကြိမ် မြင်ခဲ့ရပြီးသားပါ။ တချို့ပွဲလေးတွေမှာ တစ်ဦးချင်းအရည်အသွေး ကွာခြားလွန်းတာ၊ ကိန်း+ဆွန်အတွဲက အလုပ်ဖြစ်လွန်းတာကြောင့် နိုင်ပွဲရခဲ့ပေမဲ့ Creativity ပိုင်းမှာ အားနည်းတယ်။ လက်စတာလို မာမာကျောကျောတုံ့ပြန်နိုင်တဲ့အခါမျိုး၊ ပြိုင်ဘက်အသင်းက ကြီးကြီးမားမား အမှားမကျူးလွန်တဲ့အခါမျိုးတွေမှာတော့ စပါးက လက်စတာကို ကျော်ဖြတ်ဖို့ အဖြေရှာမတွေ့ခဲ့ဘူး။ (၀-၁)နဲ့ ရှုံးတဲ့အချိန်မှာတောင် စပါးကစားပုံက အားရစရာမရှိဘဲ (၀-၂) ဖြစ်တဲ့အချိန်မှ အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားခဲ့တာတွေ့ရတယ်။ ဒါကလည်း လက်စတာက ဂိုးရဖို့ကို စွန့်လွှတ်လိုက်ပြီး ဂိုးမပေးရဖို့ကို ဦးစားပေးလိုက်တာကြောင့် ဖြစ်နိုင်ပါတယ်။ 

ဒီပွဲမှာ စပါးရဲ့အဓိကပြဿနာက ဆွန်နဲ့ ကိန်းတို့ Space တွေမရခြင်း၊ ပြေးလမ်းကြောင်းတွေ မရ ခြင်းဖြစ်ပြီး အထူးသဖြင့် ဆွန်က ကိန်းထက် အခြေအနေ ပိုဆိုးသွားတယ်။ ဂါရတ်ဘေးလ် ဝင်လာပြီး ညာတောင်ပံစည်းနားမှာ ကပ်ကစားနေတော့ ပိုဆိုးသွားပြီး လူပိုဖြစ်သွားတယ်။ ဒါကြောင့် လက်စတာက လွယ်လွယ်ကူကူနိုင်ခဲ့တာလို့ ပြောရမယ်။ လက်စတာအတွက် အဖွင့်ဂိုးက (၄၅) မိ နစ်မှာ ပယ်နယ်တီကနေ ရခဲ့တာဖြစ်ပြီး ဒီပယ်နယ်တီကို ဗာဒီက ကန်သွင်းယူခဲ့တယ်။ ဒုတိယဂိုးကိုတော့ အယ်လ်ဒါဝီရယ်လ်က (၅၉) မိနစ် မှာ Own Goal သွင်းခဲ့ပါတယ်။ 


READ NEXT
Cancel OK