Top News

အင်တာမိုင်ယာမီအတွက် ပြန်ကစားနိုင်ပြီဖြစ်သည့် မက်ဆီ မေဂျာလိဂ်တွင် စံချိန်သစ်တစ်ခု ပိုင်ဆိုင်ခဲ့
24htopnews | September 16, 2024 6:12 PM CST

အင်တာမိုင်ယာမီအသင်း၏ တိုက်စစ်မှူး မက်ဆီသည် ယခုတစ်ပတ် မေဂျာလိဂ်ပွဲစဉ်တွင် (၂)ဂိုးသွင်းယူကာ (၁)ဂိုးဖန်တီးနိုင်ခဲ့သည့်အတွက် မေဂျာလိဂ်ပြိုင်ပွဲ၏ စံချိန်သစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။

မက်ဆီသည် မေဂျာလိဂ်ပြိုင်ပွဲ၌ သွင်းဂိုး(၁၅)ဂိုးနှင့် ဂိုးဖန်တီးမှု(၁၅)ကြိမ်ကို ပွဲအရေအတွက်အနည်းဆုံးဖြင့် ပြည့်မြောက်သူအဖြစ် (၁၉)ပွဲဖြင့် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခင်က စံချိန်တင်ထားသူမှာ အီတလီကစားသမား ဂျီယိုဗင်ကိုဖြစ်ပြီး (၂၉)ပွဲကစားခဲ့ရခြင်းဖြစ်သည်။

မက်ဆီသည် ကိုပါအမေရိကပြိုင်ပွဲတွင် ရရှိခဲ့သော ခြေချင်းဝတ်ဒဏ်ရာကြောင့် အနားယူနေခဲ့ရသည့်အတွက် ယခုမှ အင်တာမိုင်ယာမီအသင်းအတွက် ပြန်ကစားပေးနိုင်ခြင်းဖြစ်သည်။

၎င်းသည် ပထမဆုံးပြန်ကစားသည့်ပွဲတွင်ပင် ခြေစွမ်းပြဂိုးများ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

အင်တာမိုင်ယာမီအသင်းသည် ဒုတိယနေရာမှ ပြိုင်ဘက်ကို (၁၀)မှတ်ဖြတ်ထားပြီး ပြိုင်ပွဲကို ဦးဆောင်လျက်ရှိသည်။


READ NEXT
Cancel OK