Top News

နေမာမှာ အစားမထိုးနိုင်သည့်ကစားသမားမဟုတ်ဟု ထိထီ မှတ်ချက်ပြု
24htopnews | September 15, 2024 5:12 PM CST

လက်ရှိ ဘရာဇီးလ်အသင်းလူစာရင်းတွင် နေမာမှာ လိုအပ်သည့်ကစားသမားဖြစ်သော်လည်း အစားမထိုးနိုင်မည့်သူမဟုတ်ဟု ဘရာဇီးလ်အသင်းနည်းပြ ထိထီက အံ့အားသင့်ဖွယ် မှတ်ချက်ပြုခဲ့သည်။

လက်ရှိ ဘရာဇီးလ်အသင်းလူစာရင်းတွင် နေမာမှာ လိုအပ်သည့်ကစားသမားဖြစ်သော်လည်း အစားမထိုးနိုင်မည့်သူမဟုတ်ဟု ဘရာဇီးလ်အသင်းနည်းပြ ထိထီက အံ့အားသင့်ဖွယ် မှတ်ချက်ပြုခဲ့သည်။

    

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ နေမာသည် ဘရာဇီးလ်အသင်းအတွက် နိုင်ငံတကာပွဲပေါင်း(၁၀၁)ပွဲအထိ ကစားပေးထားပြီး (၆၁)ဂိုး သွင်းယူကာ ပီလီနှင့် ရော်နယ်လ်ဒိုတို့၏နောက်တွင် တတိယအများဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။ 

PSG အသင်းကြယ်ပွင့်ကစားသမား နေမာသည် ဘရာဇီးလ်အသင်းနှင့်အတူ ၂၀၁၄ နှင့် ၂၀၁၈ ကမ္ဘာ့ဖလား (၂)ကြိမ်ကစားခဲ့ပြီး သူ၏တစ်ခုတည်းသော နိုင်ငံတကာအောင်မြင်မှုအဖြစ် ၂၀၁၃ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတွင် ချန်ပီယံဆုဖလား ဆွတ်ခူးခဲ့ခြင်းသာရှိသည်။ 

ပြီးခဲ့သည့်နှစ်နွေရာသီက  ဘရာဇီးလ်အသင်း ကိုပါအမေရိကပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော်လည်း ၎င်းမှာမူ ခြေချင်းဝတ်ဒဏ်ရာရရှိနေသဖြင့် ပြိုင်ပွဲနှင့် လွဲ ချော်ခဲ့ရသည်။

"နေမာဟာ ဘောလုံးပွဲတစ်ပွဲ မှာ မခန့်မှန်းနိုင်တာတွေကို သယ်ယူ လာတတ်သူတစ်ဦးပါ။ သူကစားတဲ့ အသင်းတစ်သင်းရဲ့ဖြစ်တည်နိုင်စွမ်းဟာ မတူညီပါဘူး။ ကျွန်တော်ပြောတဲ့ နေမာက အသင်းအတွက် စိတ်ပိုင်း ဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအပြည့်ရှိတဲ့ ကစားသမားတစ်ဦးပါ။ သူ့လိုကစား သမားတစ်ဦးက အသင်းအတွက်လို အပ်ပေမယ့် အစားမထိုးနိုင်သူမဟုတ်ပါဘူး"ဟု ထိထီက ပြောကြားခဲ့သည်။

 


READ NEXT
Cancel OK