Top News

အေစီမီလန်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ် (၁)လခန့် ထပ်နားရဖွယ်ရှိ
24htopnews | September 18, 2024 8:12 PM CST

ခြေသလုံးကြွက်သားဒဏ်ရာရရှိထားသည့် အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် နောက်ထပ် (၁)လခန့်ထပ်နားရဖွယ်ရှိနေကြောင်း သိရသည်။  

အီဘရာဟီမိုဗစ်သည် ပြီးခဲ့သည့်နိုဝင်ဘာလ (၂၂)ရက်တွင်ကစားခဲ့သော နာပိုလီအသင်းနှင့်ပွဲတွင် ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ 

ယခုတစ်ပတ်တွင်ကစားသည့် ဆာဆူအိုလိုအသင်းနှင့်ပွဲမတိုင်မီ အေစီမီလန်အသင်း လေ့ကျင့်ခန်းအစီအစဉ်တွင် အီဘရာဟီမိုဗစ် ပါဝင်ခဲ့သော်လည်း နောက်ထပ် ထိခိုက်မိခဲ့သဖြင့် (၁)လခန့် ထပ်မံအနားယူရဖွယ်ရှိနေခြင်းဖြစ်သည်။ 

ထို့ကြောင့်  လာဇီယို၊ ဘင်နီဗန်တိုတို့နှင့်ပွဲစဉ်များအပြင် ဇန်နဝါရီ (၆)ရက်တွင်ကစားမည့်  ဂျူဗင်တပ်စ်အသင်းနှင့်ပွဲကိုလည်း လွဲချော်ဖွယ်ရှိနေသည်။

၎င်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၁၃)ပွဲ ကစားပြီးသည့်အနက် အသင်းအတွက် (၆)ပွဲသာ ကစားခဲ့ရသည်။

သို့သော် ယင်း(၆)ပွဲတွင် (၁၀)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ယခုတစ်ပတ်တွင်မှ စီရော်နယ်လ်ဒိုနှင့် လူကာကူတို့က ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK