Top News

■ ပရီးမီးယားလိဂ် ပွဲစဉ်-၁၄ ပွဲကြိုသုံးသပ်ချက်
24htopnews | September 18, 2024 8:12 PM CST

ဘန်လေ - ဝုလ်ဗ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၂ ရက် နံနက် ဝဝးဝ၀ နာရီ)

ဝုလ်ဗ်က ဟီမင်နက်ဇ်မပါပေမယ့် နေတို၊ ပိုဒန့်တို့ ဖြည့်ကစားနိုင်လို့ မဆိုးဘူးလို့ ပြောရမယ်။ ပိုဒန့်က ချယ်လ်ဆီးကစားသမားဟောင်း ဟာဇက်ပုံစံ ကစားဟန်မျိုးဖြစ်ပြီး ပုံစံ ကောင်းကို တစ်သမတ်တည်း ထိန်းထားနို်င်ဖို့တော့လိုတယ်။ နေတိုကတော့ အရည်အသွေး မြင့်ကစားသမားဆိုတာ သေချာပါတယ်။ ဘန်လေက ရလဒ်တွေ နည်းနည်းတက်လာတယ်။ ဒါပေမဲ့ ကစားဟန်က မာကျောရုံအပြင် မရှိပါဘူး။ ဝုလ်ဗ်ကိုပဲ ကြိုက်တယ်။ 

ချယ်လ်ဆီး - ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၂ ရက် နံနက် ၂း၃၀ နာရီ)

ချယ်လ်ဆီးက နှစ်ပွဲဆက် ရှုံးပွဲတွေ့ခဲ့တယ်။ ကစားတာကတော့ နှစ်ပွဲစလုံးညံ့တယ်လို့ ပြောလို့မရပါဘူး။ အဓိကပြဿနာက တိုက်စစ်ပိုင်း သိသိသာသာအားနည်းသွားခြင်းဖြစ်ပြီး အဲဗာတန်၊ ဝုလ်ဗ်တို့နဲ့ ကစားခဲ့တဲ့ နှစ်ပွဲမှာ တစ်ဂိုးသာရခဲ့တယ်။ ဝက်စ်ဟမ်းကလည်း ပုံစံကောင်းပြနေတဲ့အသင်းဖြစ်တယ်။ မာကျောတယ်။ ဟန်ချက်ညီတယ်။ ချယ်ဆီးကို ဒုက္ခပေးနေကျအသင်းလည်းဖြစ်တယ်။ ချယ်လ်ဆီး အမှတ်လျော့နိုင်တယ်။ 


READ NEXT
Cancel OK