Top News

ဘောလုံးပွဲထက် UFC ပွဲ ကြည့်ရခြင်းကို ပိုနှစ်ခြိုက်ဟု စီရော်နယ်လ်ဒို ဖွင့်ဟ
24htopnews | September 17, 2024 10:12 AM CST

ဂျူဗင်တပ်စ်ကြယ်ပွင့် စီရော်နယ်လ်ဒိုက မိမိအနေဖြင့် ဘောလုံးပွဲ ကြည့်ခြင်းထက် UFC  ပွဲကြည့်ရခြင်းကို ပိုမိုနှစ်ခြိုက်ကြောင်း DAZN ရုပ်သံမှ တင်ဆက်သည့် Parallel World မှတ်တမ်းရုပ်ရှင်ထဲတွင် ဖွင့်ဟခဲ့သည်။

အဆိုပါ ရုပ်ရှင်အား ပြီးခဲ့သည့်ရက်ပိုင်းက DAZN ရုပ်သံတွင် စတင်ထုတ်လွှင့်ခဲ့ပြီး အပိုင်း(၁)တွင် စီရော်နယ်လ်ဒိုက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

စီရော်နယ်လ်ဒိုက ''ကျွန်တော် မန်ယူမှာတုန်းက နည်းပြတစ်ဦးနဲ့ လက်ဝှေ့ထိုးခဲ့ဖူးတယ်။ လက်ဝှေ့လေ့ကျင့်ခြင်းက လှုပ်ရှားမှုနဲ့ အာရုံခံစွမ်းကို တိုးတက်စေတဲ့အတွက် ဘောလုံးအတွက်လည်း အကျိုးရှိတယ်ထင်ပါတယ်။ ဘောလုံးကစားခြင်းက ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှုပါ။ ဒါပေမဲ့ TV မှာဆိုရင်တော့ တခြားအားကစားကို ကျွန်တော် ကြည့်တယ်။ ဘောလုံးပွဲ ကြည့်မလား၊ UFC  ပွဲ ကြည့်မလား ဆိုရင် ဒုတိယဟာကို ကျွန်တော် ရွေးပါတယ်''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK