Top News

KNU အုပ်ချုပ်နယ်မြေအတွင်းရှိ မြို့နယ်(၃)ခုမှ ကျေးရွာ(၃၀၀)ခန့်အတွင်း ရေဝင်ရောက်မှုကြောင့် လူဦးရေ(၁)သိန်းခွဲကျော်ရေဘေးသင့်နေ
24htopnews | September 22, 2024 3:12 PM CST

KNU ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေအတွင်းရှိ မြို့နယ်(၃)ခုမှ ကျေးရွာ(၃၀၀) ခန့်အတွင်းရေဝင်ရောက်မှုကြောင့် လူဦးရေ(၁) သိန်းခွဲကျော်ရေဘေးသင့်နေသည်ဟု KNU-ဗဟိုမှ ယနေ့ စက်တင်ဘာ ၂၂ ရက်ကထုတ်ပြန်ခဲ့သည်။

KNU အုပ်ချုပ်နယ်မြေအတွင်း စက်တင်ဘာ ၁၀ ရက်မှစတင်၍ လက်ရှိအချိန်အထိ မိုးသည်းထန်စွာရွာသွန်းလျက်ရှိ၍ လယ်ဒို၊ မူးနှင့် ဆောထိမြို့နယ်တို့အတွင်းရှိ ကျေးရွာပေါင်း(၂၈၉)ရွာမှ အိမ်ထောင်စု(၃၂၂၄၆)စုရှိ ဒေသခံလူဦးရေ (၁၆၈၄၂၇)ဦးမှာ ရေဘေးအန္တရာယ်နှင့်ကြုံတွေ့နေရကြောင်း သိရသည်။

ထိုသို့ ကြုံတွေ့နေရသဖြင့် ရေဘေးသင့်ဒေသခံများမှာ နေထိုင်မှုနှင့် စားဝတ်နေရေးအခက်အခဲများဖြစ်ပေါ်နေ၍ ကရင်အရေးပေါ်ကူညီကယ် ဆယ်ရေးကော်မတီနှင့်အဖွဲ့ဝင်များက ရေဘေးသင့်သူများအား အမြင့်ပိုင်းနေရာများသို့ပို့ ဆောင်ခြင်း၊အရေးပေါ်အကူအညီများထောက်ပံပေးခြင်းများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီမှ ကူညီထောက်ပံ့မှုများပြုလုပ်လျက်ရှိသော်လည်း လုံလောက်မှုမရှိသဖြင့် အရေးပေါ်အကူ အညီများ၊ ဆေးဝါးများလိုအပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ခင်းများပျက်စီးမှုဖြစ်ပေါ်ခြင်း၊ ကျန်ရှိသည့် စပါးစိုက်ခင်းများတွင် ပိုးကျခြင်းများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း KNU-ဗဟို၏ထုတ်ပြန်ချက်အရ သိရသည်။

Photo – KNU-ဗဟို


READ NEXT
Cancel OK