Top News

မလေးရှားအစိုးရ၏ ခွင့်ပြုချက်မရသဖြင့် ဂျိုဟိုးဒါရူးလ်အသင်း အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှနုတ်ထွက်ခဲ့ရ
24htopnews | September 14, 2024 8:13 PM CST

မလေးရှားစူပါလိဂ်ကလပ် ဂျိုဟိုးဒါရူးလ် အသင်းသည် အစိုးရ၏ ခွင့်ပြုချက်မရသဖြင့် အာရှချန်ပီယံလိဂ်ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင် ခွင့်မရဘဲ နုတ်ထွက်ခဲ့ရကြောင်း သိရသည်။

ဂျိုဟိုးဒါရူးလ်အသင်းသည် ၂၀၂၀ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စု (G) တွင် ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘီ၊ တရုတ်ကလပ်  ကွမ်ကျိုးအဲဗားဂရန်း၊ တောင်ကိုရီးယားကလပ် ဆူဝန်ဆမ်ဆောင်းဘလူးဝင်းအသင်းတို့နှင့် အတူ ကျရောက်နေသည်။ ဂျိုဟိုးဒါရူးလ် အသင်းသည် COVID-19 ကပ်ရောဂါ မဖြစ်ပွားမီ အုပ်စုပွဲစဉ်နှစ်ပွဲသာ ယှဉ်ပြိုင် ကစားထားပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ် (၃)မှတ်ဖြင့် အုပ်စုဒုတိယနေရာ ရပ်တည်လျက်ရှိသည်။ 

အရှေ့အာရှဇုန်အသင်းများပါဝင်သည့် အုပ်စု (E)၊ (F)၊ (G)၊ (H) ၏ လက်ကျန်ပွဲ များနှင့် ရှုံးထွက်ပွဲစဉ်များကို နိုဝင်ဘာ ၁၈ ရက်မှစ၍ ကာတာနိုင်ငံ၌ ကျင်းပမည်ဖြစ် သော်လည်း မလေးရှားအစိုးရက ဂျိုဟိုးဒါ ရူးလ်အသင်းအား နိုင်ငံအတွင်းမှ ထွက်ခွာ  မပေးသဖြင့် နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ် (AFC) ကလည်း ဂျိုဟိုးဒါရူးလ်အသင်း နုတ်ထွက်ကြောင်း သောကြာနေ့တွင် အတည်ပြုကြေညာခဲ့ပြီး အုပ်စု (G) တွင် (၃)သင်းသာကျန်ရှိတော့ ကြောင်း ထုတ်ပြန်ထားသည်။

အရှေ့အာရှဇုန်မှ ဗိုလ်လုပွဲတက် ရောက်နိုင်သည့်အသင်းမှာ အနောက်အာရှ ဇုန်မှ ဗိုလ်လုပွဲတက်ရောက်ထားသည့် အီ ရန်ကလပ် ပါဆီပိုလစ်အသင်းနှင့် ဒီဇင်ဘာ (၁၉) ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။


READ NEXT
Cancel OK