Top News

ရေဘေးသင့် ပြည်သူများအတွက် အလှူငွေလက်ခံပွဲ ပြည်နယ်နှင့် တိုင်း ၈ ခုတွင် ကျင်းပမည်
24htopnews | September 20, 2024 10:12 PM CST

ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်း ၈ ခုတွင်ရေဘေးသင့် ပြည်သူများအတွက် အလှူငွေလက်ခံပွဲကျင်းပသွားမည်ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။

ယင်းတွင် နေပြည်တော်နှင့် ကရင်၊ ပဲခူး မန္တလေး၊ မွန်၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီ စသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့၌ရေဘေးသင့် ပြည်သူများအတွက် အလှူငွေလက်ခံပွဲကို စက်တင်ဘာ ၂၁ ရက်‌တွင်ကျင်းပမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့ပြင် လှူဒါန်းလိုသူများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိသတ်မှတ်ထားသည့်သူများထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

ထုတ်ပြန်ထားသည့်စာရင်းများအရ ရေကြီးရေလျှံမှုများကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်များရှိ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သော မြို့နယ် ၅၆ မြို့နယ်တွင် စက်တင်ဘာ ၁၉ ရက် နံနက် ၇ နာရီအချိန်အထိ ရရှိသောစာရင်းများအရ လူနေအိမ် ၄၄၇၁ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ၁၆၈၇၀၄ လုံး ရေဝင်နစ်မြုပ်ခဲ့သည့်အပြင် ပြည်သူ ၂၉၃ ဦး‌ေ-သဆုံးကာ၊ ၈၉ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK