Top News

ဘာစီလိုနာတိုက်စစ်မှှူးဟောင်း အီတူး ကင်မရွန်းနိုင်ငံတွင် ပြင်းထန်သည့်ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့
24htopnews | September 14, 2024 10:12 PM CST

ဘာစီလိုနာအသင်း၏တိုက်စစ်မှူးဟောင်းဖြစ်သူ အီတူးသည် ၎င်း၏နိုင်ငံ ကင်မရွန်းတွင် ပြင်းထန်သည့် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။ 

အသက် (၃၉) နှစ်အရွယ်ရှိ ကင်မရွန်းလက်ရွေးစင်တိုက်စစ်မှူးဟောင်း အီတူးသည် ကင်းမရွန်းနိုင်ငံ နာကွန်ဂါဆမ်ဘာမြိို့တွင် ဖြစ်ပွားခဲ့သော ပြင်းထန်သည့်ယာဉ်တိုက်မှု၌ ပါဝင်ခဲ့ကြောင်းနှင့် ဒဏ်ရာတစ်စုံ တစ်ရာမရှိခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

အီတူး၏ ပြောပြချက်အရ ၎င်းအနေဖြင့် မင်္ဂလာပွဲတစ်ခုမှပြန်အလာ တနင်္ဂနွေနေ့ (နိုဝင် ဘာ ၈ ရက်)နံနက်ခင်းတွင် အများသုံး ဘတ်စ်ကားနှင့် ၎င်း၏ကား တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

မျက်မြင်တွေ့ရှိသူတချို့၏ ပြောပြချက်အရ အီတူးအနေဖြင့် ထိခိုက်မှုတစ်စုံတစ် ရာမရှိဘဲ သက်ဆိုင်ရာဆရာဝန်များက ဂရုစိုက်ကုသမှုပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ယခုယာဉ်မတော်တဆမှုတွင် အီတူးအနေဖြင့် ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့သော်လည်း ၎င်း၏ကားမှာမူ ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့ကြောင်း သိရသည်။ 

အီတူးသည် ကစားသမားဘဝတွင် ဘာစီလိုနာအသင်းနှင့်အတူ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သလို၊ အင်တာမီလန်၊ ချယ်လ်ဆီးအစရှိသည့် ဥရောပထိပ်တန်းကလပ်အသင်းများတွင်လည်း ကစားခဲ့သူဖြစ်သည်။


READ NEXT
Cancel OK