Top News

ဆွီဒင်နည်းပြ၏ လူထုတ်ပုံကို အီဘရာဟီမိုဗစ် ဝေဖန်ပြစ်တင်
24htopnews | September 17, 2024 2:12 AM CST

ဆွီဒင်လက်ရွေးစင်ဟောင်း ၀ါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ပြင်သစ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော Nations League ပွဲစဉ်မှ ဆွီဒင်လက်ရွေးစင်နည်းပြ အန်ဒါဆန်၏ လူထုတ်ပုံကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။ 

အန်ဒါဆန်သည် ယင်းပွဲတွင် ဂျူဗင်တပ်စ်ကစားသမားသစ် ကူလူဆက်ဗ်စကီးကို အရန်ကစားသမားအဖြစ်သာ အသုံးပြုခဲ့သည့်အတွက် အီဘရာဟီမိုဗစ်က ဆွီဒင်ဘောလုံးလောက၌ အရည်အချင်းမပြည့်မီသူများသာ နေရာရနေကြာင်း Twitter တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ 

ကူလူဆက်ဗ်စကီးကလည်း မိမိအနေဖြင့် လေ့ကျင့်ရေးအစီအစဉ်တွင် ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ပွဲထွက်ခွင့်ရမည်ဟု ထင်မှတ်ခဲ့ကြောင်း၊ အရန်ကစားသမားအဖြစ်သာ ပါဝင်ကစားခဲ့ရသည့်အတွက် အံ့အားသင့်မိကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။


READ NEXT
Cancel OK