Top News

အစွန်းရောက်ကြိုးကိုင်မှုများကိုတားဆီးရန် CLV ဖွံ့ဖြိုးတိုးတက်ရေးတြိဂံဒေသမှ ကမ္ဘောဒီးယားနှုတ်ထွက်
24htopnews | September 21, 2024 4:12 PM CST

ဖနွမ်းပင်၊စက်တင်ဘာ ၂၁

ကမ္ဘောဒီးယားပြည်သူ့ပါတီဥက္ကဌ မစ္စတာဟွန်ဆန်၊ဝန်ကြီးချုပ် ဟွန်မာနက်နှင့် အခြားအကြီးတန်းအရာရှိများက ၎င်းတို့နိုင်ငံအနေဖြင့် ကမ္ဘောဒီးယား – လာအို – ဗီယက်နမ် ဖွံ့ဖြိုးတိုးတက်ရေးတြိဂံနယ်မြေ (CLV-DTA) မှ နှုတ်ထွက်ကြောင်းထုတ်ပြန်ကြေငြာခဲ့ကြသည်။

အထက်လွှတ်တော် ဥက္ကဋ္ဌက စက်တင်ဘာ ၂၀ ရက်ညပိုင်းတွင် ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ အဆိုပါ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေငြာရာ၌ စက်တင်ဘာ ၂၀ ရက်မှစ၍ အကျုံးဝင်သည်ဟုဆိုသည်။

ကမ္ဘောဒီးယား၏ထုတ်ပြန်ချက်၌ CLV ‌ဒေသကို ၂၅ နှစ်တိုင်တိုင် အတူလက်တွဲဖော်ဆောင်နိုင်ခဲ့ပြီး Kratie၊ Stung Treng၊Mondulkiri နှင့် Ratanakkiri ဒေသများတွင် အမှန်တကယ်ဖွံ့ဖြိုးတိုးတက်မှုများရရှိအောင်မြင်ခဲ့သည်ဟုဖော်ပြထားသည်။

သို့သော် အစွန်းရောက်သမားများက CLV ဒေသကိုအသုံးချကာ ပြည်သူများဇဝေဇဝါဖြစ်စေရန် အစိုးရကို ဆဲဆိုတိုက်ခိုက်ဖို့ နိုင်ငံရေးလက်နက်အဖြစ်အသုံးပြုခဲ့ကြသဖြင့် ယခုကဲ့သို့ နှုတ်ထွက်ရခြင်းလည်းဖြစ်ကြောင်းပြောကြားထားသည်။

ကမ္ဘောဒီးယားဘက်ကအတည်ပြုထုတ်ပြန်ကြေငြာပြီးနောက် ကမ္ဘောဒီးယားနိုင်ငံခြား‌ရေးဝန်ကြီးက လာအိုနှင့်ဗီယက်နမ်မှ သက်ဆိုင်သည့် နိုင်ငံခြားရေးဝန်ကြီးများထံ စာပေးပို့ဆက်သွယ်အကြောင်းကြားခဲ့သည်ဟုလည်းသိရသည်။

CLV ဖွံ့ဖြိုးတိုးတက်ရေးတြိဂံဒေသဆိုသည်မှာစီးပွားရေး၊အခြေခံအဆောက်အဦ၊ကျန်းမာရေးစောင့်ရှောက်မှု၊ပညာရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်ရည်ရွယ်လျက်တည်‌ထောင်ခဲ့ကြခြင်းဖြစ်သည်။

Source : ခမာတိုင်းမ်စ်


READ NEXT
Cancel OK