Top News

အိမ်ကွင်းပွဲကစားသည့်နေ့မတိုင်မီ ကစားသမားများအား ဟိုတယ်၌ ညအိပ်စေသည့် အစီအစဉ်ကို လမ်းပတ် ပယ်ဖျက်ခဲ့ပြီး မိသားစုနှင့်အတူပြန်နေခွင့်ပေး
24htopnews | September 18, 2024 8:12 PM CST

ချယ်လ်ဆီးအသင်းနည်းပြလမ်း ပတ်သည် အိမ်ကွင်းပွဲကစားသည့်နေ့မတိုင်မီ ညများ၌ သူ၏ချယ်လ်ဆီးအသင်းမှ ကစားသမားများကို နေအိမ်သို့ ပြန်ခွင့်မပေးဘဲ ဟိုတယ်၌ ညအိပ် စေသည့် သူ၏အစီအစဉ်အား ပယ်ဖျက်ခဲ့ပြီး မိသားစုများနှင့်အတူ ပြန်နေခွင့်ပေးခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

မူလက လမ်းပတ်သည် အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်၌ ပွဲကစားရမည့်နေ့ရက်မတိုင်မီ ကစားသမားများ တစ်စုတစ်စည်းတည်းရှိစေရန်နှင့် ပွဲမတိုင်မီ စည်းကမ်းမဲ့စွာသွားလာနေထိုင်မှုအပါအဝင် အခြားအကြောင်းအရာများကြောင့် အားအင်ကုန်ခန်းမည်ကို စိုးရိမ်သဖြင့် နေအိမ်သို့ ပြန်ခွင့်မပေးဘဲ ဟိုတယ်၌ အသင်းလိုက်နေထိုင်စေခြင်းဖြစ်သည်။ သို့သော် ယခုနောက်ပိုင်းပွဲစဉ်များတွင် ချယ်လ်ဆီးကစားသမားများ လန်းဆန်းတက်ကြွမှုလျော့နည်းလာပုံကို တွေ့မြင်ရပြီးနောက် လမ်းပတ် သည် သူ၏မူဝါဒကို ပြန်လည်ပြင်ဆင်ခဲ့ကြောင်း သိရသည်။ 

ချယ်လ်ဆီးအသင်း၏ ကွင်းလယ်လူဟောင်းတစ်ဦးဖြစ်သူ ဂျိုးကိုးလ်က ချယ်လ်ဆီးကစားသမားများအနေဖြင့် ယခုနောက်ပိုင်းပွဲစဉ်များ၌ စိတ်မပါလက်မပါကစားသကဲ့သို့ မြင်တွေ့နေရကြောင်း၊ နည်းပြ လမ်းပတ်အနေဖြင့် ကစားသမားများ၏ အခြေအနေကို ပြန်လည်သုံးသပ်သင့်ကြောင်း ရုပ်သံဘောလုံးဝေဖန်မှုတစ်ခု၌ တိုက်တွန်းပြောကြားခဲ့သည်။ 

ချယ်လ်ဆီးကစားသမားများသည် ယခုတစ်ပတ် ချယ်လ်ဆီး-ဝက်စ်ဟမ်းပွဲမတိုင်မီ တနင်္ဂနွေည၌ ၎င်းတို့၏နေအိမ်များတွင် ပြန်လည်နေထိုင်ခွင့်ရရှိခဲ့ကြကြောင်း Daily Mail  

သတင်းစာက ဖော်ပြခဲ့သည်။


READ NEXT
Cancel OK