Top News

အီတီဟတ်ဒ်မှာ တစ်မှတ်စီခွဲယူခဲ့တဲ့ မန်စီးတီးနဲ့ လီဗာပူးလ်
24htopnews | September 14, 2024 10:13 PM CST

ပထမပိုင်းက တကယ့် Entertaining match ဖြစ်ခဲ့တယ်။ လီဗာပူးလ်က ပိုကောင်းပြီး၊ မန်စီးတီး ကစားကွက်တည်ဖို့ ခက်တယ်။ ဒါပေ မဲ့ မန်စီးတီးက ပွဲကို တဖြည်းဖြည်း ပြန်စိုးမိုးလာ တယ်။ အခွင့်အရေးတွေ ကိုယ်စီရတယ်။ ပထမ ပိုင်းမှာပဲ (၁-၁)ဂိုးစီသရေဖြစ်နေခဲ့တယ်။ ပထ မပိုင်းမှာပဲ မန်စီးတီး ဦးဆောင်ဂိုးရမဲ့အခွင့်အ ရေးရတယ်။ 

ဒီဘရိုင်းနားရဲ့ shot quality က ညံ့ပါတယ်။ ဂိုးသမားနဲ့ ဆန့်ကျင်ဘက်ကို ကန် နိုင်ပေမဲ့ ဘေးထွက်သွားတယ်။ မန်စီးတီး ဦး ဆောင်ဂိုးမရဘဲ ပထမပိုင်းပြီးသွားတယ်။ ဒုတိ ယပိုင်းမှာတော့ ပွဲက ပထမပိုင်းလောက် အားရ စရာမရှိတော့ဘူး။ အခွင့်အရေးတွေ အများကြီး မရတော့ဘူး။ တစ်သင်းနဲ့ တစ်သင်းထိန်းချုပ်နိုင် ခဲ့တာကိုတွေ့ရတယ်။ ဒီပွဲမှာ မြင်ရတဲ့ ပုံစံတင် မဟုတ်ဘဲ နောက်ဆုံး (၃၊ ၄) ပွဲလောက်ကို ပြန် ကြည့်ရင် စတာလင်ရဲ့ ဘယ်တောင်ပံတိုက်စစ် ကစားပုံက တော်တော်လေး ခန့်မှန်းရလွယ်ကူ လာတာတွေ့ရတယ်။ အာနိုးလ်ကို ကျော်ဖို့ ခက် ခဲခဲ့သလို၊ မာတစ်နဲ့တစ်ဦးချင်းတိုက်ပွဲတွေမှာ လည်း သူ သိပ်အလုပ်မဖြစ်ခဲ့ဘူး။ 

စတာလင်က မာဆေးလ်နဲ့ ကစားခဲ့တဲ့ ပွဲတုန်းက ညာတောင် ပံ ထွက်ကစားခဲ့တယ်။ စတာလင်ရဲ့အကောင်း ဆုံးပုံစံကို ပြန်မြင်ခဲ့ရတယ်။ ဂွါဒီယိုလာအနေနဲ့ စတာလင်ကို ဘယ်တောင်ပံမှာ ဆက်သုံးဖို့ကို စဉ်းစားသင့်ပြီလို့ပဲ ပြောရမယ်။ နောက်တစ်ချက် က မန်စီးတီးကွင်းလယ်မှာ ဂွန်ဒိုဂန်-ရိုဒရီတို့က  အရမ်းနှေးကွေးလွန်းတာပဲ။ ဒုတိယပိုင်းမှာ ဂွါ ဒီယိုလာက ဂွန်ဒိုဂန်ကို ထုတ်၊ ဒီ ဘရိုင်းနားကို Deep ဇုန် ပြန်ဆွဲချပြီး ဖိုဒန်ကို စောစောစီးစီး ထည့်မယ်လို့ ထင်ခဲ့ပေမဲ့ လုံးဝအသုံးမပြုခဲ့တာ လည်း အံ့သြစရာဖြစ်ခဲ့တယ်။ ဒီဘရိုင်းနားက တော့ Space ရတဲ့အချိန်မှာ အမြဲတမ်းကောင်း သလို၊ ဒီပွဲမှာလည်း တာဝန်ကျေပါတယ်။ ပယ် နယ်တီလွဲခဲ့တာကလွဲရင် သူကစားတာ အမှား မရှိဘူး။ အဖွင့်ဂိုးကိုလည်း ဖန်တီးပေးခဲ့တယ်။ 

ဒါပေမဲ့ Final Third Zone ထဲမှာ သူ ညပ်နေ တာမျိုးကို မကြာခဏတွေ့ခဲ့ရပြီး ဒီအခြေအ နေတွေမှာ ပုံမှန်မြင်နေကျ ရုန်းအားနဲ့ ပေါက်ကွဲ မှုကိုလည်း မမြင်ခဲ့ရဘူး။ လီဗာပူးလ်ကတော့ ဗန်ဒိုက်၊ သီယာဂို၊ ဖာဘင်ညိုတို့ မကစားနိုင်တဲ့ အချိန် မန်စီးတီးကွင်းမှာ သရေတစ်မှတ်ရခဲ့တာ က ကျေနပ်စရာပါ။ 

အံ့သြစရာ ကောင်းတာက ဒီပွဲမှာ နည်းဗျူဟာပိုင်း စွန့်စားမှုအနေနဲ့ အသင်း ရဲ့အဓိက တိုက်စစ်ကစားသမား (၄)ဦး စလုံးကို တစ်ပြိုင်နက်တည်း ထုတ်သုံးခဲ့ခြင်းဖြစ်တယ်။ ကြယ်ပွင့်တွေကို စုပြုံထည့်သုံးခြင်းက ပုံမှန်အား ဖြင့် အသင်းရဲ့ Balance ကို ပျက်စေပေမဲ့ ဒီပွဲမှာ လီဗာပူးလ် တိုက်စစ်ကစားသမားတွေ အားလုံး က ဟန်ချက်ညီအောင် ကစားသွားခဲ့ကြတာကို တွေ့ရတယ်။ 

လီဗာပူးလ်ရဲ့ ပြဿနာက ဒုတိယ ပိုင်း၊ နည်းဗျူဟာအပြောင်းအလဲ၊ လူအပြောင်း အလဲလုပ်ချိန်မှာ ပွဲအဖြေကိုပြောင်းနိုင်လောက် တဲ့၊ ပွဲ Tempo ကို ပြောင်းနိုင်လောက်တဲ့ ဝှက်ဖဲ မကျန်တော့ခြင်းဖြစ်တယ်။ အဓိက နောက်ခံလူ အာနိုးလ်လည်း ဒဏ်ရရသွားတဲ့အတွက် လီဗာ ပူးလ် ကစားပုံကျသွားခဲ့တယ်။ အဖွင့်ဂိုးကို ပယ် နယ်တီကနေ မိုဆာလာက (၁၃) မိနစ်မှာ သွင်း ခဲ့ပြီး မန်စီးတီးအတွက် ဂျေးဇူးက (၃၁)မိနစ်မှာ ပြန်ချေပခဲ့ပါတယ်။ 


READ NEXT
Cancel OK